CDM မလုပ်ကြတဲ့ဆရာမတွေ ကားတားနေတာမြင်တော့ မရပ်ပေးတော့ဘဲ ဆက်မောင်းသွားတဲ့ YBS ဘက်စ်ကားဆရာကြီး
CDM မလုပ်ကြတဲ့ဆရာမတွေ ကားတားနေတာမြင်တော့ဘက်စ်ကားဆရာကြီးကမရပ်ပေးတော့ဘဲ ဆက်မောင်းသွားခဲ့ခြင်း။ ) ဒီနေ့ အပြင်ထွက်ဖို့ YBSစီးသွားရင်း၊ အထက်တန်းကျောင်းတစ်ခုရဲ့
ဘက်စ်ကားမှတ်တိုင်ရှေ့မှာကျောင်းပြန်ဖွင့်ဖို့ မွမ်းမံသင်တန်းတက်ပြီး ပြန်လာတဲ့ CDMမလုပ်တဲ့ဆရာမတွေ ကားတားနေတာမြင်တော့ ဘက်စ်ကားဆရာကြီးက မရပ်တော့ဘဲဆက်မောင်းသွားတယ်။ အဲ့မှတ်တိုင်မှာ ဆင်းမယ့်ဦးလေးကြီးကိုလည်း
CDM မလုပ်တဲ့ဆရာမတွေမြင်လို့ ကျွန်တော်မရပ်ချင်တော့လို့ ရှေ့မှတ်တိုင်မှာဆင်းပေးဖို့တဆက်တည်း လှမ်းတောင်းပန်တယ်။ ဦးလေးကြီးကလည်း ”ငါတစ်မှတ်တိုင်လောက်လမ်းပြန်လျှောက်ရတာ ဘာမှမဖြစ်ဘူး။ မင်းလုပ်ရပ်မှန်တယ်” လို့
ပြန်ချီးကျူးရင်းအားပေးသွားခဲ့တယ်။ ဒီဖြစ်ရပ်မှာဘာကိုသွားတွေးမိလဲဆိုတော့ ကျွန်တော်တို့သွားခဲ့ဖူးတဲ့သပိတ်တိုင်း၊ ရောက်ခဲ့ဖူးတဲ့လမ်းတိုင်းမှာ လက်ရှိစ.စ်အ.ာဏ.ာရှင်အစိုးရကိုဆန့်ကျင်ဖို့ အစိုးရဝန်ထမ်းတွေကို CDMမှာပူးပေါင်းပေးဖို့
တောင်းဆိုခဲ့ဖူးသလို၊ တချို့နေရာတွေမှာ တောင်းတောင် တောင်းပန်ခဲ့ဖူးပါတယ်။ ဧပြီ ၁ရက်နေ့ကစပြီး ပြည်သူ့အစိုးရ CRPH ရဲ့ ထုတ်ပြန်ချက်အတိုင်း ကျွန်တော်တို့ဘက်က CDM ပါဝင်ပေးဖို့ တောင်းဆိုမှုတွေဆက်လုပ်မှာမဟုတ်တော့သလို CDM မလုပ်တဲ့
ဝန်ထမ်းတွေကိုလည်း သူတို့ကျွန်တော်တို့ကိုလျစ်လျူရှုခဲ့သလို ကျွန်တော်တို့ဘက်လည်း ဘက်စ်ကားဆရာကြီးလို ပြတ်ပြတ်သားသား Social Punishment (လူ့အသိုင်းအဝိုင်းက ဖယ်ကျဉ်မှု) လုပ်သင့်နေပြီလို့ထင်ပါတယ်။ ဓမ္မနဲ့ အဓ.မ္မတ.ိုက်ပ.ွဲမှာ
Zawgyi