အနှေးယာဉ်မောင်းနှင်သူ အယောက် (၃၀) အားအစားအသောက်နဲ့ငွေသားများသွားရောက်လှူဒါန်းခဲ့တဲ့ ခိုင်နှင်းဝေ

အနှေးယာဉ်မောင်းနှင်သူ အယောက် (၃၀) အားအစားအသောက်နဲ့ငွေသားများသွားရောက်လှူဒါန်းခဲ့တဲ့ ခိုင်နှင်းဝေ

ဖြူစင်တဲ့ပရဟိတနှလုံးသာလေးကို ပိုင်ဆိုင်ထားပြီးတော့ ပရိသတ်တွေအားလုံး လေးစားချစ်ခင်နေရတဲ့ ခိုင်နှင်းဝေဆိုတာ ဒိတ်ဒိတ်ကြဲမင်းသမီးလေးတစ်လက်ပါပဲနော်။ အခုအချိန်မှာဆိုရင်သူမဟာ လူမှုကူညီရေးပရဟိတလေးတွေတင်သာမက မိဘမဲ့ ကလေးလေးတွေအတွက်လည်း မိခင်အရင်းသဖွယ် ချစ်ခြင်းမေတ္တာတွေနဲ့ စွမ်းသလောက်စောင့်ရှောက်မှုတွေပေးနေခဲ့ပါတယ်နော်။

ခိုင်နှင်းဝေကတော့ လတ်တလောမှာဆိုရင်လည်း တော်လှန်ရေးမှာပါဝင်နေတဲ့သူတွေကို လိုအပ်တာတွေကူညီပေးသလို တိုက်ပွဲမှာ အသက်ပေးသွားကြတဲ့ သူရဲကောင်းတွေကိုယ်စီကိုလည်းအလှူငွေများ လှူဒါန်းခဲ့ပါသေးတယ်။အခုလည်းအနှေးယာဉ်မောင်းနှင်သူ အယောက် (၃၀) အားအစားအသောက်နဲ့ငွေသားများသွားရောက်လှူဒါန်းခဲ့ပြန်တယ်။

အလှူပုံလေးတွေနဲ့အတူ ” ဒီနေ့တော့ မြောက်ဒဂုံ မှ အနှေးယာဉ် အစီး (၃၀) အား ဆန် (၂)ပြည်၊ ဆီ ၊ မုန့် နှင့် အလှူငွေ (၂)သောင်းကျပ် စီ လှူဒါန်းပေးပါတယ်ရှင်..အခုလို ခက်ခဲ တဲ့ အချိန် မှာ မျှဝေ ခံစားခြင်း ဆိုတဲ့ စိတ်လေးနဲ့ ကျမမှာ ရှိတဲ့ အရာတွေကို ခွဲခြမ်း ပြီး ဝေမျှ ဖြစ်ခဲ့ပါတယ်..

”ခိုင်” မိသားစု သို့ လှူဒါန်းပေးသော ခုနှစ်ရက် သားသမီး အလှုရှင်များ အားလုံးလည်း ပို၍ ကုသိုလ် ရစေချင်တာကြောင့်လည်း ဖြစ်ပါတယ်..အားလုံးပဲ အဆင်ပြေကြပါစေ ရှင်..”ဆိုတဲ့စာလေးကိုဖော်ပြထားရာ လေးစားလွန်းတာကြောင့် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Zawgyi






 

Leave a Reply

Your email address will not be published. Required fields are marked *