အောင်ဘာလေထီ အမြင့်ဆုံးဆုကြီးကို ကျပ်သိန်း ၅၀၀၀ သာပေးတော့မည်ဟု ပြောင်းလဲသတ်မှတ်

အောင်ဘာလေထီ အမြင့်ဆုံးဆုကြီးကို ကျပ်သိန်း ၅၀၀၀ သာပေးတော့မည်ဟု ပြောင်းလဲသတ်မှတ်

မေလ ၁ ရက်နေ့ အောင်ဘာလေထီဖွင့်ပွဲမှာ အမြင့်ဆုံးထီဆုငွေအဖြစ် ကျပ်သိန်း ၅၀၀၀ သာ ပေးနိုင်တော့မယ်လို့ အောင်ဘာလေသိန်းဆုဌာနခွဲရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

စစ်ကောင်စီ အာဏာသိမ်းထားတဲ့ကာလ ၃ လလောက်အတွင်း အများပြည်သူ တွေ ထီမထိုးတာများတာကြောင့် အာဏာသိမ်းကာလအတွင်း ၂ ကြိမ်တိုင် ထီမထွက်ခဲ့တဲ့အပြင် ဒီလထီပြန်ထွက်ဖို့ စီစဉ်ရာမှာလည်း အမြင့်ဆုံးဆုကြေးကိုလည်းလျှော့ချသတ်မှတ်လိုက်တာပါ။

အရင်က အမြင့်ဆုံးဆု ကျပ်သိန်း ၁၅၀၀၀ ပေးရာကနေ မနက်ဖန် မေလ ၁ရက်နေ့ထွက်မယ့် ၂၆ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် အထူးဆုကြီးစနစ်မှာ ကျပ်သိန်း၅၀၀၀ တစ်ဆုနဲ့ ကျပ်သိန်း ၁၀၀၀ တစ်ဆုတို့သာ ပါဝင်တာ ဖြစ်ပါတယ်။

တရားမဝင်အာဏာသိမ်းစစ်အုပ်စုလက်ထဲ ဘဏ္ဍာငွေတွေမရောက်ရှိအောင် ပြည်သူတွေက တညီတညွတ်တည်း ဆန့်ကျင်တော်လှန်တဲ့အနေနဲ့ ထီထိုးသူတွေမရှိသလောက်နည်းပါးနေတာပါ။

ထီလက်မှတ်ရောင်းရငွေနည်းနေတဲ့အတွက် ထီရောင်းရငွေရဲ့ ၆၀ ရာခိုင်နှုန်းကို ဆုငွေအဖြစ်ထုတ်ပေးနေတဲ့ အောင်ဘာလေထီဆုကြေးငွေပမာဏဟာလည်း လျှော့နည်းသွားတာ ဖြစ်ပါတယ်။

Zawgyi







Leave a Reply

Your email address will not be published. Required fields are marked *