လောင်းတောင်ပြန်မရလို့ အရိုးပြာအိုးမပါဘဲ အဝတ်အစားလေးတွေသာထည့်မြုပ်ထားရတဲ့ သူရဲကောင်းတချို့ရဲ့အုတ်ဂူလေးများ

လောင်းတောင်ပြန်မရလို့ အရိုးပြာအိုးမပါဘဲ အဝတ်အစားလေးတွေသာထည့်မြုပ်ထားရတဲ့ သူရဲကောင်းတချို့ရဲ့အုတ်ဂူလေးများ

လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာဆိုရင် လူငယ်တွေနဲ့လူလတ်ပိုင်းအရွယ်တွေကပဲ သတ္တိအပြည့်နဲ့ရှေ့ဆုံးကနေဆောင်ရွက်နေကြတာဖြစ်ပါတယ်။လူထုလှုပ်ရှားမှုတွေမှာပါဝင်ရင်း ကျဆုံးသွားတဲ့သူရဲကောင်းတွေရဲ့ပေးဆပ်မှုတွေကို ပြည်သူလူထုက အမြဲအောက်မေ့သတိရနေကြတာဖြစ်ပါတယ်။

ဒီနေ့အချိန်ထိဆိုရင် ကျဆုံးသူရဲကောင်း(၇၀၀) ကျော်ရှိနေပြီဖြစ်ပြီး ကျန်ရစ်သူမိသားစုတွေခမျာမိမိတို့အိမ်မှာလူမစုံတော့တာကြောင့် နေ့တိုင်း ဝမ်းနည်းပူဆွေးနေရတာဖြစ်ပါတယ်။နွေဦးတော်လှန်ရေးမှာ အသက်ပေးသွားရတဲ့သူရဲကောင်းတွေရဲ့ အုတ်ဂူတွေကိုလည်း သေသေချာချာလုပ်ပေးထားကြတာဖြစ်ပါတယ်။

တချို့အုတ်ဂူလေးတွေဆိုရင် အလောင်းပြန်မရတာကြောင့် အရိုးပြာအိုးမပါဘဲ အဝတ်အစားလေးတွေသာထည့်မြုပ်ထားရတယ်လို့သိရပါတယ်။ကျန်ရစ်သူမိသားစုဝင်တွေကတော့ မိမိတို့ရဲ့သွေးသားရင်းခြာကိုလည်း ဆုံးရှုံးလိုက်ရတဲ့အပြင် နောက်ဆုံးအနေနဲ့ ကြွင်းကျန်ရစ်တဲ့ခန္ဓာကိုယ်တောင်ပြန်မရလို့ နာကျင်ခံစားနေရတာပဲဖြစ်ပါတယ်။

နောင်ဆိုရင် သမိုင်းဝင်ကျန်ရစ်နေမယ့် သူရဲကောင်းတွေရဲ့အုတ်ဂူလေးတွေကို ပန်းရံဆရာက ဆင်တူလေးတွေဆောက်လုပ်ပေးထားတာဖြစ်ပါတယ်။ပြည်သူလူထုကလည်း သူရဲကောင်းတွေရဲ့အုတ်ဂူလေးတွေကို တွေ့မြင်ပြီးကျန်ရစ်သူမိသားစုရဲ့ခံစားချက်ကို ကိုယ်ချင်းစာနာပေးနေကြတာဖြစ်ပါတယ်။

မိမိရဲ့အသက်ကိုတောင်စွန့်လွှတ်ပြီးအများအကျိုးအတွက် ရဲရင့်စွာပါဝင်ဆောင်ရွက်ခဲ့တဲ့ သူရဲကောင်းတွေရဲ့အုတ်ဂူလေးတွေကို ဝမ်းနည်းစွာနဲ့ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Zawgyi

ေလာင္းေတာင္ျပန္မရလို႔ အ႐ိုးျပာအိုးမပါဘဲ အဝတ္အစားေလးေတြသာထည့္ျမဳပ္ထားရတဲ့ သူရဲေကာင္းတခ်ိဳ႕ရဲ႕အုတ္ဂူေလးမ်ား

လက္ရွိျဖစ္ေပၚေနတဲ့အေျခအေနေတြမွာဆိုရင္ လူငယ္ေတြနဲ႔လူလတ္ပိုင္းအ႐ြယ္ေတြကပဲ သတၱိအျပည့္နဲ႔ေရွ႕ဆုံးကေနေဆာင္႐ြက္ေနၾကတာျဖစ္ပါတယ္။လူထုလႈပ္ရွားမႈေတြမွာပါဝင္ရင္း က်ဆုံးသြားတဲ့သူရဲေကာင္းေတြရဲ႕ေပးဆပ္မႈေတြကို ျပည္သူလူထုက အၿမဲေအာက္ေမ့သတိရေနၾကတာျဖစ္ပါတယ္။

ဒီေန႔အခ်ိန္ထိဆိုရင္ က်ဆုံးသူရဲေကာင္း(၇၀၀) ေက်ာ္ရွိေနၿပီျဖစ္ၿပီး က်န္ရစ္သူမိသားစုေတြခမ်ာမိမိတို႔အိမ္မွာလူမစုံေတာ့တာေၾကာင့္ ေန႔တိုင္း ဝမ္းနည္းပူေဆြးေနရတာျဖစ္ပါတယ္။ေႏြဦးေတာ္လွန္ေရးမွာ အသက္ေပးသြားရတဲ့သူရဲေကာင္းေတြရဲ႕ အုတ္ဂူေတြကိုလည္း ေသေသခ်ာခ်ာလုပ္ေပးထားၾကတာျဖစ္ပါတယ္။

တခ်ိဳ႕အုတ္ဂူေလးေတြဆိုရင္ အေလာင္းျပန္မရတာေၾကာင့္ အ႐ိုးျပာအိုးမပါဘဲ အဝတ္အစားေလးေတြသာထည့္ျမဳပ္ထားရတယ္လို႔သိရပါတယ္။က်န္ရစ္သူမိသားစုဝင္ေတြကေတာ့ မိမိတို႔ရဲ႕ေသြးသားရင္းျခာကိုလည္း ဆုံးရႈံးလိုက္ရတဲ့အျပင္ ေနာက္ဆုံးအေနနဲ႔ ႂကြင္းက်န္ရစ္တဲ့ခႏၶာကိုယ္ေတာင္ျပန္မရလို႔ နာက်င္ခံစားေနရတာပဲျဖစ္ပါတယ္။

ေနာင္ဆိုရင္ သမိုင္းဝင္က်န္ရစ္ေနမယ့္ သူရဲေကာင္းေတြရဲ႕အုတ္ဂူေလးေတြကို ပန္းရံဆရာက ဆင္တူေလးေတြေဆာက္လုပ္ေပးထားတာျဖစ္ပါတယ္။ျပည္သူလူထုကလည္း သူရဲေကာင္းေတြရဲ႕အုတ္ဂူေလးေတြကို ေတြ႕ျမင္ၿပီးက်န္ရစ္သူမိသားစုရဲ႕ခံစားခ်က္ကို ကိုယ္ခ်င္းစာနာေပးေနၾကတာျဖစ္ပါတယ္။

မိမိရဲ႕အသက္ကိုေတာင္စြန႔္လႊတ္ၿပီးအမ်ားအက်ိဳးအတြက္ ရဲရင့္စြာပါဝင္ေဆာင္႐ြက္ခဲ့တဲ့ သူရဲေကာင္းေတြရဲ႕အုတ္ဂူေလးေတြကို ဝမ္းနည္းစြာနဲ႔ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *