ထောင်ထဲမှာပဲဖြတ်သန်းနေရတဲ့ ကိုလူမင်းရဲ့(၅၁)နှစ်ပြည့်မွေးနေ့အတွက် ဆုမွန်ကောင်းတောင်းပေးလိုက်တဲ့ မင်းမော်ကွန်း
ထောင်ထဲမှာပဲဖြတ်သန်းနေရတဲ့ ကိုလူမင်းရဲ့(၅၁)နှစ်ပြည့်မွေးနေ့အတွက် ဆုမွန်ကောင်းတောင်းပေးလိုက်တဲ့ မင်းမော်ကွန်း
ပရိတ်သတ်တွေကြီးရေ…..ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မင်းသားကြီး ကိုလူမင်းဟာဆိုရင်ရုပ်ရှင်ဇာတ်ကောင်းပေါင်းများစွာကိုကျရာဇာတ်ရုပ်တိုင်းပီပြင်ပိုင်နိုင်စွာသရုပ်ဆောင်နိုင်တဲ့အတွက် အကယ်ဒမီထူးချွန်ဆုကြီးကို ထိုက်ထိုက်တန်တန်ဆွတ်ခူးရရှိခဲ့တဲ့ မင်းသားတစ်လက်ပဲဖြစ်ပါတယ်နော်.။
ကိုလူမင်းဟာဆိုရင် ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကိုအပြည့်အဝရရှိထားတဲ့အပြင် အနုပညာရှင်အချင်းချင်းတွေကပါ ကိုလူမင်းကိုချစ်ခင်ကြတဲ့အတွက် အန်ကယ်လေးဆိုပြီးချစ်စနိုးနဲ့တောင်ခေါ်ဆိုနေကြတာပဲဖြစ်ပါတယ်နော်..။အန်ကယ်လေးက ချစ်စရာကောင်းပြီးအိမ်ထောင်ရှင်မပီသလွန်းတဲ့ ဇနီချောလေး ခင်စံပယ်ဦးကိုပိုင်ဆိုင်ထားတဲ့အပြင် လိမ်မာရေးခြားရှိကြတဲ့သားနဲ့သမီးကိုလည်းပိုင်ဆိုင်ထားပြီး သာယာပျော်ရွှင်စရာမိသားစုဘဝလေးကို ဖြတ်သန်းနေကြတာပဲဖြစ်ပါတယ်။
အန်ကယ်လေးက ခုလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူလူထုနဲ့အတူအမှန်တရားဘက်က အပြည့်အဝရပ်တည်ခဲ့တဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။လူထုလှုပ်ရှားမှုမှာ တက်ကြွစွာပါဝင်ခဲ့တဲ့အန်ကယ်လေးက ပုဒ်မ ၅၀၅(က)နဲ့အမှုဖွင့်ခံရတဲ့အသူတွေထဲမှာ ပါဝင်လာခဲ့တာပဲဖြစ်ပါတယ်နော်။အမှုဖွင့်ခံရပြီးတဲ့အချိန်မှစပြီး ရှောင်တိမ်းနေခဲ့ရတဲ့အန်ကယ်လေးက သူတည်းခိုနေတဲ့အိမ်မှာပဲ ဖမ်းဆီးခံလိုက်တာပဲဖြစ်ပါတယ်နော်..။အဲ့ဒီလိုအန်ကယ်လေးဖမ်းဆီးခံလိုက်ရတဲ့အပေါ်မှာ ပရိတ်သတ်တွေကလည်းများစွာ ဝမ်းနည်း စိတ်မကောင်းဖြစ်နေကြတာပဲဖြစ်ပါတယ်..။
ဒီကနေ့ဟာဆိုရင် ပြည်သူချစ်အကယ်မင်းသာကြီးကိုလူမင်းရဲ့ အသက်(၅၁)နှစ်ပြည့်တဲ့မွေးနေ့လေးပဲဖြစ်ပါတယ်နော်.။အရင်လိုမိသားစုစုံစုံလင်လင်နဲ့မွေးနေ့ပွဲကိုမကျင်းပရပဲ ထောင်ထဲမှာပဲဖြတ်သန်းနေရတဲ့ကိုလူမင်းကို ပရိတ်သတ်တွေကလည်း ဝမ်းနည်းကြေကွဲနေကြတာပဲဖြစ်ပါတယ်နော်။မွေးနေ့ကိုထောင်ထဲမှပဲဖြတ်သန်းနေရတဲ့ ကိုလူမင်းရဲ့မေေွးနေ့လေးကို သတိရနဲ့မွေးနေ့ဆုတောင်းပေးလာတဲ့သူကတော့ မင်းသားချော မင်းမော်ကွန်းပဲဖြစ်ပါတယ်နော်။
မင်းမော်ကွန်းက ” ပျော်စရာကောင်းတဲ့မွေးနေ့မဟုတ်ပေမယ့် ကျန်းမာစေကြောင်း အန္ဒရာယ်ကင်းပါစေကြောင်း ဆုတောင်းပါတယ် မိသားစုတွေအမြန်ဆုံကြပါစေ” ဆိုပြီး မွေးနေ့ဆုတောင်းပေးလိုက်ပဲဖြဟ်ပါတယ်နော်..။ကိုလူမင်းတစ်ယောက် အချုပ်အနှောင်ဘဝမှ အမြန်ဆုံးလွတ်မြောက်ပြီး မိသားစုနဲ့အမြန်ဆုံးပြန်လည်ဆုံဆည်းပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်…။ဖတ်ရှုပေးတဲ့ပရိတ်သတ်တစ်ယောက်ျင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နော်…။
Zawgyi
Leave a Reply
Your email address will not be published. Required fields are marked *