CDM လုပ်လို့ စာသင်ခန်းကို ပြန်လာခွင့်မရတော့ရင် ခွင့်လွှတ်ကြပါ တပည့်တို့ရေ
တပည့်တွေအပေါ် သမိုင်းဆိုးကိုအားပေးတဲ့ဆရာမအဖြစ် အဖြစ်မခံလို နွေဦးတော်လှန်ရေး အောင်မြင်မယ့် အထိ CDM လုပ်သွားမယ်
လက်မှတ်ထိုးမှ ထုတ်ရမယ်ဆိုလို့(30.4.2021ရက်နေ့)လစာသွားမထုတ်ခဲ့ပါဘူး။
ကိုယ်က မချမ်းသာပါဘူး။ဒါပေမဲ့ ဘယ်သူ့အကူအညီမှလည်း မတောင်းဆိုဘူး။တောင်းဆိုစရာလည်း မလိုပါဘူး။
ပြည်သူတွေအပေါ် ကိုယ်လုပ်ခဲ့တဲ့လုပ်ရပ်ဟာ အမြဲသစ္စာရှိနေပါမယ်။
လစာမရလို့ ငတ်သေသွားပါစေ။တပည့်တွေအပေါ် သမိုင်းဆိုးကိုအားပေးတဲ့ဆရာမအဖြစ်ကို အဖြစ်မခံနိုင်ပါဘူး။
ပြည်သူတွေအပေါ်နိုင်ငံအပေါ်လည်း ပေးခဲ့တဲ့ကတိကို ထာဝရ တည်မြဲနေပါမယ်။
စာသင်ခန်းကို ပြန်လာခွင့်မရတော့ရင်ဖြင့် ခွင့်လွှတ်ကြပါ ငါတပည့်တို့ရေ။
တပည့်တွေကိုသိပ်ချစ်တတ်တဲ့ဒီဆရာမ၊ဆရာမလုပ်ချင်လုပ်ကိုဘဝကိုမြှုပ်နှံလာခဲ့တဲ့ ဆရာမ။
ဒီဆရာမဟာ မင်းတို့လေးတွေနဲ့စာသင်ခန်းတွေကို သိပ်လွမ်းနေမှာဆိုတာတော့ မင်းတို့ယုံကြမှာပါ ။
သေချာတာကတော့ ဒီမိုကရေစီစာသင်ခန်းမှာ ဆရာမတပည့်တို့ကို ကမ္ဘာမြေရဲ့လောကကြီး အကြောင်းတွေ ဓမ္မနဲ့အဓမ္မတွေအကြောင်းတွေ စကားတွေ အများကြီး ပြောပြချင်သေးတာပဲ။
အသက်ပေးပြီးကျဆုံးသွားရတဲ့သူရဲကောင်းတွေနဲ့အတူ နွေဦးတော်လှန်ရေးအောင်မြင်သည်အထိ CDM လုပ်သွားမှာပါ။
အရေးအကြီးဆုံးက ကိုယ့်လိပ်ပြာကိုယ်လုံဖို့ပဲ။
ကလေးတွေရှေ့မတ်မတ်ရပ်ရင်း မင်းတို့ဆရာမဟာလေ မှားတာကိုမှားတယ်လို့ပြောရဲခဲ့တယ်။ဆန့်ကျင်ရဲခဲ့တယ်လို့ပြောပြချင်သေးတာ။
အမှန်တရားကို မှားပါတယ်လို့လိမ်ညာပြီးထောက်ခံအားပေးမလုပ်ခဲ့တာ ကလေးတွေရှေ့လိပ်ပြာသန့်စွာနဲ့ရပ်ပြီစာသင်ချင်လို့ပါ။
ကိုယ်က ကျန်းမာရေးမကောင်းပါဘူး။ဒါပေမဲ့ ကိုယ်လုပ်နိုင်သလောက်တော့ ပြည်သူ့အပေါ်တာဝန်ကျေခဲ့တယ်။
ဆက်ပြီးလည်း အဆုံးထိတာဝန်ကျေသွားမှာပါ။
လူတိုင်းမှာ သမိုင်းဆိုတာရှိကြပါတယ်။
ကိုယ့်သမိုင်းကောင်းမကောင်းဆိုတာ ကိုယ့်ရဲ့လုပ်ဆောင်ချက်အပေါ်မှာပဲ မူတည်ပါတယ်။
လူဖြစ်ရတဲ့ခဏလေးမှာ သမိုင်းကောင်းအောင် ကြိုးစားကြပါ။
အရေးတော်ပုံ အောင်ကိုအောင်ရမည်။
Zawgyi
CDM လုပ္လို႔ စာသင္ခန္းကို ျပန္လာခြင့္မရေတာ့ရင္ ခြင့္လႊတ္ၾကပါ တပည့္တို႔ေရ
တပည့္ေတြအေပၚ သမိုင္းဆိုးကိုအားေပးတဲ့ဆရာမအျဖစ္ အျဖစ္မခံလို ေႏြဦးေတာ္လွန္ေရး ေအာင္ျမင္မယ့္ အထိ CDM လုပ္သြားမယ္
လက္မွတ္ထိုးမွ ထုတ္ရမယ္ဆိုလို႔(30.4.2021ရက္ေန႔)လစာသြားမထုတ္ခဲ့ပါဘူး။
ကိုယ္က မခ်မ္းသာပါဘူး။ဒါေပမဲ့ ဘယ္သူ႔အကူအညီမွလည္း မေတာင္းဆိုဘူး။ေတာင္းဆိုစရာလည္း မလိုပါဘူး။
ျပည္သူေတြအေပၚ ကိုယ္လုပ္ခဲ့တဲ့လုပ္ရပ္ဟာ အၿမဲသစၥာရွိေနပါမယ္။
လစာမရလို႔ ငတ္ေသသြားပါေစ။တပည့္ေတြအေပၚ သမိုင္းဆိုးကိုအားေပးတဲ့ဆရာမအျဖစ္ကို အျဖစ္မခံႏိုင္ပါဘူး။
ျပည္သူေတြအေပၚႏိုင္ငံအေပၚလည္း ေပးခဲ့တဲ့ကတိကို ထာဝရ တည္ၿမဲေနပါမယ္။
စာသင္ခန္းကို ျပန္လာခြင့္မရေတာ့ရင္ျဖင့္ ခြင့္လႊတ္ၾကပါ ငါတပည့္တို႔ေရ။
တပည့္ေတြကိုသိပ္ခ်စ္တတ္တဲ့ဒီဆရာမ၊ဆရာမလုပ္ခ်င္လုပ္ကိုဘဝကိုျမႇဳပ္ႏွံလာခဲ့တဲ့ ဆရာမ။
ဒီဆရာမဟာ မင္းတို႔ေလးေတြနဲ႔စာသင္ခန္းေတြကို သိပ္လြမ္းေနမွာဆိုတာေတာ့ မင္းတို႔ယုံၾကမွာပါ ။
ေသခ်ာတာကေတာ့ ဒီမိုကေရစီစာသင္ခန္းမွာ ဆရာမတပည့္တို႔ကို ကမာၻေျမရဲ႕ေလာကႀကီး အေၾကာင္းေတြ ဓမၼနဲ႔အဓမၼေတြအေၾကာင္းေတြ စကားေတြ အမ်ားႀကီး ေျပာျပခ်င္ေသးတာပဲ။
အသက္ေပးၿပီးက်ဆုံးသြားရတဲ့သူရဲေကာင္းေတြနဲ႔အတူ ေႏြဦးေတာ္လွန္ေရးေအာင္ျမင္သည္အထိ CDM လုပ္သြားမွာပါ။
အေရးအႀကီးဆုံးက ကိုယ့္လိပ္ျပာကိုယ္လုံဖို႔ပဲ။
ကေလးေတြေရွ႕မတ္မတ္ရပ္ရင္း မင္းတို႔ဆရာမဟာေလ မွားတာကိုမွားတယ္လို႔ေျပာရဲခဲ့တယ္။ဆန္႔က်င္ရဲခဲ့တယ္လို႔ေျပာျပခ်င္ေသးတာ။
အမွန္တရားကို မွားပါတယ္လို႔လိမ္ညာၿပီးေထာက္ခံအားေပးမလုပ္ခဲ့တာ ကေလးေတြေရွ႕လိပ္ျပာသန္႔စြာနဲ႔ရပ္ၿပီစာသင္ခ်င္လို႔ပါ။
ကိုယ္က က်န္းမာေရးမေကာင္းပါဘူး။ဒါေပမဲ့ ကိုယ္လုပ္ႏိုင္သေလာက္ေတာ့ ျပည္သူ႔အေပၚတာဝန္ေက်ခဲ့တယ္။
ဆက္ၿပီးလည္း အဆုံးထိတာဝန္ေက်သြားမွာပါ။
လူတိုင္းမွာ သမိုင္းဆိုတာရွိၾကပါတယ္။
ကိုယ့္သမိုင္းေကာင္းမေကာင္းဆိုတာ ကိုယ့္ရဲ႕လုပ္ေဆာင္ခ်က္အေပၚမွာပဲ မူတည္ပါတယ္။
လူျဖစ္ရတဲ့ခဏေလးမွာ သမိုင္းေကာင္းေအာင္ ႀကိဳးစားၾကပါ။
အေရးေတာ္ပုံ ေအာင္ကိုေအာင္ရမည္။