တကယ့်အလင်းတန်းကို မရမချင်း နေ့တိုင်းဟာ တော် လှန် ရေးနေ့ပဲဆိုပြီး ခိုင်မာ ပြတ်သား စွာပြောလာတဲ့ မြနှင်းရည်လွင်
ဇာတ်လမ်းတွဲတွေများစွာရိုက်ကူးထားပြီး ပီပြင်တဲ့သရုပ်ဆောင်ပိုင်နိုင်မှုတွေကြောင့် ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးချစ်ခင်မှုတွေကို အ ခိုင်အမာရရှိထားသူကတော့ မင်းသမီးချောမြနှင်းရည်လွင်ပဲ ဖြစ်ပါတယ်..။
မြနှင်းရည်လွင်ကတော့ ဖေဖော်ဝါရီလ အစပိုင်းကတည်းက ပြည်သူတွေနဲ့အတူ ကိုယ်တိုင်ကိုယ်ကျအပင်ပန်းခံကာ လမ်းပေါ်ထွက်လှုပ်ရှား မှု တွေမှာ အင်တိုက်အားတိုက်ပါဝင်ကာ အားလုံးနဲ့အတူ ရပ်တည်နေသူလည်း ဖြစ်ပါတယ်..။
လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာလည်း ၅၀၅ က ဖြင့် အမှုဖွင့်အရေးယူခြင်းခံထားရတဲ့မြနှင်းရည်လွင်ကတော့တကယ့်အလင်းတန်း ကို မရမချင်း နေ့တိုင်းဟာ တော်လှန်ရေးနေ့ပဲဆိုပြီး ခိုင်မာပြတ်သားစွာပြောလာပါတယ်..။
မြနှင်းရည်လွင်ကတော့ လတ်တလောမှာ လုံခြုံရေးအရ ရှောင်တိမ်းနေရပေမယ့်လည်း ဆုံးဖြတ်ချက်တွေ ခိုင်မာစွာနဲ့ တတ်နိုင် သ လောက် အားဖြည့်ပါဝင်နေတာဆိုလည်း မမှားပါဘူး..။
“တကယ့်အလင်းတန်းကို မရမချင်း….. နေ့တိုင်းဟာ ငါတို့ရဲ့တော်လှန်ရေးနေ့တွေချည်းပဲ။ Reject Military CoupIn Myanmar..” ဆိုပြီး မြ နှင်း ရည်လွင်က ရေးသားထားတာ ဖြစ်ပါတယ်..။
ပြည်သူတွေနဲ့အတူ ရပ်တည်ပြီး ယုံချက်ကြည်တွေနဲ့ အနာဂတ်တွေအတွက် တော်လှန်ရေးတိုက်ပွဲ ကြီး မှာ ကြိုးစားပါ ဝင်နေတဲ့ မြနှင်းရည် လွင် ရဲ့ ခိုင်မာပြတ်သားတဲ့စိတ်ထားတွေကို ပရိသတ်တွေ အားလုံးကလည်း သဘောကျနေကြတာ ဖြစ်ပါတယ်..။
Zawgyi
တကယ့္အလင္းတန္းကို မရမခ်င္း ေန႔တိုင္းဟာ ေတာ္ လွန္ ေရးေန႔ပဲဆိုၿပီး ခိုင္မာ ျပတ္သား စြာေျပာလာတဲ့ ျမႏွင္းရည္လြင္
ဇာတ္လမ္းတြဲေတြမ်ားစြာ႐ိုက္ကူးထားၿပီး ပီျပင္တဲ့သ႐ုပ္ေဆာင္ပိုင္ႏိုင္မႈေတြေၾကာင့္ ပရိသတ္ေတြရဲ႕ တစ္ခဲနက္အားေပးခ်စ္ခင္မႈေတြကို အ ခိုင္အမာရရွိထားသူကေတာ့ မင္းသမီးေခ်ာျမႏွင္းရည္လြင္ပဲ ျဖစ္ပါတယ္..။
ျမႏွင္းရည္လြင္ကေတာ့ ေဖေဖာ္ဝါရီလ အစပိုင္းကတည္းက ျပည္သူေတြနဲ႔အတူ ကိုယ္တိုင္ကိုယ္က်အပင္ပန္းခံကာ လမ္းေပၚထြက္လႈပ္ရွား မႈ ေတြမွာ အင္တိုက္အားတိုက္ပါဝင္ကာ အားလုံးနဲ႔အတူ ရပ္တည္ေနသူလည္း ျဖစ္ပါတယ္..။
လက္ရွိျဖစ္ေပၚေနတဲ့ အေျခအေနေတြမွာလည္း ၅၀၅ က ျဖင့္ အမႈဖြင့္အေရးယူျခင္းခံထားရတဲ့ျမႏွင္းရည္လြင္ကေတာ့တကယ့္အလင္းတန္း ကို မရမခ်င္း ေန႔တိုင္းဟာ ေတာ္လွန္ေရးေန႔ပဲဆိုၿပီး ခိုင္မာျပတ္သားစြာေျပာလာပါတယ္..။
ျမႏွင္းရည္လြင္ကေတာ့ လတ္တေလာမွာ လုံၿခဳံေရးအရ ေရွာင္တိမ္းေနရေပမယ့္လည္း ဆုံးျဖတ္ခ်က္ေတြ ခိုင္မာစြာနဲ႔ တတ္ႏိုင္ သ ေလာက္ အားျဖည့္ပါဝင္ေနတာဆိုလည္း မမွားပါဘူး..။
“တကယ့္အလင္းတန္းကို မရမခ်င္း….. ေန႔တိုင္းဟာ ငါတို႔ရဲ႕ေတာ္လွန္ေရးေန႔ေတြခ်ည္းပဲ။ Reject Military CoupIn Myanmar..” ဆိုၿပီး ျမ ႏွင္း ရည္လြင္က ေရးသားထားတာ ျဖစ္ပါတယ္..။
ျပည္သူေတြနဲ႔အတူ ရပ္တည္ၿပီး ယုံခ်က္ၾကည္ေတြနဲ႔ အနာဂတ္ေတြအတြက္ ေတာ္လွန္ေရးတိုက္ပြဲ ႀကီး မွာ ႀကိဳးစားပါ ဝင္ေနတဲ့ ျမႏွင္းရည္ လြင္ ရဲ႕ ခိုင္မာျပတ္သားတဲ့စိတ္ထားေတြကို ပရိသတ္ေတြ အားလုံးကလည္း သေဘာက်ေနၾကတာ ျဖစ္ပါတယ္..။