ကိုယ်မတတ်ချင်ပွဲမလို့ စားဝတ်နေရေးအခက်အခဲဖြစ်နေတာတောင် မတတ်ပဲငြင်းလိုက်တဲ့အကြောင်းပြောပြလာတဲ့ ထက်ထက်ထွန်း

ကိုယ်မတတ်ချင်ပွဲမလို့ စားဝတ်နေရေးအခက်အခဲဖြစ်နေတာတောင် မတတ်ပဲငြင်းလိုက်တဲ့အကြောင်းပြောပြလာတဲ့ ထက်ထက်ထွန်း

ပရိတ်သတ်ကြီးရေ…မော်ဒယ်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ထက်ထက်ထွန်းဟာဆိုရင် ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကိုရိုကကူးထားတဲ့အပြင် အစီအစဉ်တင်ဆက်သူတဟ်ယောက်အဖြစ်လည်း အနုပညာလမ်းကြောင်းပေါ်မြှအောင်မြင်စွာနဲ့လျှောက်လှမ်းနေတာပဲဖြစ်ပါတယ်နော်..။သူမဟာဆိုရင် လက်ရှိဖြဟ်ပေါ်နေတဲ့ အခြေအနေတွေမှာ ပြည်သူလူထုနဲ့အတူတစ်သားတည်းရပ်တည်ခဲ့တဲ့သူပဲဖြဟ်ပါတယ်။လက်ရှိအခြေအနေတွေကြောင့် အခက်အခဲဖြစ်နေတဲ့သူတွေကိုလည်း လှူဒါန်းမှုတွေကိုမကြာခဏဆိုကလိုပြုလုပ်ပေးနေတာပဲဖြစ်ပါတယ်။

ထက်ထက်ထွန်းကတော့ အလုပ်မလုပ်ရတာကြာလို့ စားဝတ်နေရေးခက်ခဲနေပေမယ့် အိမ်မှာကြက်ဥနဲ့ပဲစားမယ်ဆိုပြီး ပြီးခဲ့တဲ့ရက်က ပွဲတက်ဖို့ငြင်းလိုက်တဲ့အကြောင်း ပွင့်ပွင့်လင်းလင်း ပြောလာပါတယ်..။ဒီကနေ့မှာပြုလုပ်တဲ့ အခမ်းအနားပွဲတစ်ခုကို အနုပညာရှင်တချို့တက်ရောက်နေတဲ့ ပုံရိပ်တွေ ပြန့်နှံ့လာကာ ပရိသတ်တွေကြားဝေဖန်မှုတွေ မြှင့်တက်နေပြီး ထက်ထက်ထွန်းကတော့ သူမအနေနဲ့ ပွဲတက်ဖို့ ငြင်းလိုက်တဲ့အကြောင်းတွေကို ဖေ့စ်ဘွတ်စာမျက်နှာကနေအခုလိုပဲ ရေးသားဖော်ပြလာတာပဲဖြစ်ပါတယ်နော်။

အဲ့ဒါကတော့ ” “ဒီနေ့လိုင်းပေါ် နာမည်ကြီးမယ့် အခွင့်အရေးလေးတစ်နေ့က ကျွန်မငြင်းလိုက်တယ် 😅😅😅လှလှလေးပြင် ပွဲလေးတက်အလုပ်လေးမလုပ်ရတာကြာနေပေမယ့်အလုပ်မရှိလို့ စားဝတ်နေရေးခက်ခဲနေပေမယ့်ကျွန်မအိမ်မှာ ကြက်ဥနဲ့ဘဲ ဖြတ်သန်းနေလိုက်တယ်..” ဆိုပြီးသူမရဲ့ပြတ်သားတဲ့ခံယူချက်ကို ပြောပြလာတာပဲဖြစ်ပါတယ်။ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့ပြတ်သားတဲ့ခံယူချက်တွေရှိပြီး ပြည်သူလူထုနဲ့တသားတည်းရပ်တည်ခဲ့တဲ့ ထက်ထက်ထွန်းကို ပရီတ်သတ်တွေကိလည်း အားပေးစကားပြောထားတာကို လည်းတွေ့မြင်ရပါတယ်နော်။ဖတ်ရှုပေးတဲ့ပရိတ်သတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

Zawgyi





Leave a Reply

Your email address will not be published. Required fields are marked *