မီးလောင်ပြီး ဆုံးရှုံးသွားရတဲ့ သူတို့ရဲ့နေအိမ်တွေကိုကြည့်ရင်း ပြာပုံပေါ်မှာထိုင်ကာ ငိုကြွေးနေရတဲ့ ပြည်သူတွေရဲ့ပုံရိပ်များ
…လက်ရှိအခြေအနေမှာဆိုရင် တချို့ပြည်နယ်တွေမှာနေထိုင်ကြတဲ့ တိုင်းရင်းသားတွေက စစ်ဘေးဒုက္ခကိုခံစားနေကြရဆဲဖြစ်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်၊ချောင်းဆာကျေးရွာအုပ်စု၊မန်လီရွာမှာ မေလ(၂)ရက်နေ့က မီးရှို့ခံရလို့ အိမ်ခြေ(၄၀)ကျော် မီးလောင်ဆုံးရှုံးသွားခဲ့တာဖြစ်ပါတယ်။ဧပြီလ(၆)ရက်နေ့ကလည်း မန်လီရွာမှာ နေအိမ်(၅)အိမ် မီးလောင်ခဲ့ပြီး မေလ(၂)ရက်နေ့မှာတော့ မနက်ပိုင်း(၄)အိမ်နဲ့ ညနေပိုင်းမှာ အိမ်(၄၀) ထပ်မံမီးလောင်ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။
မန်လီကျေးရွာမှာ အိမ်ခြေစုစုပေါင်း(၁၁၂)အိမ်ရှိပြီး မိမိတို့ရဲ့နေအိမ်တွေကို ဆုံးရှုံးလိုက်ရတဲ့ပြည်သူတွေကတော့သီပေါမြို့ပေါ်ရှိစစ်ရှောင်စခန်းမှာ ခဏတာခိုလှုံနေထိုင်နေရတာဖြစ်ပါတယ်။နေအိမ်ဆုံးရှုံးသွားရသူတစ်ဦးဆိုရင်မိတ်ဆွေတစ်ဦးကိုဖုန်းဆက်ပြီး “မောင်လေးရေ အစ်မတို့အိမ်လည်းမီးထဲပါသွားပြီ
အဖေက လူကြီးဆိုတော့ ရူးမတတ်ဘဲ အစ်မ အခုရွာကိုရောက်နေတာ ငါတို့ရွာလေးပြာပုံဖြစ်သွားပြီ” ဆိုပြီး ကြေကွဲဝမ်းနည်းမှုတွေကို ရင်ဖွင့်ရှာတာဖြစ်ပါတယ်။လက်ရှိနေထိုင်နေတဲ့ စစ်ရှောင်စခန်းကနေ သူတို့ရွာလေးကို ခဏလာကြည့်ပြီး ငိုယိုနေကြတဲ့မိသားစုတွေအကြောင်းကို ငိုရင်းရှိုက်ရင်းပြောပြခဲ့တာဖြစ်ပါတယ်။
အခုလိုမျိုး နေအိမ်တွေမီးလောင်ဆုံးရှုံးသွားရတာကြောင့် တချို့အဘွားတွေနဲ့ အမျိုးသမီးတွေခမျာ ဖြေသိမ့်စရာမရှိလောက်အောင် ငိုကြွေးနေကြတာပဲဖြစ်ပါတယ်။ပြည်သူလူထုကလည်း အခုလိုဆုံးရှုံးသွားရတဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေကို ကူညီပေးဖို့အတွက် လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ကူညီပြီးအလှူခံပေးနေကြတာဖြစ်ပါတယ်။ဘာပစ္စည်းမှမကျန်တော့အောင် အကုန်လုံးပြာကျသွားခဲ့ရတဲ့ မန်လီရွာက ပုံရိပ်တချို့ကို ပြည်သူအများအပြားသိပြီး ကူညီလှူဒါန်းရအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Zawgyi
မီးေလာင္ၿပီး ဆုံးရႈံးသြားရတဲ့ သူတို႔ရဲ႕ေနအိမ္ေတြကိုၾကည့္ရင္း ျပာပုံေပၚမွာထိုင္ကာ ငိုေႂကြးေနရတဲ့ ျပည္သူေတြရဲ႕ပုံရိပ္မ်ား ….
…လက္ရွိအေျခအေနမွာဆိုရင္ တခ်ိဳ႕ျပည္နယ္ေတြမွာေနထိုင္ၾကတဲ့ တိုင္းရင္းသားေတြက စစ္ေဘးဒုကၡကိုခံစားေနၾကရဆဲျဖစ္ပါတယ္။ရွမ္းျပည္နယ္ေျမာက္ပိုင္း နမၼတူၿမိဳ႕နယ္၊ေခ်ာင္းဆာေက်း႐ြာအုပ္စု၊မန္လီ႐ြာမွာ ေမလ(၂)ရက္ေန႔က မီးရႈိ႕ခံရလို႔ အိမ္ေျခ(၄၀)ေက်ာ္ မီးေလာင္ဆုံးရႈံးသြားခဲ့တာျဖစ္ပါတယ္။ဧၿပီလ(၆)ရက္ေန႔ကလည္း မန္လီ႐ြာမွာ ေနအိမ္(၅)အိမ္ မီးေလာင္ခဲ့ၿပီး ေမလ(၂)ရက္ေန႔မွာေတာ့ မနက္ပိုင္း(၄)အိမ္နဲ႔ ညေနပိုင္းမွာ အိမ္(၄၀) ထပ္မံမီးေလာင္ဆုံးရႈံးခဲ့တာျဖစ္ပါတယ္။
မန္လီေက်း႐ြာမွာ အိမ္ေျခစုစုေပါင္း(၁၁၂)အိမ္ရွိၿပီး မိမိတို႔ရဲ႕ေနအိမ္ေတြကို ဆုံးရႈံးလိုက္ရတဲ့ျပည္သူေတြကေတာ့သီေပါၿမိဳ႕ေပၚရွိစစ္ေရွာင္စခန္းမွာ ခဏတာခိုလႈံေနထိုင္ေနရတာျဖစ္ပါတယ္။ေနအိမ္ဆုံးရႈံးသြားရသူတစ္ဦးဆိုရင္မိတ္ေဆြတစ္ဦးကိုဖုန္းဆက္ၿပီး “ေမာင္ေလးေရ အစ္မတို႔အိမ္လည္းမီးထဲပါသြားၿပီ
အေဖက လူႀကီးဆိုေတာ့ ႐ူးမတတ္ဘဲ အစ္မ အခု႐ြာကိုေရာက္ေနတာ ငါတို႔႐ြာေလးျပာပုံျဖစ္သြားၿပီ” ဆိုၿပီး ေၾကကြဲဝမ္းနည္းမႈေတြကို ရင္ဖြင့္ရွာတာျဖစ္ပါတယ္။လက္ရွိေနထိုင္ေနတဲ့ စစ္ေရွာင္စခန္းကေန သူတို႔႐ြာေလးကို ခဏလာၾကည့္ၿပီး ငိုယိုေနၾကတဲ့မိသားစုေတြအေၾကာင္းကို ငိုရင္းရႈိက္ရင္းေျပာျပခဲ့တာျဖစ္ပါတယ္။
အခုလိုမ်ိဳး ေနအိမ္ေတြမီးေလာင္ဆုံးရႈံးသြားရတာေၾကာင့္ တခ်ိဳ႕အဘြားေတြနဲ႔ အမ်ိဳးသမီးေတြခမ်ာ ေျဖသိမ့္စရာမရွိေလာက္ေအာင္ ငိုေႂကြးေနၾကတာပဲျဖစ္ပါတယ္။ျပည္သူလူထုကလည္း အခုလိုဆုံးရႈံးသြားရတဲ့ တိုင္းရင္းသားညီအစ္ကိုေမာင္ႏွမေတြကို ကူညီေပးဖို႔အတြက္ လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာ ကူညီၿပီးအလႉခံေပးေနၾကတာျဖစ္ပါတယ္။ဘာပစၥည္းမွမက်န္ေတာ့ေအာင္ အကုန္လုံးျပာက်သြားခဲ့ရတဲ့ မန္လီ႐ြာက ပုံရိပ္တခ်ိဳ႕ကို ျပည္သူအမ်ားအျပားသိၿပီး ကူညီလႉဒါန္းရေအာင္လို႔ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။