မြန်မာနိုင်ငံကိုဒီမိုကရေစီလမ်းကြောင်းအပေါ်ရောက်အောင်ဆွဲတင်ခဲ့သူဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဖြစ်တယ်လို့ မင်းအုပ်စိုး ပြော
မြန်မာနိုင်ငံကိုဒီမိုကရေစီလမ်းကြောင်းအပေါ်ရောက်အောင်ဆွဲတင်ခဲ့သူဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဖြစ်တယ်လို့ မင်းအုပ်စိုး ပြော
ရာထူးမက်တဲ့စစ်အာဏာရှင်အာဏာရှင်စနစ်အလိုမရှိစစ်အာဏာရှင်စနစ်ကျရှုံးရေးဒီမိုကရေစီရရှိရေး အစရှိတဲ့အသံတွေဟာ ယနေ့အ
ချိန်ကာလမှာ အကြားရဆုံး အသံအဖတ်ရဆုံးစာသားတွေပါပဲ။အဲ့သည်အသံသုံးခုစာသားသုံးကြောင်းအပြင်တစ်ခြားဖတ်ရတဲ့စာသား ြကားရတဲ့အသံတွေလဲရှိပါတယ်။ဒါပေမယ့်လည်းရာထူးမက်တဲ့ စစ်အာဏာရှင်ဆိုတဲ့ခေါင်းစဉ်နဲ့ စာလေးရေးချင်တာကြောင့်ဒီအကြောင်းရာသုံးခုကိုသီးသန့် ဆွဲထုတ်လိုက်တာပါ။ပထမဉီးဆုံးစစ်အာဏာရှင်လို့ ခေါ်နေကြတာဘယ်သူ့ကိုလဲလို့ ကျွန်တော်တွေးကြည့်ပါတယ်။လက်ရှိအချိန်ကာလမှာကြွေးကြော်အော်ဟစ်နေကြတာကြောင့်ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုရည်ရွယ်တာတော့ မဖြစ်နိုင်လောက်ပါဘူး။
ဒါဆိုရင် လက်ရှိအခြေအနေမှာခေါ်နေကြတဲ့ စစ်အာဏာရှင်ဆိုတာဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပဲပေါ့။အဲ့ဒါဆိုရင်ကျွန်တော်တို့က စစ်အာဏာရှင်အကြောင်းခြေရာကောက်ကြည့်ကြတာပေါ့။လက်ရှိအခြေအနေတွေရဲ့ပြောင်းလဲမှုတွေကြားမှာအဓိကအကြားရဆုံးအကြောင်းပြချက်ကတော့ဟိုးအရင်တုန်းကလို စစ်အာဏာရှင်ရဲ့အုပ်ချုပ်မှုအောက် ပြန်မရောက်ချင်ဘဲဒီမိုကရေစီဖွင့်ဖြိုးတဲ့ နိုင်ငံအတွင်းမှာနေထိုင်ချင်ကြပါတယ်လို့တောင်းဆိုကြွေးကြော် ရေးသားနေကြတာပါ။
အဲ့ဒီလိုမျိုးတောင်းဆိုရေးသား ကြွေးကြော်နေတာကိုကြည့်ခြင်းအားဖြင့်ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုပါစစ်အာဏာရှင်လို့သတ်မှတ်ပြီးဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အုပ်ချုပ်မှုအောက်မှာနိုင်ငံအတွင်းရှိနေကြတဲ့ ပြည်သူတစ်ရပ်လုံးပြားပြားမှောက်ခဲ့ရတယ်။ဒီမိုကရေစီစနစ်ရဲ့ အနံ့အရသာနဲ့လည်းလုံးလုံးလျားလျားကင်းဝေးခဲ့ရတယ်လို့ဆိုလိုရာရောက်နေပါတယ်။အမှန်တရားဆိုတာဖုန်းကွယ်လို့မရဖျောက်ဖျက်လို့မရအစားထိုးလို့ မရပါဘူး။အထူးသဖြင့် သမိုင်းအမှန်တရားဆိုတာဘယ်လောက်ပဲပုံဖျက်ပုံဖျက်ဘယ်လောက်ပဲ ဖုံးကွယ်ဖုံးကွယ်ခေတ်တွေစနစ်တွေလူပုဂိုလ် ယုံကြည်ကိုးကွယ်စည်းကပ်မှုတွေပြောင်းလဲသွားတာနဲ့အမျှသမိုင်းအမှန်ကပြန်ပေါ်လာမှာပါ။
အမှန်တကယ်ဆိုရင်မြန်မာနိုင်ငံတော်ကြီးကိုဒီမိုကရေစီလမ်းကြောင်းအပေါ်မရောက်ရောက်အောင်ဆွဲတင်ခဲ့တွန်းတင်ခဲ့မြှင့်တင်ခဲ့သူဟာဒေါ်အောင်ဆန်းစုကြည်မဟုတ်ပါဘူး။ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံတော်ကြီးကိုဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်အောင်တွန်းတင်ခဲ့ ဆွဲတင်ခဲ့မြင့်တင်ပေးခဲ့သူဟာဗိုလ်ချုပ်မှူးကြီးသန်းရွှေပါပဲ။အဲ့သည်အကြောင်းကိုလဲစာအရှည်တစ်ပုဒ် သီးသန့်ရေးပြပါ့မယ်။အခုတော့ရာထူးမက်တဲ့စစ်အာဏာရှင်အကြောင်းပဲပြန်သွားကြတာပေါ့။လက်ရှိအခြေအနေမှာစစ်အာဏာရှင်လို့အခေါ်ခံနေရတဲ့ရာထူးမက်တဲ့အာဏာရူးလို့အစွပ်စွဲခံနေရတဲ့ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင်တပ်မတော်ရဲ့ထိပ်ပိုင်းခေါင်းဆောင်ကြီးတွေခေါင်းဆောင်ဟောင်းတွေက
ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်တော်ထဲ ရောက်ခွင့်ရအောင်ဝင်ခွင့်ရအောင်နည်းမျိုးစုံနဲ့စီစဉ်ပေးခဲ့စဉ်းစားပေးခဲ့ကြတာပါ။သူတို့တွေသာအဲ့ဒီလိုမျိုး စီစဉ်မပေးခဲ့ဘူးဆိုရင်ဒေါ်အောင်ဆန်းစုကြည်အနေနှင့်လွှတ်တော်ထဲရောက်လာစရာအကြောင်းမရှိသလိုအရွေးကောကခံအမတ်တစ်ယောက်ဖြစ်လာစရာအကြောင်းလဲ မရှိပါဘူး။ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်ထဲရောက်လာအောင်အရွေးကောက်ခံအမတ်တစ်ယောက်ဖြစ်လာအောင် သဘောတူကြည်ဖြူစွာ
လမ်းဖွင့်ပေးခဲ့တဲ့သူတွေထဲမှာလွှတ်တော်လမ်းကြောင်းပေါ်ရောက်လာအောင်ဆွဲတင်ပေးခဲ့တဲ့သူတွေထဲမှာအာဏာရှင်အာဏာရူးလို့ပြောပြောနေကြတဲ့ရေးရေးနေကြတဲ့ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လဲပါဝင်ခဲ့ပါတယ်။ကျွန်တော်တို့အနေနဲ့ဒီလိုမျိုးလေး စဉ်းစားကြည့်ကြရအောင်ပါ။ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သာအာဏာရူးခဲ့မယ် အာဏာမူးခဲ့မယ်အာဏာမက်ခဲ့မယ်ဆိုရင် ကြံ့ခိုင်ရေးအစိုးရငါးနှစ်သက်တမ်းတာဝန်ထမ်းဆောင်ပြီးလို့ရွေးကောက်ပွဲလုပ်တဲ့အချိန်မှာ NLD ကိုရှုံးခဲ့တာပဲလေ။
တကယ်လို့များအာဏာမက်တဲ့အာဏာရူးတဲ့စစ်ခေါင်းဆောင်တစ်ယောက်သာဆိုရင်အဲ့ဒီအချိန်မှာကတည်းက NLD ရဲ့လက်ထဲအာဏာလွှဲမပေးဘဲသူသိမ်းလိုက်မယ်ဆိုရင်သိမ်းလို့ရနေတာပဲလေ။ဘာကြောင့်များ ငါးနှစ်တိတိကြီးထိုင်စောင့်နေမလဲဗျာ အခြေအနေတစ်ခု အကြောင်းရာတစ်ခုကိုဝေဖန်သုံးသပ်တဲ့အချိန်မှာရှူထောင့်ပေါင်းစုံကနေ လေ့လာသုံးသပ် ဆင်ခြင်ပြီးသုံးသပ်ဝေဖန်တာက အမှန်တရားနဲ့ ပိုပြီးတော့ နီးကပ်လေ့ရှိပါတယ်။ ရာထူးမက်တဲ့စစ်အာဏာရှင်တစ်ယောက်ဆိုရင်တော့ ငါးနှစ်တိတိထိုင်စောင့်မနေမှာ အသေချာပါပဲဗျာ။
မြန်မာပြည်ကြီးမှာ လက်ရှိဖြစ်ပျက်နေတဲ့အခြေအနေတွေကိုဝေဖန်စဉ်းစားသုံးသပ်ကြမယ်ဆိုရင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကအာဏာရူးအာဏာမက်လို့ တပ်မတော်က အာဏာသိမ်းလိုက်တာဆိုတဲ့ အတွေးတစ်စထဲမှာအခြေခံပြီးစဉ်းစားဆုံးဖြတ်တာထက်အခြားသောအကြောင်းတရားတွေကိုပါ ထည့်သွင်းတွက်ချက်စဉ်းစားမယ်ဆိုရင်အဖြေမှန်ထွက်ဖို့ နီးစပ်လာမှာဖြစ်သလိုစဉ်းစားသူအတွက်လဲတွေးတောချင့်ချိန်စရာအချက်အလက်တွေပိုများလာတာကြောင့်စိတ်သက်သာရာရစေနိုင်မှာပါ။
စာဖတ်ပရိတ်သတ်ကြီးကို
ချစ်ခင်စွာဖြင့်
မင်းအုပ်စိုး
Zawgyi
ချစ်ခင်စွာဖြင့်
မင်းအုပ်စိုး
Leave a Reply
Your email address will not be published. Required fields are marked *