NUG အစိုးရကို နားလည်ပေးဖို့လိုကြောင်း ကိုတေဇာဆန်းပြော

NUG အစိုးရကို နားလည်ပေးဖို့လိုကြောင်း ကိုတေဇာဆန်းပြော

ယခုဆိုရင် ကျနော်တို့ “အမျိုးသားညီညွတ်ရေးအစိုးရ” (NUG) က စစ်အာဏာရှင်စနစ် အမြစ်ပြတ် တွန်းလှန်ရေး၊ ပြည်သူလူထုကို ကာကွယ်ရေးအတွက် “ပြည်သူ့ကာကွယ်ရေးတပ်မတော်” (PDF) ကို ဖွဲ့စည်းခဲ့ပြီး ဖြစ်တယ်။ ကျနော်တို့လူထုအနေနဲ့ ပြည်သူ့တပ်မတော် PDF ကို အင်အားရှိသထက် ရှိလာအောင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့၊ အဖက်ဖက်က အားပေးကူညီကြဖို့ အထူးအရေးကြီးလာပါတယ်။

NUG ရဲ့ကြိုးပမ်းမှု၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများရဲ့ ကူညီမှုနဲ့ ပြည်သူလူထုရဲ့ ပါဝင်မှုတို့ကနေ ဖြစ်တည်လာတဲ့ PDF သည် လူထုကို ကာကွယ်ပေးမယ့်၊ အနာဂတ် ဖက်ဒရယ်တပ်မတော်၏ ရှေ့ပြေးအမြုတေဖြစ်မယ့် အင်အားကြီးပဲ ဖြစ်ပါတယ်။ NUG အနေနဲ့ PDF ဖွဲ့စည်းလိုက်တာနဲ့အညီ ကာကွယ်ရေးဆိုင်ရာ ဆက်လက်ဆောင်ရွက်ရန် ကိစ္စများကိုလည်း အချိန်နဲ့တပြေးညီ ဆောင်ရွက်နေမယ်လို့ သိရှိနားလည်ရပါတယ်။ ဒီလုပ်ငန်းစဉ်‌တွေအတွက် အချိန်တစ်ခု ယူရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီအတွက် ကျနော်တို့ နားလည်ပေးဖို့ လိုပါမယ်။

ဒီအချိန်မှာပဲ ကျနော့်အနေနဲ့ ပြည်သူလူထုကို အရေးတကြီး တင်ပြဆွေးနွေးလိုတာ ရှိလာပါတယ်။ ကျနော်တို့ ပြည်သူလူထု လက်ရှိဆောင်ရွက်နေတဲ့ လမ်းမထက်က လူထုသပိတ်ဆန္ဒပြမှုတွေ၊ CDM လှုပ်ရှားမှုတွေ၊ လူထုရဲ့ “ဘူး” သပိတ်တွေရဲ့ အခန်းကဏ္ဍနဲ့ (အသက်တမျှ) အရေးပါမှုအကြောင်းပါ။

အာဏာသိမ်းစစ်ကောင်စီရဲ့ ရက်ရက်စက်စက် အကြမ်းဖက်မှုတွေကြောင့် ပြီးခဲ့တဲ့ မတ်လကုန်လောက်ကစပြီး ပြည်သူလူထုကြားထဲမှာ အကြောက်တရားတွေ သိသိသာသာ ပျံ့နှံစိုးမိုးလာပါတယ်။ ဒါကလည်း လူထုကို အပြစ်တင်စရာမရှိပါဘူး။ ဒီလောက် လူထုအပေါ် အကြမ်းဖက်၊ သတ်ဖြတ်၊ နှိပ်စက်နေတဲ့ကြားက ဒီလောက်ထိ လူထုသပိတ်လှုပ်ရှားမှု၊ CDM Movement တွေ ဆက်ရှိနေတာကိုက လူထုကို အင်မတန် ဂုဏ်ပြု၊ လေးစားထိုက်နေပါပြီ။ အခုဆို အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်ရက်စက်မှုများ၊ အင်တာနက် ဖြတ်တောက်မှုကြောင့် သတင်းအချက်အလက် ပျက်တောက်မှုများကြောင့် လမ်းမထက် သပိတ်တွေက တစ်စုံတစ်ရာ အင်အားနည်းလာသလို ရှိလာပါတယ်။

အချို့ကျတော့လည်း ဒီသပိတ်/CDM Movement တွေရဲ့ အရေးပါမှုနဲ့ အခန်းကဏ္ဍကို လျော့တွက်တာမျိုး ရှိနိုင်ပါတယ်။ ဒီအချိန်မှာ ဒါတွေက လိုအပ်သေးလို့လား၊ အကျိုးရှိရဲ့လားဆိုတဲ့ မေးခွန်းမျိုးတွေ ရှိနိုင်ပါတယ်။ ကျနော်တို့အနေနဲ့ လက်ရှိဆောင်ရွက်နေကြတဲ့ သပိတ်ဆန္ဒပြမှုများနဲ့ CDM လှုပ်ရှားမှုတို့ရဲ့ အကျိုးကျေးဇူးနဲ့ အကျိုးသက်ရောက်မှုများကို လျော့မတွက်သင့်ပါဘူး။ ဒီသပိတ်လှုပ်ရှားမှုတွေကြောင့် အကြမ်းဖက်အာဏာသိမ်းစစ်အုပ်စုကို လူထုက လက်မခံဘူး၊ ဆန့်ကျင်တယ်ဆိုတဲ့ သတင်းစကားက အချိန်တိုင်းမှာ ကမ္ဘာကိုကော၊ မြန်မာကိုပါ ပြန့်နှံ့စေခြင်း ဖြစ်တယ်။ စစ်ကောင်စီသည် တရားမဝင်၊ အာဏာသိမ်းအုပ်စုဖြစ်တယ်ဆို ကျနော်တို့ လူထုသပိတ်တွေက အကောင်းဆုံး သက်သေထူနေကြခြင်း ဖြစ်တယ်။

ဒီအချိန်မှာ ဒီသပိတ်လှုပ်ရှားမှုတွေက လုံးလုံး အသုံးမဝင်တော့ဘူးဆိုတာမျိုးကလည်း လုံးဝ မဟုတ်ပါဘူး။ ခေတ်အဆက်ဆက် အာဏာရှင်အဆက်ဆက် မကြားချင်ဆုံးအသံက ကျနော်တို့ လူထုရဲ့ “ဒို့အရေး” ဆိုတဲ့ အသံပဲ ဖြစ်ပါတယ်။ လူထုရဲ့ “ဒို့အရေး” အသံသည် စစ်အာဏာရှင်မှန်သမျှကို ကြောက်ဒူးတုန်စေပါတယ်။ နောက်ဆုံး‌ပြောရရင် ညသံပုံးတီးသံကအစ သူတို့ကို များစွာဒုက္ခပေးပါတယ်။ ဒါတွေအားလုံးက အကြမ်းဖက်စစ်အုပ်စုရဲ့ တရားမဝင်မှု သရုပ်မှန်ကို ဖော်ပြနေကြခြင်း ဖြစ်ပါတယ်။ နောက်၊ လူထုသပိတ်တွေနဲ့ CDM ဆိုတာကလည်း တစ်ခုနဲ့တစ်ခု အပြန်အလှန် အမှီသဟဲ ပြုနေကြပါတယ်။ ကျနော်တို့ လူထုသပိတ်ရေချိန် ကျသွားတာနဲ့ အာဏာရှင်က CDM လှုပ်ရှားသူတွေကို ပိုပြီးဖိနှိပ်လာမှာလည်း ဖြစ်ပါတယ်။

ဒါ့ကြောင့် ကျနော်တို့ လူထုအနေနဲ့ ဒီသပိတ်ဆန္ဒပြမှုများ၊ CDM လှုပ်ရှားမှုများကို ဆက်လက်ဆင်နွှဲကြဖို့က အထူးအရေးကြီးကြောင်း၊ ဒီလှုပ်ရှားမှု‌တွေအပေါ်မှာ စိတ်လျော့၊ အားလျော့လိုက်လို့ မဖြစ်သေးကြောင်း လေးစားစွာ တင်ပြလိုပါတယ်။ ကျနော်တို့ စစ်အာဏာရှင်ကို အသွင်ပုံစံမျိုးစုံ၊ နည်းလမ်းပေါင်းစုံနဲ့ ဆက်လက် တွန်းလှန်ကြပါစို့။

ကျနော်တို့ မျှော်လင့်ချက်တွေက ကြီးမားတယ်။ ကျနော်တို့က အကိုင်းအခတ်ကို ခုတ်‌နေတာမဟုတ်၊ အမြစ်ကို နှုတ်နေကြတာမဟုတ်လား။ ဒီခရီးအတွက် ကျနော်တို့ သက်လုံ ကောင်းရပါလိမ့်မယ်။ နတ်စီတဲ့ အိပ်မက်လှလှများ လွယ်လွယ်နဲ့ မရနိုင်။ ဒီ ၂၀၂၁ နွေဦးတော်လှန်ရေးမှာ ပေးဆပ်ခဲ့ရတဲ့ အသက်တစ်ချောင်းချင်း၊ သွေးတစ်စက် ချွေးတစ်စက်ချင်းစီအတွက် ကျနော်တို့ တရားမျှတမှု ပြန်လည်ရယူရပါလိမ့်မယ်။

အောင်မောင်း၊ တောင့်ထား . . .

#သပိတ်သပိတ်_မှောက်မှောက်

#ဆန္ဒဆန္ဒ_ပြပြ

#ကြောက်ခေတ်ကို_မှောက်ပစ်ကြ

#ကမ္ဘာမကြေဘူး

#မလျော့ဘူး

#သွေးမအေးဘူး

#နောက်မဆုတ်ဘူး

#တိုက်ပွဲရှိရင်_အောင်ပွဲရှိတယ်

#စစ်အာဏာရှင်စနစ်_မုချကျရှုံးရမည်

#‌အရေးတော်ပုံ_အောင်ရမည်

Zawgyi

NUG အစိုးရကို နားလည္ေပးဖို႔လိုေၾကာင္း ကိုေတဇာဆန္းေျပာ

ယခုဆိုရင္ က်ေနာ္တို႔ “အမ်ိဳးသားညီၫြတ္ေရးအစိုးရ” (NUG) က စစ္အာဏာရွင္စနစ္ အျမစ္ျပတ္ တြန္းလွန္ေရး၊ ျပည္သူလူထုကို ကာကြယ္ေရးအတြက္ “ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္” (PDF) ကို ဖြဲ႕စည္းခဲ့ၿပီး ျဖစ္တယ္။ က်ေနာ္တို႔လူထုအေနနဲ႔ ျပည္သူ႔တပ္မေတာ္ PDF ကို အင္အားရွိသထက္ ရွိလာေအာင္ ပူးေပါင္းပါဝင္ေဆာင္႐ြက္ၾကဖို႔၊ အဖက္ဖက္က အားေပးကူညီၾကဖို႔ အထူးအေရးႀကီးလာပါတယ္။

NUG ရဲ႕ႀကိဳးပမ္းမႈ၊ တိုင္းရင္းသားေတာ္လွန္ေရး အဖြဲ႕အစည္းမ်ားရဲ႕ ကူညီမႈနဲ႔ ျပည္သူလူထုရဲ႕ ပါဝင္မႈတို႔ကေန ျဖစ္တည္လာတဲ့ PDF သည္ လူထုကို ကာကြယ္ေပးမယ့္၊ အနာဂတ္ ဖက္ဒရယ္တပ္မေတာ္၏ ေရွ႕ေျပးအျမဳေတျဖစ္မယ့္ အင္အားႀကီးပဲ ျဖစ္ပါတယ္။ NUG အေနနဲ႔ PDF ဖြဲ႕စည္းလိုက္တာနဲ႔အညီ ကာကြယ္ေရးဆိုင္ရာ ဆက္လက္ေဆာင္႐ြက္ရန္ ကိစၥမ်ားကိုလည္း အခ်ိန္နဲ႔တေျပးညီ ေဆာင္႐ြက္ေနမယ္လို႔ သိရွိနားလည္ရပါတယ္။ ဒီလုပ္ငန္းစဥ္‌ေတြအတြက္ အခ်ိန္တစ္ခု ယူရတာမ်ိဳးလည္း ျဖစ္ႏိုင္ပါတယ္။ ဒီအတြက္ က်ေနာ္တို႔ နားလည္ေပးဖို႔ လိုပါမယ္။

ဒီအခ်ိန္မွာပဲ က်ေနာ့္အေနနဲ႔ ျပည္သူလူထုကို အေရးတႀကီး တင္ျပေဆြးေႏြးလိုတာ ရွိလာပါတယ္။ က်ေနာ္တို႔ ျပည္သူလူထု လက္ရွိေဆာင္႐ြက္ေနတဲ့ လမ္းမထက္က လူထုသပိတ္ဆႏၵျပမႈေတြ၊ CDM လႈပ္ရွားမႈေတြ၊ လူထုရဲ႕ “ဘူး” သပိတ္ေတြရဲ႕ အခန္းက႑နဲ႔ (အသက္တမွ်) အေရးပါမႈအေၾကာင္းပါ။

အာဏာသိမ္းစစ္ေကာင္စီရဲ႕ ရက္ရက္စက္စက္ အၾကမ္းဖက္မႈေတြေၾကာင့္ ၿပီးခဲ့တဲ့ မတ္လကုန္ေလာက္ကစၿပီး ျပည္သူလူထုၾကားထဲမွာ အေၾကာက္တရားေတြ သိသိသာသာ ပ်ံ႕ႏွံစိုးမိုးလာပါတယ္။ ဒါကလည္း လူထုကို အျပစ္တင္စရာမရွိပါဘူး။ ဒီေလာက္ လူထုအေပၚ အၾကမ္းဖက္၊ သတ္ျဖတ္၊ ႏွိပ္စက္ေနတဲ့ၾကားက ဒီေလာက္ထိ လူထုသပိတ္လႈပ္ရွားမႈ၊ CDM Movement ေတြ ဆက္ရွိေနတာကိုက လူထုကို အင္မတန္ ဂုဏ္ျပဳ၊ ေလးစားထိုက္ေနပါၿပီ။ အခုဆို အာဏာသိမ္းစစ္အုပ္စုရဲ႕ အၾကမ္းဖက္ရက္စက္မႈမ်ား၊ အင္တာနက္ ျဖတ္ေတာက္မႈေၾကာင့္ သတင္းအခ်က္အလက္ ပ်က္ေတာက္မႈမ်ားေၾကာင့္ လမ္းမထက္ သပိတ္ေတြက တစ္စုံတစ္ရာ အင္အားနည္းလာသလို ရွိလာပါတယ္။

အခ်ိဳ႕က်ေတာ့လည္း ဒီသပိတ္/CDM Movement ေတြရဲ႕ အေရးပါမႈနဲ႔ အခန္းက႑ကို ေလ်ာ့တြက္တာမ်ိဳး ရွိႏိုင္ပါတယ္။ ဒီအခ်ိန္မွာ ဒါေတြက လိုအပ္ေသးလို႔လား၊ အက်ိဳးရွိရဲ႕လားဆိုတဲ့ ေမးခြန္းမ်ိဳးေတြ ရွိႏိုင္ပါတယ္။ က်ေနာ္တို႔အေနနဲ႔ လက္ရွိေဆာင္႐ြက္ေနၾကတဲ့ သပိတ္ဆႏၵျပမႈမ်ားနဲ႔ CDM လႈပ္ရွားမႈတို႔ရဲ႕ အက်ိဳးေက်းဇူးနဲ႔ အက်ိဳးသက္ေရာက္မႈမ်ားကို ေလ်ာ့မတြက္သင့္ပါဘူး။ ဒီသပိတ္လႈပ္ရွားမႈေတြေၾကာင့္ အၾကမ္းဖက္အာဏာသိမ္းစစ္အုပ္စုကို လူထုက လက္မခံဘူး၊ ဆန႔္္က်င္တယ္ဆိုတဲ့ သတင္းစကားက အခ်ိန္တိုင္းမွာ ကမာၻကိုေကာ၊ ျမန္မာကိုပါ ျပန႔္ႏွံ႔ေစျခင္း ျဖစ္တယ္။ စစ္ေကာင္စီသည္ တရားမဝင္၊ အာဏာသိမ္းအုပ္စုျဖစ္တယ္ဆို က်ေနာ္တို႔ လူထုသပိတ္ေတြက အေကာင္းဆုံး သက္ေသထူေနၾကျခင္း ျဖစ္တယ္။

ဒီအခ်ိန္မွာ ဒီသပိတ္လႈပ္ရွားမႈေတြက လုံးလုံး အသုံးမဝင္ေတာ့ဘူးဆိုတာမ်ိဳးကလည္း လုံးဝ မဟုတ္ပါဘူး။ ေခတ္အဆက္ဆက္ အာဏာရွင္အဆက္ဆက္ မၾကားခ်င္ဆုံးအသံက က်ေနာ္တို႔ လူထုရဲ႕ “ဒို႔အေရး” ဆိုတဲ့ အသံပဲ ျဖစ္ပါတယ္။ လူထုရဲ႕ “ဒို႔အေရး” အသံသည္ စစ္အာဏာရွင္မွန္သမွ်ကို ေၾကာက္ဒူးတုန္ေစပါတယ္။ ေနာက္ဆုံး‌ေျပာရရင္ ညသံပုံးတီးသံကအစ သူတို႔ကို မ်ားစြာဒုကၡေပးပါတယ္။ ဒါေတြအားလုံးက အၾကမ္းဖက္စစ္အုပ္စုရဲ႕ တရားမဝင္မႈ သ႐ုပ္မွန္ကို ေဖာ္ျပေနၾကျခင္း ျဖစ္ပါတယ္။ ေနာက္၊ လူထုသပိတ္ေတြနဲ႔ CDM ဆိုတာကလည္း တစ္ခုနဲ႔တစ္ခု အျပန္အလွန္ အမွီသဟဲ ျပဳေနၾကပါတယ္။ က်ေနာ္တို႔ လူထုသပိတ္ေရခ်ိန္ က်သြားတာနဲ႔ အာဏာရွင္က CDM လႈပ္ရွားသူေတြကို ပိုၿပီးဖိႏွိပ္လာမွာလည္း ျဖစ္ပါတယ္။

ဒါ့ေၾကာင့္ က်ေနာ္တို႔ လူထုအေနနဲ႔ ဒီသပိတ္ဆႏၵျပမႈမ်ား၊ CDM လႈပ္ရွားမႈမ်ားကို ဆက္လက္ဆင္ႏႊဲၾကဖို႔က အထူးအေရးႀကီးေၾကာင္း၊ ဒီလႈပ္ရွားမႈ‌ေတြအေပၚမွာ စိတ္ေလ်ာ့၊ အားေလ်ာ့လိုက္လို႔ မျဖစ္ေသးေၾကာင္း ေလးစားစြာ တင္ျပလိုပါတယ္။ က်ေနာ္တို႔ စစ္အာဏာရွင္ကို အသြင္ပုံစံမ်ိဳးစုံ၊ နည္းလမ္းေပါင္းစုံနဲ႔ ဆက္လက္ တြန္းလွန္ၾကပါစို႔။

က်ေနာ္တို႔ ေမွ်ာ္လင့္ခ်က္ေတြက ႀကီးမားတယ္။ က်ေနာ္တို႔က အကိုင္းအခတ္ကို ခုတ္‌ေနတာမဟုတ္၊ အျမစ္ကို ႏႈတ္ေနၾကတာမဟုတ္လား။ ဒီခရီးအတြက္ က်ေနာ္တို႔ သက္လုံ ေကာင္းရပါလိမ့္မယ္။ နတ္စီတဲ့ အိပ္မက္လွလွမ်ား လြယ္လြယ္နဲ႔ မရႏိုင္။ ဒီ ၂၀၂၁ ေႏြဦးေတာ္လွန္ေရးမွာ ေပးဆပ္ခဲ့ရတဲ့ အသက္တစ္ေခ်ာင္းခ်င္း၊ ေသြးတစ္စက္ ေခြၽးတစ္စက္ခ်င္းစီအတြက္ က်ေနာ္တို႔ တရားမွ်တမႈ ျပန္လည္ရယူရပါလိမ့္မယ္။

ေအာင္ေမာင္း၊ ေတာင့္ထား . . .

#သပိတ္သပိတ္_ေမွာက္ေမွာက္

#ဆႏၵဆႏၵ_ျပျပ

#ေၾကာက္ေခတ္ကို_ေမွာက္ပစ္ၾက

#ကမာၻမေၾကဘူး

#မေလ်ာ့ဘူး

#ေသြးမေအးဘူး

#ေနာက္မဆုတ္ဘူး

#တိုက္ပြဲရွိရင္_ေအာင္ပြဲရွိတယ္

#စစ္အာဏာရွင္စနစ္_မုခ်က်ရႈံးရမည္

#‌အေရးေတာ္ပုံ_ေအာင္ရမည္

Leave a Reply

Your email address will not be published. Required fields are marked *