ဂြိုဟ်တုစလောင်းတပ်ဆင်အသုံးပြုသူများကို အရေးယူမည်ဟု စစ်ကောင်စီကြေညာ

ဂြိုဟ်တုစလောင်းတပ်ဆင်အသုံးပြုသူများကို အရေးယူမည်ဟု စစ်ကောင်စီကြေညာ

ဂြိုဟ်တု၊ ရုပ်မြင်သံကြားဖမ်းစက်တွေကို တပ်ဆင်အသုံးပြုဖမ်းယူကြည့်ရှုပါက ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေအရ ထောင်ဒဏ် ၁ နှစ်၊ ဒဏ်ငွေ ၅ သိန်း အရေးယူခံရနိုင်တယ်လို့ ကြိုတင်အသိပေးကြောင်း စစ်ကောင်စီရဲ့ ပြန်ကြားရေးက မေလ ၄ ရက်မှာ ကြေညာပါတယ်။

စစ်ကောင်စီရဲ့ ပြန်ကြားရေးကတော့ တရားမဝင်အဖွဲ့အစည်းနဲ့ သတင်းဌာနတချို့ဟာ ဂြိုဟ်တုစလောင်းတွေကနေတဆင့် နိုင်ငံတော်လုံခြုံရေး တရားဥပဒေစိုးမိုးရေး အများပြည်သူ အေးချမ်းသာယာရေးတို့ကို ထိခိုက်စေတဲ့ အကြောင်းအရာတွေနဲ့ နိုင်ငံတော်အား သစ္စာဖောက်ဖျက် ပုန်ကန်မှုကျူးလွန်သူတွေကို အားပေးကူညီရာရောက်တဲ့ အကြောင်းအရာတွေကို ထုတ်လွှင့်နေတယ်လို့ မနေ့ညက ထုတ်လွှင့်ကြေညာသွားပါတယ်။

Zawgyi

ၿဂိဳဟ္တုစေလာင္းတပ္ဆင္အသုံးျပဳသူမ်ားကို အေရးယူမည္ဟု စစ္ေကာင္စီေၾကညာ

ၿဂိဳဟ္တု၊ ႐ုပ္ျမင္သံၾကားဖမ္းစက္ေတြကို တပ္ဆင္အသုံးျပဳဖမ္းယူၾကည့္ရႈပါက ႐ုပ္ျမင္သံၾကားႏွင့္ ဗီဒီယိုဥပေဒအရ ေထာင္ဒဏ္ ၁ ႏွစ္၊ ဒဏ္ေငြ ၅ သိန္း အေရးယူခံရႏိုင္တယ္လို႔ ႀကိဳတင္အသိေပးေၾကာင္း စစ္ေကာင္စီရဲ႕ ျပန္ၾကားေရးက ေမလ ၄ ရက္မွာ ေၾကညာပါတယ္။

စစ္ေကာင္စီရဲ႕ ျပန္ၾကားေရးကေတာ့ တရားမဝင္အဖြဲ႕အစည္းနဲ႔ သတင္းဌာနတခ်ိဳ႕ဟာ ၿဂိဳဟ္တုစေလာင္းေတြကေနတဆင့္ ႏိုင္ငံေတာ္လုံၿခဳံေရး တရားဥပေဒစိုးမိုးေရး အမ်ားျပည္သူ ေအးခ်မ္းသာယာေရးတို႔ကို ထိခိုက္ေစတဲ့ အေၾကာင္းအရာေတြနဲ႔ ႏိုင္ငံေတာ္အား သစၥာေဖာက္ဖ်က္ ပုန္ကန္မႈက်ဴးလြန္သူေတြကို အားေပးကူညီရာေရာက္တဲ့ အေၾကာင္းအရာေတြကို ထုတ္လႊင့္ေနတယ္လို႔ မေန႔ညက ထုတ္လႊင့္ေၾကညာသြားပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *