စုတ်ပြတ်သတ်သွားအောင် မျက်နှာအသားအရေပျက်စီးသွားခဲ့ရတဲ့ အကြောင်းရင်းမှန်ကို ပွင့်ပွင့်လင်းလင်း ပြောပြလိုက်တဲ့ ခင်သဇင်
ပရိသတ်ကြီးရေ သရုပ်ဆောင် ခင်သဇင်ကတော့ လတ်တလောမှာ ထွက်ပြေးတိမ်းရှောင်နေနေရပါတယ်နော်။အင်တာနက်လိုင်းမမိတဲ့နေရာကို ရောက်နေတာကြောင့် Facebook မသုံးဖြစ်တာကြာပြီဖြစ်ပါတယ်နော်။ ထွက်ပြေးနေတဲ့ နေရာမှာ အဆင်မပြေတာကြောင့် မျက်နှာအသားရည်အတော်လေးကို ပျက်စီးသွားတာပါနော်။
“ အင်တာနက် လိုင်းရယ် အကောင့်ရယ်
မရတာ အတော်ကြာ
Gmail မှားဖွင့်နေတာ ကိုယ့်ကိုကိုယ် မသိရှာ
လမ်းခရီးမှာ အစစ်ဆေးများလို့
ပို့စ်အဟောင်းတွေ ဖျက်ပစ်ရ၊
Profile တွေ ဖျက်ရ
ဝင်ငွေ မရှိတဲ့ ကာလပေမယ့်
အတော်အလုပ်များစေတဲ့ ကာလပါ။
ရေပြောင်း မြေပြောင်းမှာ
အသားရေ ရော လူရော စုတ်ပြတ်သတ်
စိတ်ဆင်းရဲလေ အနာတွေက မပျောက်လေ
စိတ်ဓာတ်ကတော့ မပြိုလဲ မစုတ်ပြတ်သတ်ရအောင်
ဘုရားနေ့တိုင်းရှိခိုးပါတယ်..
တရားကြိုးစားပြီး ထိုင်ပါတယ် 🙏🏼
အော်.. တချို့က ပြန်တောင်ပျော်နေကြပြီနော်
မုဒိတာပွါးပေးပါတယ်လေ..
ပြည်သူစိတ်ချမ်းသာရင်
ကိုယ်စိတ်ချမ်းသာပါတယ်
အမြဲပျော်ရွှင်နေကြတာပဲ မြင်ချင်နေမိပါတယ်
ပြည်သူတွေ ကျန်းမာ ချမ်းသာကြပါစေ..
လိုရာဆန္ဒတွေ ပြည့်ဝကြပါစေ 🙏🏼” လို့ သူမရဲ့ ခံစားချက်တွေကို ရေးသားထားတာပါနော်။
Zawgyi
မရတာ အတော်ကြာ
Profile တွေ ဖျက်ရ