အခက်အခဲတွေကြားမှာ ဆန္ဒထုတ်ဖော်နေတဲ့ ပြည်သူလူထု အမောပြေစေရန်အအေးများလှူဒါန်းခဲ့တဲ့ ဘေဘီမောင်

အခက်အခဲတွေကြားမှာ ဆန္ဒထုတ်ဖော်နေတဲ့ ပြည်သူလူထု အမောပြေစေရန်အအေးများလှူဒါန်းခဲ့တဲ့ ဘေဘီမောင်

ပရိတ်သတ်ကြီးရေ ခုမြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ကြောင့် ပြည်သူလူထုအနေနဲ့ တတ်နိုင်တဲ့ဘက်ကနေအစွမ်းကုန်ပါဝင်ကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုတွေလုပ်ဆောင်နေကြတာကို အားလုံးလည်းသိမြင်ကြမယ်ထင်ပါတယ်နော်။ နိုင်ငံတကာရဲ့စိတ်ဝင်စားမှုခံနေရတဲ့ ဒီတော်လှန်ရေးတိုက်ပွဲကြီးဟာဆိုရင် ပြည်သူတွေအပြင် နယ်ပယ်အသီးသီးမှ လူကြီးလူငယ်မရွေးတဲ့ အနုပညာရှင်များစွာပါဝင်နေတာလည်းဖြစ်ပါတယ်။

ထိုထဲမှာမှ မင်းသမီးချောလေး ဘေဘီမောင်ကလည်း စွမ်းစွမ်းတမံပါဝင်အားဖြည့်နေတာကိုလေးစားစွာတွေ့မြင်ရပါတယ်နော်။ ယုံကြည်ချက်တွေအတွက် ကောင်းမွန်တဲ့အနာဂါတ်ကိုရရှိစေရန် နေ့စဉ်နေ့တိုင်း ရရာနေရာကနေ အင်တိုက်အားတိုက် ပါဝင်ရပ်တည်ကာ လမ်းမပေါ်ထွက်ပြီး ပြည်သူတစ်ယောက်အနေနဲ့ တာဝန်ကြေပွန်စွာ ဆန္ဒထုတ်ဖော်မှုတွေပြုလုပ်နေတာလည်းဖြစ်ပါတယ်။

ဆန္ဒထုတ်ဖော်မှုတွေပြုလုပ်တဲ့အပြင် အစားအသောက်များဝေငှခြင်းနဲ့ ကွယ်လွန်သွားတဲ့ တော်လှန်ရေးခေါင်းဆောင်များကို အလှူငွေများလှူဒါန်းခြင်းတွေလည်းပြုလုပ်ခဲ့ပါသေးတယ်။အခုလည်း ဆန္ဒထုတ်ဖော်နေတဲ့ ပြည်သူတွေ အမောပြေစေရန်အတွက် အအေးဗူးများ များစွာလိုက်ဝေငှခဲ့ပြန်ပါတယ်။ပုံလေးတွကြည့်ပြီးလေးစားမိတာကြောင့်ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Zawgyi





Leave a Reply

Your email address will not be published. Required fields are marked *