ပြည်သူမှာပြည်သူတွေပဲ ရှိတယ်ဆိုတာသက်သေပြပြီး အားလုံးနဲ့အတူပါဝင်နေဦးမယ့်အကြောင်း ပြောလာတဲ့ နွယ်ဒါလီထွန်း

ပြည်သူမှာပြည်သူတွေပဲ ရှိတယ်ဆိုတာသက်သေပြပြီး အားလုံးနဲ့အတူပါဝင်နေဦးမယ့်အကြောင်း ပြောလာတဲ့ နွယ်ဒါလီထွန်း

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့အတူ ပရိသတ်အခိုင်အမာရရှိထားကာ ဇာတ်ကားတွေလည်းများစွာရိုက်ကူးထားတဲ့ အနုပညာရှင်တွေထဲမှာ သရုပ်ဆောင်မင်းသမီးချော နွယ်ဒါလီထွန်းကလည်း အပါအဝင်ပါပဲ..။နွယ်ဒါလီထွန်းကတော့ လက်ရှိအခြေအနေတွေမှာ ပြည်သူတွေနဲ့အတူ ရပ်တည်နေပြီး တော်လှန်ရေးတိုက်ပွဲကြီးမှာ လမ်းပေါ်ထွက်လှုပ်ရှားမှုတွေကိုလည်း အင်တိုက်အားတိုက်ပြုလုပ်ပြီး အားလုံးနဲ့အတူ ပါဝင်နေသူပဲ ဖြစ်ပါတယ်..။

လူထုလှုပ်ရှားမှုတွေကို တက်ကြွစွာပြုလုပ်တေဲ့ နွယ်ဒါလီထွန်းကတော့ ၅၀၅ က ဖြင့် အမှုဖွင့်အရေးယူခြင်းခံထားရတဲ့ အနုပညာရှင်တွေမှာ ပါဝင်လာပြီး လတ်တလောမှာလည်း တတ်နိုင်သလောက် အားဖြည့်ပါဝင်နေတာလည်း တွေ့ရပါတယ်..။နွယ်ဒါလီထွန်းကတော့ အခက်အခဲတွေရှိနေတဲ့ ကြားက ပြည်သူတွေမှာပြည်သူတွေပဲရှိတယ်ဆိုတာကို သက်သေပြကြတဲ့ ပြည်သူတွေကို ကျေးဇူးတင်စကားတွေဆိုကာ သူမကိုယ်တိုင်ကလည်း အားလုံးနဲ့အတူ ပါဝင်နေဦးမယ့်အကြောင်းတွေကို ပြောပြလာပါတယ်..

“ငါတို့မှာငါတို့ပဲရှိတယ်ဆိုတာကို သက်သေပြပေးကြတယ် ကျေးဇူးတင်စရာကောင်းလိုက်တာငါတို့ထဲက ငါတစ်ယောက်အနေနဲ့ ပါဝင်နေအုံးမှာပါအရေးတော်ပုံအောင်ရမည်blackshirtstrike coming ..”ဆိုပြီး ဖေ့စ်ဘွတ်စာမျက်နှာကနေ ရေးသားပြောပြထားတာပါ..။သူမရဲ့ပို့စ်အောက်မှာတော့ ပရိသတ်တွေအားလုံးကလည်း စည်းစည်းလုံးလုံးနဲ့ အတူကြိုးစားကြမယ့်အကြောင်းတွေကိုလည်း Comment တွေမှာ ရေးသားထားကြတာလည်း တွေ့ရပါတယ်..။

Zawgyi





Leave a Reply

Your email address will not be published. Required fields are marked *