တော်လှန်ရေး ဒုတိယလှိုင်းကနေစပြီး အာဏာရှင်ကို အ မြစ်ဖြတ်တော်လှန်ဖို့တိုက်တွန်းလာတဲ့ ဟန်လင်း

တော်လှန်ရေး ဒုတိယလှိုင်းကနေစပြီး အာဏာရှင်ကို အ မြစ်ဖြတ်တော်လှန်ဖို့ ရဲစွမ်းသတ္တိနဲ့ခွန်အားအပြည့်ရှိ တာကို ပြသကြဖို့ တိုက်တွန်းလာတဲ့ ဟန်လင်း

တက်သစ်စ မော်ဒယ်တစ်ယောက်အဖြစ် အနုပညာလမ်းကြောင်းမှာ လျှောက်လှမ်းနေပြီး ပရိသတ်တွေရဲ့ အားပေးမှုတွေ ဖြည်းဖြည်းချင်း ရရှိလာသူကတော့ ဟန်လင်းပဲ ဖြစ်ပါတယ်။ သူကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ ပူးပေါင်းပါဝင်ခဲ့သူ ဖြစ်ပါတယ်။ နေ့စဉ်ရက်ဆက် ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တာကြောင့် ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုခံထားရတာပါ။

အခုလက်ရှိမှာတော့ Gen-Z Burma အဖွဲ့ဝင်တစ်ချို့နဲ့ ထိုင်းနိုင်ငံနယ်စပ်ကို ရောက်ရှိနေကြတာ ဖြစ်ပါတယ်။ ရောက်ရှိတဲ့နေရာကနေ တော် လှန်ရေးအတွက် ကိုယ်စွမ်းရှိသလောက် ပါဝင်ပေးနေတဲ့ ဟန်လင်းကိုတော့ ပရိသတ်တွေက လေးစားနေကြတာ ဖြစ်ပါတယ်။

မကြာသေးခင် ရက်ပိုင်းလောက်ကလည်း ဟန်လင်းရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ပြည်သူတွေအနေနဲ့ နွေဦးတော်လှန်ရေး ဒုတိယ လှိုင်း ကနေ စတင်ပြီး ရဲရင့်သတ္တိနဲ့ခွန်အားအပြည့်ရှိတာကို ပြသဖို့လိုကြောင်း တိုက်တွန်းနှိုးဆော်လိုက်တာ ဖြစ်ပါတယ်။

သူကလည်း ” နွေဦးတော်လှန်ရေး ဒုတိယလှိုင်း

အာဏာရှင်စနစ်ကိုမြန်မာ့မြေပေါ်ကနေ

အပြီးအပိုင် အမြစ်ဖြုတ်တွန်းလှန်ခဲ့တဲ့နောက်ဆုံးမျိုးဆက်ဟာ

ကျွန်တော်တို့မျိုးဆက်ပဲဖြစ်ရမယ်

ဒါ့ကြောင့် မနက်ဖြန် မေလ ၁ ရက်နေ့ကစပြီး

အင်အားကြီးလာမည့်

နွေဦးတော်လှန်ရေး ဒုတိယလှိုင်းကနေ

ခွန်အားအပြည့် သတိရှိစွာနဲ့ သတ္တိရှိရှိရဲရင့်ကြောင်းကို

ပြသဖို့ တိုက်တွန်းနှိုးဆော်ပါတယ်ခင်ဗျား

“အရေးတော်ပုံအောင်ရမည်” 💪🏻” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ အနုပညာရှင်များကလည်း လူထုလှုပ်ရှားမှုများနဲ့ ပတ်သက်ပြီး သူ တို့ ရဲ့ လူမှုကွန်ယက်များတွင် Speak Out လုပ်ပေးနေကြတာ ပြည်သူတွေအနေနဲ့အားတက်စရာပါပဲ။လမ်းပေါ်ထွက်ကာ ဆန္ဒထုတ်ဖော် ကြတဲ့ အခါမှာလည်း သတိရှိစွာဖြင့် သွားလာကြဖို့လည်းသတိပေးလိုက်ပါရစေနော်။

Zawgyi

ေတာ္လွန္ေရး ဒုတိယလႈိင္းကေနစၿပီး အာဏာရွင္ကို အ ျမစ္ျဖတ္ေတာ္လွန္ဖို႔ ရဲစြမ္းသတၱိနဲ႔ခြန္အားအျပည့္ရွိ တာကို ျပသၾကဖို႔ တိုက္တြန္းလာတဲ့ ဟန္လင္း

တက္သစ္စ ေမာ္ဒယ္တစ္ေယာက္အျဖစ္ အႏုပညာလမ္းေၾကာင္းမွာ ေလွ်ာက္လွမ္းေနၿပီး ပရိသတ္ေတြရဲ႕ အားေပးမႈေတြ ျဖည္းျဖည္းခ်င္း ရရွိလာသူကေတာ့ ဟန္လင္းပဲ ျဖစ္ပါတယ္။ သူကေတာ့ လက္ရွိျဖစ္ေပၚေနတဲ့ လူထုလႈပ္ရွားမႈေတြမွာ ျပည္သူေတြနဲ႔အတူ ပူးေပါင္းပါဝင္ခဲ့သူ ျဖစ္ပါတယ္။ ေန႔စဥ္ရက္ဆက္ ဆႏၵျပပြဲေတြမွာ ပါဝင္ခဲ့တာေၾကာင့္ ပုဒ္မ ၅၀၅(က) ျဖင့္ တရားစြဲဆိုခံထားရတာပါ။

အခုလက္ရွိမွာေတာ့ Gen-Z Burma အဖြဲ႕ဝင္တစ္ခ်ိဳ႕နဲ႔ ထိုင္းႏိုင္ငံနယ္စပ္ကို ေရာက္ရွိေနၾကတာ ျဖစ္ပါတယ္။ ေရာက္ရွိတဲ့ေနရာကေန ေတာ္ လွန္ေရးအတြက္ ကိုယ္စြမ္းရွိသေလာက္ ပါဝင္ေပးေနတဲ့ ဟန္လင္းကိုေတာ့ ပရိသတ္ေတြက ေလးစားေနၾကတာ ျဖစ္ပါတယ္။

မၾကာေသးခင္ ရက္ပိုင္းေလာက္ကလည္း ဟန္လင္းရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာတြင္ ျပည္သူေတြအေနနဲ႔ ေႏြဦးေတာ္လွန္ေရး ဒုတိယ လႈိင္း ကေန စတင္ၿပီး ရဲရင့္သတၱိနဲ႔ခြန္အားအျပည့္ရွိတာကို ျပသဖို႔လိုေၾကာင္း တိုက္တြန္းႏႈိးေဆာ္လိုက္တာ ျဖစ္ပါတယ္။

သူကလည္း ” ေႏြဦးေတာ္လွန္ေရး ဒုတိယလႈိင္း

အာဏာရွင္စနစ္ကိုျမန္မာ့ေျမေပၚကေန

အၿပီးအပိုင္ အျမစ္ျဖဳတ္တြန္းလွန္ခဲ့တဲ့ေနာက္ဆုံးမ်ိဳးဆက္ဟာ

ကြၽန္ေတာ္တို႔မ်ိဳးဆက္ပဲျဖစ္ရမယ္

ဒါ့ေၾကာင့္ မနက္ျဖန္ ေမလ ၁ ရက္ေန႔ကစၿပီး

အင္အားႀကီးလာမည့္

ေႏြဦးေတာ္လွန္ေရး ဒုတိယလႈိင္းကေန

ခြန္အားအျပည့္ သတိရွိစြာနဲ႔ သတၱိရွိရွိရဲရင့္ေၾကာင္းကို

ျပသဖို႔ တိုက္တြန္းႏႈိးေဆာ္ပါတယ္ခင္ဗ်ား

“အေရးေတာ္ပုံေအာင္ရမည္” 💪🏻” ဆိုၿပီး ေရးသားထားတာ ျဖစ္ပါတယ္။ အႏုပညာရွင္မ်ားကလည္း လူထုလႈပ္ရွားမႈမ်ားနဲ႔ ပတ္သက္ၿပီး သူ တို႔ ရဲ႕ လူမႈကြန္ယက္မ်ားတြင္ Speak Out လုပ္ေပးေနၾကတာ ျပည္သူေတြအေနနဲ႔အားတက္စရာပါပဲ။လမ္းေပၚထြက္ကာ ဆႏၵထုတ္ေဖာ္ ၾကတဲ့ အခါမွာလည္း သတိရွိစြာျဖင့္ သြားလာၾကဖို႔လည္းသတိေပးလိုက္ပါရေစေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *