သူမနေထိုင်တဲ့ငါးထပ်ခွဲတိုက်အိမ်ကြီးကိုထုတ်ဖော်ပြ သ လိုက်တဲ့ ပန်းရောင်ခြယ်

သူမနေထိုင်တဲ့ငါးထပ်ခွဲတိုက်အိမ်ကြီးကိုထုတ်ဖော်ပြ သ လိုက်တဲ့ ပန်းရောင်ခြယ်

အဆိုတော်မလေး ပန်းရောင်ခြယ်ကတော့ ဖခင်ဖြစ်သူ ဂရေဟမ်ရဲ့ ဂီတအမွေကို အပြည့်အဝဆပိခံထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ မ ကြာသေးမီ နာရီပိုင်းလောက်ကလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ နန်းတော် ကြီးတမျှခမ်းနားကျယ်ဝန်းလှပလွန်းသော သူမတို့မိသားစုနေထိုင်တဲ့ ငါးထပ်ခွဲတိုက်အိမ်ကြီးကို ထုတ်ဖော်ပြသလိုက်တာပဲ ဖြစ်ပါတယ်။

သူမကလည်း “ပန်းရောင် ရဲ့ private account မှာ memory လေးပြန်တက်လာလို့။ ဒီအိမ်လေး Mummy ဆောက်လို့ပြီးတာ ၅ နှစ်ရှိပြီ။ Mummy က engineering တို့ architecture တို့နဲ့ကျောင်းပြီးတာမဟုတ်တဲ့အတွက် ဒီပညာကိုတတ်ကျွမ်းလို့လုပ်တာမဟုတ်ပဲ မိသားစု အ တွက် business တစ်ခုဖြစ်အောင်ဆိုပြီး ငယ်ငယ်ထဲက တတ်သလောက်လေးနဲ့ စလုပ်ခဲ့တယ်၊ အမြဲလေ့လာတယ်၊ ကိုယ်တိုင် လည်းအ ရမ်း creative ဖြစ်တယ်။

ပန်းရောင်တို့ သားအဖသုံးယောက်က အနုပညာအလုပ်ကိုပဲ ချစ်ပြီးအားသန်တာ၊ စီးပွားရေးပိုင်းကို အားမသန်ကြဘူး။ မိသား စုထဲမှာ Mummy က business mind-set အရမ်းရှိလို့တော်သေးတယ် ဟီး။ Daddy နဲ့ အိမ်ထောင်ကျပြီး ပန်းရောင်ကိုမွေးတဲ့အချိန်အထိ ၂ ယောက်လုံးက တက္ကသိုလ်ကျောင်းသူကျေင်းသား ဘဝပဲရှိသေးတယ်။ Daddy က ဒရမ်တီးပြီးမိသားစုအတွက်ပိုက်ဆံရှာပေးတယ် Mummy ကလဲ မလိုတာမသုံးပဲ ရှိတဲ့ပိုက်ဆံလေးတွေကို စနစ်တကျသုံးတယ်။၂ ယောက်သားငယ်ငယ်ထဲကအတူ ဘဝကိုကြိုးစား ရုန်း ကန်ရင်းဖြတ်သန်းလာခဲ့တယ်။ Daddy အဆိုတော်ဖြစ်ပြီးနောက် ရှိုးပွဲတွေဆို အခွေရောင်းလို့ရလာတဲ့ ငွေတွေကို သူ့အတွက် ပိုက်ဆံအိတ်၊ စိန်ရွှေရတနာမဝယ်ဘဲ ဘိလပ်မြေတို့ အုတ်တို့ပဲဝယ်ခဲ့တယ်။

Daddy ရှာလို့ရလာတဲ့ အနုပညာကြေးတွေစုပြီး Mummy က မြေကွက်အလွတ်လေးတွေဝယ်လိုက်၊ အိမ်ဒီဇိုင်းအပြင်ရောအတွင်းရော စဉ်း စား၊ အခန်းဖွဲ့စည်းပုံ၊ နံရံကပ် wallpaper၊ မျက်နှာကြက်ဒီဇိုင်း၊ ပန်းရောင်တို့အတွက်ဆိုဗီရို မှန်တင်ခုံကပါအစ ကိုယ်တိုင်ဒီဇိုင်း စဉ်း စားပြီး ဖန်တီးပေးတယ်။ နေ့တိုင်း ဆိုက်ထဲဆင်းတယ်၊ ဆောက်လို့ပြီးပြီဆို အဲ့ခြံနဲ့အိမ်ကိုရောင်းလိုက်၊ ပြီးရင်နောက်တစ်ခြံဝယ်လိုက်၊ ဆော က် လိုက် ရောင်းလိုက် အဲ့လိုမျိုးစီးပွားရှာခဲ့တယ်။

အဲ့ဒါတင်မဟုတ်ဘူး Daddy ရဲ့ အခွေထုတ်လုပ်ရေးအပိုင်းမှာလဲ အခွေ promotion ဘယ်လိုလုပ်မယ်၊valentine’s album ဆိုရင် အ ခွေထဲမှာ postcard လက်ဆောင်လေးတွေဘယ်လိုထည့်ပေးမယ်၊ အခွေအတွက်တီဗွီကြော်ငြာဆက်လဲ ဒါရိုက်တာဦးပီတာ၊ ဦးမီးပွား တို့ နဲ့အတူ သူ edit ထိုင်ဆက်တယ်၊ album cover photoshoot မှာDaddy နဲ့ အတူရိုက်မယ့် မင်းသမီးဝတ်ဖို့ဝတ်စုံကအစ သူစဉ်းစားစီစဉ် ပေးတယ်။ အရမ်းထက်မြတ်ပြီး မိသားစုကိုလဲအရမ်းချစ်တဲ့သူတစ်ယောက်။ ပန်းရောင်တို့အတွက် ဒီအိမ်လေးဆောက်တဲ့အချိန် ၁ နှစ် နဲ့ ၈ လ အတွင်း ၅ ထပ်ခွဲကို သူနေ့တိုင်းတက်လိုက်ဆင်းလိုက်နဲ့ ဒူးခေါင်းအရွတ်ပါပါးသွားရှာတယ်။

ငယ်ငယ်ထဲက ပန်းရောင်တို့အိမ်ကို ဧည့်သည်လာပြီဆိုရင် “မသ ဉ္ဇာ ဆောက်ထားတဲ့အိမ်လေးက လှလိုက်တာ” ဆိုပြီးအမြဲကြားရတယ်။ အိမ်လှလှလေးတွေနဲ့နေခွင့်ရလို့ ကိုယ့်ကိုယ်ကို အရမ်းကံကောင်းတယ်လို့ထင်မိတယ်။ ပန်းရောင်အမြဲတွေးမိတယ်၊ အကယ်၍ပန်းရောင် အိမ်ထောင်ပြုခဲ့သည်ရှိသော်၊ Mummy လို ဇနီးကောင်း မိခင်ကောင်း ဖြစ်နိုင်ပါ့မလားပေါ့။

ကိုယ်ရဲ့အချိန်၊ အသိပညာအတတ်ပညာနဲ့ မေတ္တာတွေပေးပြီး ယောကျာ်းနဲ့ကလေးတွေကို ကျန်းမာပျော်ရွှင်အောင်ထားနိုင်ဖို့၊ ကိုယ့်အလှည့် ကျရင် အဲ့လိုပေးဆပ်နိုင်ပါ့မလားတွေးမိတယ်။ ပန်းရောင်တို့သုံးယောက်ရဲ့ ဘဝအတွက် Mummy က တန်ဖိုးမဖြတ်နိုင်တဲ့သူတစ်ယောက် 💕 ဒီလိုမိခင်မျိုးရဲ့ သမီးဖြစ်ရတာ အရမ်းဂုဏ်ယူတယ်။ မိဘရဲ့ ကျေးဇူးနဲ့မေတ္တာကတော့ ဘယ်တော့မှ ဆပ်လို့ကုန်မှာမဟုတ်ဘူး။ အတူရှိ နေတဲ့အချိန်တွေကို အမြဲတန်ဖိုးထားဖို့ကြိုးစားရင်း.. 💕” ဆိုပြီး ရေးသားထားတာပဲဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့် ပြန်လည်ကူးယူတင်ဆပ်ပေးလိုက် ရပါတယ်နော်။

Zawgyi

သူမေနထိုင္တဲ့ငါးထပ္ခြဲတိုက္အိမ္ႀကီးကိုထုတ္ေဖာ္ျပ သ လိုက္တဲ့ ပန္းေရာင္ျခယ္

အဆိုေတာ္မေလး ပန္းေရာင္ျခယ္ကေတာ့ ဖခင္ျဖစ္သူ ဂေရဟမ္ရဲ႕ ဂီတအေမြကို အျပည့္အဝဆပိခံထားသူတစ္ေယာက္လည္း ျဖစ္ပါတယ္။ မ ၾကာေသးမီ နာရီပိုင္းေလာက္ကလည္း သူမရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာမွာ ပုံေလးေတြ တင္ထားတာပဲ ျဖစ္ပါတယ္။ ဒါကေတာ့ နန္းေတာ္ ႀကီးတမွ်ခမ္းနားက်ယ္ဝန္းလွပလြန္းေသာ သူမတို႔မိသားစုေနထိုင္တဲ့ ငါးထပ္ခြဲတိုက္အိမ္ႀကီးကို ထုတ္ေဖာ္ျပသလိုက္တာပဲ ျဖစ္ပါတယ္။

သူမကလည္း “ပန္းေရာင္ ရဲ႕ private account မွာ memory ေလးျပန္တက္လာလို႔။ ဒီအိမ္ေလး Mummy ေဆာက္လို႔ၿပီးတာ ၅ ႏွစ္ရွိၿပီ။ Mummy က engineering တို႔ architecture တို႔နဲ႔ေက်ာင္းၿပီးတာမဟုတ္တဲ့အတြက္ ဒီပညာကိုတတ္ကြၽမ္းလို႔လုပ္တာမဟုတ္ပဲ မိသားစု အ တြက္ business တစ္ခုျဖစ္ေအာင္ဆိုၿပီး ငယ္ငယ္ထဲက တတ္သေလာက္ေလးနဲ႔ စလုပ္ခဲ့တယ္၊ အၿမဲေလ့လာတယ္၊ ကိုယ္တိုင္ လည္းအ ရမ္း creative ျဖစ္တယ္။

ပန္းေရာင္တို႔ သားအဖသုံးေယာက္က အႏုပညာအလုပ္ကိုပဲ ခ်စ္ၿပီးအားသန္တာ၊ စီးပြားေရးပိုင္းကို အားမသန္ၾကဘူး။ မိသား စုထဲမွာ Mummy က business mind-set အရမ္းရွိလို႔ေတာ္ေသးတယ္ ဟီး။ Daddy နဲ႔ အိမ္ေထာင္က်ၿပီး ပန္းေရာင္ကိုေမြးတဲ့အခ်ိန္အထိ ၂ ေယာက္လုံးက တကၠသိုလ္ေက်ာင္းသူေက်င္းသား ဘဝပဲရွိေသးတယ္။ Daddy က ဒရမ္တီးၿပီးမိသားစုအတြက္ပိုက္ဆံရွာေပးတယ္ Mummy ကလဲ မလိုတာမသုံးပဲ ရွိတဲ့ပိုက္ဆံေလးေတြကို စနစ္တက်သုံးတယ္။၂ ေယာက္သားငယ္ငယ္ထဲကအတူ ဘဝကိုႀကိဳးစား ႐ုန္း ကန္ရင္းျဖတ္သန္းလာခဲ့တယ္။ Daddy အဆိုေတာ္ျဖစ္ၿပီးေနာက္ ရႈိးပြဲေတြဆို အေခြေရာင္းလို႔ရလာတဲ့ ေငြေတြကို သူ႔အတြက္ ပိုက္ဆံအိတ္၊ စိန္ေ႐ႊရတနာမဝယ္ဘဲ ဘိလပ္ေျမတို႔ အုတ္တို႔ပဲဝယ္ခဲ့တယ္။

Daddy ရွာလို႔ရလာတဲ့ အႏုပညာေၾကးေတြစုၿပီး Mummy က ေျမကြက္အလြတ္ေလးေတြဝယ္လိုက္၊ အိမ္ဒီဇိုင္းအျပင္ေရာအတြင္းေရာ စဥ္း စား၊ အခန္းဖြဲ႕စည္းပုံ၊ နံရံကပ္ wallpaper၊ မ်က္ႏွာၾကက္ဒီဇိုင္း၊ ပန္းေရာင္တို႔အတြက္ဆိုဗီ႐ို မွန္တင္ခုံကပါအစ ကိုယ္တိုင္ဒီဇိုင္း စဥ္း စားၿပီး ဖန္တီးေပးတယ္။ ေန႔တိုင္း ဆိုက္ထဲဆင္းတယ္၊ ေဆာက္လို႔ၿပီးၿပီဆို အဲ့ၿခံနဲ႔အိမ္ကိုေရာင္းလိုက္၊ ၿပီးရင္ေနာက္တစ္ၿခံဝယ္လိုက္၊ ေဆာ က္ လိုက္ ေရာင္းလိုက္ အဲ့လိုမ်ိဳးစီးပြားရွာခဲ့တယ္။

အဲ့ဒါတင္မဟုတ္ဘူး Daddy ရဲ႕ အေခြထုတ္လုပ္ေရးအပိုင္းမွာလဲ အေခြ promotion ဘယ္လိုလုပ္မယ္၊valentine’s album ဆိုရင္ အ ေခြထဲမွာ postcard လက္ေဆာင္ေလးေတြဘယ္လိုထည့္ေပးမယ္၊ အေခြအတြက္တီဗြီေၾကာ္ျငာဆက္လဲ ဒါ႐ိုက္တာဦးပီတာ၊ ဦးမီးပြား တို႔ နဲ႔အတူ သူ edit ထိုင္ဆက္တယ္၊ album cover photoshoot မွာDaddy နဲ႔ အတူ႐ိုက္မယ့္ မင္းသမီးဝတ္ဖို႔ဝတ္စုံကအစ သူစဥ္းစားစီစဥ္ ေပးတယ္။ အရမ္းထက္ျမတ္ၿပီး မိသားစုကိုလဲအရမ္းခ်စ္တဲ့သူတစ္ေယာက္။ ပန္းေရာင္တို႔အတြက္ ဒီအိမ္ေလးေဆာက္တဲ့အခ်ိန္ ၁ ႏွစ္ နဲ႔ ၈ လ အတြင္း ၅ ထပ္ခြဲကို သူေန႔တိုင္းတက္လိုက္ဆင္းလိုက္နဲ႔ ဒူးေခါင္းအ႐ြတ္ပါပါးသြားရွာတယ္။

ငယ္ငယ္ထဲက ပန္းေရာင္တို႔အိမ္ကို ဧည့္သည္လာၿပီဆိုရင္ “မသ ၪၨာ ေဆာက္ထားတဲ့အိမ္ေလးက လွလိုက္တာ” ဆိုၿပီးအၿမဲၾကားရတယ္။ အိမ္လွလွေလးေတြနဲ႔ေနခြင့္ရလို႔ ကိုယ့္ကိုယ္ကို အရမ္းကံေကာင္းတယ္လို႔ထင္မိတယ္။ ပန္းေရာင္အၿမဲေတြးမိတယ္၊ အကယ္၍ပန္းေရာင္ အိမ္ေထာင္ျပဳခဲ့သည္ရွိေသာ္၊ Mummy လို ဇနီးေကာင္း မိခင္ေကာင္း ျဖစ္ႏိုင္ပါ့မလားေပါ့။

ကိုယ္ရဲ႕အခ်ိန္၊ အသိပညာအတတ္ပညာနဲ႔ ေမတၱာေတြေပးၿပီး ေယာက်ာ္းနဲ႔ကေလးေတြကို က်န္းမာေပ်ာ္႐ႊင္ေအာင္ထားႏိုင္ဖို႔၊ ကိုယ့္အလွည့္ က်ရင္ အဲ့လိုေပးဆပ္ႏိုင္ပါ့မလားေတြးမိတယ္။ ပန္းေရာင္တို႔သုံးေယာက္ရဲ႕ ဘဝအတြက္ Mummy က တန္ဖိုးမျဖတ္ႏိုင္တဲ့သူတစ္ေယာက္ 💕 ဒီလိုမိခင္မ်ိဳးရဲ႕ သမီးျဖစ္ရတာ အရမ္းဂုဏ္ယူတယ္။ မိဘရဲ႕ ေက်းဇူးနဲ႔ေမတၱာကေတာ့ ဘယ္ေတာ့မွ ဆပ္လို႔ကုန္မွာမဟုတ္ဘူး။ အတူရွိ ေနတဲ့အခ်ိန္ေတြကို အၿမဲတန္ဖိုးထားဖို႔ႀကိဳးစားရင္း.. 💕” ဆိုၿပီး ေရးသားထားတာပဲျဖစ္ၿပီး ပရိသတ္ေတြအတြက္ ဒီသတင္းေလးကို တစ္ဆင့္ ျပန္လည္ကူးယူတင္ဆပ္ေပးလိုက္ ရပါတယ္ေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *