ချိုင်းချွေးနံကို ပျောက်ကင်းစေတဲ့ မီးဖိုချောင်သုံးပစ္စည်းများ
လူတစ်ယောက်မှာ အနံ့ထွက်လာပြီဆိုရင် အနံ့အရင်ဆုံးထွက်တာက ချိုင်းကြားကနေ စတာပဲဖြစ်ပါတယ်။
ချိုင်းကြားမှထွက်တဲ့ ချွေးနံ့ကြောင့် လူအများရဲ့ ရှောင်ဖယ်ခြင်း၊ ပေါင်းသင်းဆက်ဆံရေးနဲ့ လုပ်ငန်းခွင်မှာ
အတော်လေးကို စိတ်အနှောက်အယှက်ဖြစ်ရပါတယ်။ ဒါကြောင့် ချိုင်းချွေးနံထွက်ခြင်းကိုသက်သာစေမယ့် အချက်လေးတွေကို ပြောပြလိုက်ပါတယ်နော်။ တစ်ခုသတိထားရမှာက ဇွဲရှိရှိနဲ့လုပ်ပေးဖို့တော့ လိုအပ်ပါတယ်နော်။
၁။ ပန်းသီးရှာလကာရည်
ပန်းသီးရှာလကာရည်က ပိုးမွှားတွေကို သေစေနိုင်သလို အနံ့အသက်တွေကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။
ပန်းသီးရှာလကာရည်ကို ရေနဲ့ သင့်သလိုရောစပ်ပြီး ချိုင်းကြားတွေကိုဆေးကြောသန့်စင်ပေးပါ။ နေ့စဉ်ရေချိုးပေးဖို့
လည်းလိုအပ်ပါတယ်။ အဝတ်အစားတွေကိုလည်း သူများနဲ့ရောပြီးမဝတ်သင့်ပါဘူး။
၂။ မုန့်ဖုတ်ဆိုဒါနဲ့ သံပုရာရည်
မုန့်ဖုန်ဆိုဒါကအနံ့အသက်တွေကိုလည်း ကင်းဝေးစေတဲ့အပြင် အညိုအမဲစွဲခြင်းတွေကိုလည်း ပျောက်ကင်းစေ
နိုင်ပါတယ်။ ဒါကြောင့် မုန့်ဖုတ်ဆိုဒါနဲ့ သံပုရာရည်ကိုရောမွှေပြီးတော့ ချိုင်းကြားကို ပွတ်လိမ်းပေးလိုက်မယ်
ဆိုရင် အညိုအမဲတွေကိုလည်း သက်သာစေနိုင်သလို ရက်သတ္တပတ်လောက် ဆက်တိုက်လုပ်ပေးပါက အနံ့အသက်တွေကိုလည်း သက်သာစေနိုင်ပါတယ်။
၃။ သံပုရာသီး (သို့) သံပယိုသီး
သံပုရာသီးမှာ အက်ဆစ်ဓာတ်ပါတာကြောင့် အနံ့အသက်တွေကို ပျောက်ကင်းစေနိုင်ပြီး ဘက်တီးရီးယားတွေကို
လည်း သေစေနိုင်ပါတယ်။ ဒါကြောင့် သံပရာသီး (သို့) သံပယိုသီးကို စိတ်ပြိး ချိုင်းကြားနှစ်ဖက်ကို ပွတ်လိမ်းပါ။
ပြီးနောက် ၁၅ မိနစ်လောက်ထားပြီး ရေဆေးချလိုက်ပါ
၄။ အာလူး
အာလူးက ချွေးနံ့တွေကိုပျောက်ကင်းအောင် ကူညီပေးနိုင်ပြီး အသားအရေကိုချောမွေ့စေပြီး ဘက်တီးရီးယား
တွေကိုလည်း သေစေနိုင်ပါတယ်။ အာလူးကိုခပ်ပါးပါးလေးလှီးပြီး ချိုင်းကြားမှာ ပွတ်တိုက်ပေးပါ။ ၁၅ မိနစ်အကြာ
မှာ ရေဆေးချလိုက်ပါက ချိုင်းချွေးနံ့သာမက တစ်ကိုယ်လုံးကို ချွေးနံ့တွေကိုပါ လျော့ပါးစေပါတယ်။
၅။ ကျောက်ချဉ်
ကျောက်ချဉ်ကိုသွေးပြီး ချိုင်းမှာလိမ်းပေးမယ်ပါ။ ကျောက်ချဉ်က အနံ့အသက်တွေကိုပျောက်ကင်းစေနိုင်ပါတယ်။
ဒါပေမဲ့ ကျောက်ချဉ်ကို sensitive အသားအရေသမားတွေအလွန်အကျွံအသုံးမပြုသင့်ပါဘူး။
Zawgyi
ခ်ိဳင္းေခြၽးနံကို ေပ်ာက္ကင္းေစတဲ့ မီးဖိုေခ်ာင္သုံးပစၥည္းမ်ား
လူတစ္ေယာက္မွာ အနံ႔ထြက္လာၿပီဆိုရင္ အနံ႔အရင္ဆုံးထြက္တာက ခ်ိဳင္းၾကားကေန စတာပဲျဖစ္ပါတယ္။
ခ်ိဳင္းၾကားမွထြက္တဲ့ ေခြၽးနံ႔ေၾကာင့္ လူအမ်ားရဲ႕ ေရွာင္ဖယ္ျခင္း၊ ေပါင္းသင္းဆက္ဆံေရးနဲ႔ လုပ္ငန္းခြင္မွာ
အေတာ္ေလးကို စိတ္အေႏွာက္အယွက္ျဖစ္ရပါတယ္။ ဒါေၾကာင့္ ခ်ိဳင္းေခြၽးနံထြက္ျခင္းကိုသက္သာေစမယ့္ အခ်က္ေလးေတြကို ေျပာျပလိုက္ပါတယ္ေနာ္။ တစ္ခုသတိထားရမွာက ဇြဲရွိရွိနဲ႔လုပ္ေပးဖို႔ေတာ့ လိုအပ္ပါတယ္ေနာ္။
၁။ ပန္းသီးရွာလကာရည္
ပန္းသီးရွာလကာရည္က ပိုးမႊားေတြကို ေသေစႏိုင္သလို အနံ႔အသက္ေတြကိုလည္း ေပ်ာက္ကင္းေစႏိုင္ပါတယ္။
ပန္းသီးရွာလကာရည္ကို ေရနဲ႔ သင့္သလိုေရာစပ္ၿပီး ခ်ိဳင္းၾကားေတြကိုေဆးေၾကာသန႔္စင္ေပးပါ။ ေန႔စဥ္ေရခ်ိဳးေပးဖို႔
လည္းလိုအပ္ပါတယ္။ အဝတ္အစားေတြကိုလည္း သူမ်ားနဲ႔ေရာၿပီးမဝတ္သင့္ပါဘူး။
၂။ မုန႔္ဖုတ္ဆိုဒါနဲ႔ သံပုရာရည္
မုန႔္ဖုန္ဆိုဒါကအနံ႔အသက္ေတြကိုလည္း ကင္းေဝးေစတဲ့အျပင္ အညိဳအမဲစြဲျခင္းေတြကိုလည္း ေပ်ာက္ကင္းေစ
ႏိုင္ပါတယ္။ ဒါေၾကာင့္ မုန႔္ဖုတ္ဆိုဒါနဲ႔ သံပုရာရည္ကိုေရာေမႊၿပီးေတာ့ ခ်ိဳင္းၾကားကို ပြတ္လိမ္းေပးလိုက္မယ္
ဆိုရင္ အညိဳအမဲေတြကိုလည္း သက္သာေစႏိုင္သလို ရက္သတၱပတ္ေလာက္ ဆက္တိုက္လုပ္ေပးပါက အနံ႔အသက္ေတြကိုလည္း သက္သာေစႏိုင္ပါတယ္။
၃။ သံပုရာသီး (သို႔) သံပယိုသီး
သံပုရာသီးမွာ အက္ဆစ္ဓာတ္ပါတာေၾကာင့္ အနံ႔အသက္ေတြကို ေပ်ာက္ကင္းေစႏိုင္ၿပီး ဘက္တီးရီးယားေတြကို
လည္း ေသေစႏိုင္ပါတယ္။ ဒါေၾကာင့္ သံပရာသီး (သို႔) သံပယိုသီးကို စိတ္ၿပိး ခ်ိဳင္းၾကားႏွစ္ဖက္ကို ပြတ္လိမ္းပါ။
ၿပီးေနာက္ ၁၅ မိနစ္ေလာက္ထားၿပီး ေရေဆးခ်လိုက္ပါ
၄။ အာလူး
အာလူးက ေခြၽးနံ႔ေတြကိုေပ်ာက္ကင္းေအာင္ ကူညီေပးႏိုင္ၿပီး အသားအေရကိုေခ်ာေမြ႕ေစၿပီး ဘက္တီးရီးယား
ေတြကိုလည္း ေသေစႏိုင္ပါတယ္။ အာလူးကိုခပ္ပါးပါးေလးလွီးၿပီး ခ်ိဳင္းၾကားမွာ ပြတ္တိုက္ေပးပါ။ ၁၅ မိနစ္အၾကာ
မွာ ေရေဆးခ်လိုက္ပါက ခ်ိဳင္းေခြၽးနံ႔သာမက တစ္ကိုယ္လုံးကို ေခြၽးနံ႔ေတြကိုပါ ေလ်ာ့ပါးေစပါတယ္။
၅။ ေက်ာက္ခ်ဥ္
ေက်ာက္ခ်ဥ္ကိုေသြးၿပီး ခ်ိဳင္းမွာလိမ္းေပးမယ္ပါ။ ေက်ာက္ခ်ဥ္က အနံ႔အသက္ေတြကိုေပ်ာက္ကင္းေစႏိုင္ပါတယ္။
ဒါေပမဲ့ ေက်ာက္ခ်ဥ္ကို sensitive အသားအေရသမားေတြအလြန္အကြၽံအသုံးမျပဳသင့္ပါဘူး။