ဘုရားရှိခိုးဖို့ မပျင်းပါကြနဲ့၊ ဘုရားရှိခိုးခြင်းအကျိူး (၈) ပါး

ဘုရားရှိခိုးဖို့ မပျင်းပါကြနဲ့၊ ဘုရားရှိခိုးခြင်းအကျိူး (၈) ပါး

ကံကောင်းချင်ရင် ဘုရားရှိခိုးဖို့ မပျင်းပါနဲ့။ဘုရားရှိခိုး မပျင်းနဲ့ အချိန်ဖြုန်းတဲ့ အလုပ် မဟုတ်ဘူး တစ်နေ့လုံး သုံးဖို့ စိတ်တန်ခိုး ထုတ်လုပ်တာ စိတ် ဓါတ်ဆီ ထည့်တာ စိတ် စက်ဆီ ဖြည့်တာ။သန့်စင်တဲ့ စိတ်ဖြစ်အောင် ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ရေနဲ့ ဆေးတယ်လို့မှတ် စက်ကရိယာတွေကို ဆေးကြောသန့်စင်တယ်လို့ စိတ်ထဲ မှာ နှလုံးသွင်း ထား …။ ဘုရားရှိခိုး တာ ဘုရား ဂုဏ်တော် ပွားတာ မေတ္တာပို့ တာ ထွက်လေဝင်လေ စူးစိုက်ပြီးမှ ငါးမိနစ် ဆယ်မိနစ် တရားထိုင် တာဟာ ကျန်းမာရေး လဲရ စိတ်ခွန်အား လဲကောင်း စိတ်ကြံခိုင်ရေး လဲတိုးတယ်။ကိုယ်ခန္ဓာ ခွန်အား တိုးတက် ကိုယ်ခန္ဓာ ကြံခိုင်ရေး လဲတိုးတက် အကုန်လုံး အကောင်းတွေချည်းပါပဲ …။

ဘုရားရှိခိုး ပူဇော်ရသောအကျိုး ရှစ်ပါး – (၁) သွားလေ ရာရာ ရောက်လေရာ အရပ် ၁၀ မျက်နှာ တို့၌ အပူဇော် အချီးမြှောက် ကို ခံရခြင်း။ (၂) သွက်သွက် လက်လက်နှင့် ထက်မြတ်သော ဉာဏ် ပညာ ကိုရရှိ ခြင်း။ (၃) ကိုယ့် အလိုလိုက်ပြီး ကိုယ့် အကြိုက်ကိုသာ လုပ်ကိုင်ပေးကြသော အခြွေအရံ ပရိသတ်နှင့် ပြည့်စုံရ ခြင်း။ (၄) မရေ မတွက်နိုင်သော စည်းစိမ် ချမ်းသာနှင့် ပြည့်စုံ ခြင်း။ (၅) ဘဝ တိုင်း ဘဝ တိုင်း အဆင်း ရုပ်ရည် လှပ ခြင်း။ (၆) ကိုယ်လှ စိတ်လှ အတွင်း အပြင် လှပ သည့် အတွက် အများ ၏နှစ်သက်ခြင်း ကို ခံယူရခြင်း။

(၇) မိတ်ဆွေ အပေါင်း အသင်း တို့၏ချစ်ခင်ရိုသေလေးစားမှု ခိုင်မြဲ ခြင်း။ (၈) ကောင်းမြတ်သော သီတင်းကျော်စော ပျံ့နှံ့ခြင်း။ ဤ ၈ ပါးသော အကျိုး တို့ကို ဆုတောင်း ပတ္တနာ မပြုရဘဲ ဆုမတောင်း ရဘဲ ပြည့်စုံ ရသည်ဟု( တိဿ ရဏ ဂမနိယတ္ထေရ အပါဒါန် ) ပါဠိတော်မှာ လာသည် …။ ယုံယုံကြည်ကြည်နှင့် နေ့စဉ် မှန်မှန် ကြိုးစား ၍ ရှိခိုးကြပါ၊ ပူဇော်ကြ ပါ၊ ကျန်းမာ ချမ်းသာကြပါစေ။ မပျင်းကြနဲ့နော် …။

Zawgyi

ဘုရားရွိခိုးဖို႔ မပ်င္းပါၾကနဲ႔၊ ဘုရားရွိခိုးျခင္းအက်ိဴး (၈) ပါး

ကံေကာင္းခ်င္ရင္ ဘုရားရွိခိုးဖို႔ မပ်င္းပါနဲ႔။ဘုရားရွိခိုး မပ်င္းနဲ႔ အခ်ိန္ျဖဳန္းတဲ့ အလုပ္ မဟုတ္ဘူး တစ္ေန႔လုံး သုံးဖို႔ စိတ္တန္ခိုး ထုတ္လုပ္တာ စိတ္ ဓါတ္ဆီ ထည့္တာ စိတ္ စက္ဆီ ျဖည့္တာ။သန႔္စင္တဲ့ စိတ္ျဖစ္ေအာင္ ခႏၶာကိုယ္ အစိတ္အပိုင္းေတြကို ေရနဲ႔ ေဆးတယ္လို႔မွတ္ စက္ကရိယာေတြကို ေဆးေၾကာသန႔္စင္တယ္လို႔ စိတ္ထဲ မွာ ႏွလုံးသြင္း ထား …။ ဘုရားရွိခိုး တာ ဘုရား ဂုဏ္ေတာ္ ပြားတာ ေမတၱာပို႔ တာ ထြက္ေလဝင္ေလ စူးစိုက္ၿပီးမွ ငါးမိနစ္ ဆယ္မိနစ္ တရားထိုင္ တာဟာ က်န္းမာေရး လဲရ စိတ္ခြန္အား လဲေကာင္း စိတ္ႀကံခိုင္ေရး လဲတိုးတယ္။ကိုယ္ခႏၶာ ခြန္အား တိုးတက္ ကိုယ္ခႏၶာ ႀကံခိုင္ေရး လဲတိုးတက္ အကုန္လုံး အေကာင္းေတြခ်ည္းပါပဲ …။

ဘုရားရွိခိုး ပူေဇာ္ရေသာအက်ိဳး ရွစ္ပါး – (၁) သြားေလ ရာရာ ေရာက္ေလရာ အရပ္ ၁၀ မ်က္ႏွာ တို႔၌ အပူေဇာ္ အခ်ီးေျမႇာက္ ကို ခံရျခင္း။ (၂) သြက္သြက္ လက္လက္ႏွင့္ ထက္ျမတ္ေသာ ဉာဏ္ ပညာ ကိုရရွိ ျခင္း။ (၃) ကိုယ့္ အလိုလိုက္ၿပီး ကိုယ့္ အႀကိဳက္ကိုသာ လုပ္ကိုင္ေပးၾကေသာ အေႁခြအရံ ပရိသတ္ႏွင့္ ျပည့္စုံရ ျခင္း။ (၄) မေရ မတြက္ႏိုင္ေသာ စည္းစိမ္ ခ်မ္းသာႏွင့္ ျပည့္စုံ ျခင္း။ (၅) ဘဝ တိုင္း ဘဝ တိုင္း အဆင္း ႐ုပ္ရည္ လွပ ျခင္း။ (၆) ကိုယ္လွ စိတ္လွ အတြင္း အျပင္ လွပ သည့္ အတြက္ အမ်ား ၏ႏွစ္သက္ျခင္း ကို ခံယူရျခင္း။

(၇) မိတ္ေဆြ အေပါင္း အသင္း တို႔၏ခ်စ္ခင္႐ိုေသေလးစားမႈ ခိုင္ၿမဲ ျခင္း။ (၈) ေကာင္းျမတ္ေသာ သီတင္းေက်ာ္ေစာ ပ်ံ႕ႏွံ႔ျခင္း။ ဤ ၈ ပါးေသာ အက်ိဳး တို႔ကို ဆုေတာင္း ပတၱနာ မျပဳရဘဲ ဆုမေတာင္း ရဘဲ ျပည့္စုံ ရသည္ဟု( တိႆ ရဏ ဂမနိယေတၳရ အပါဒါန္ ) ပါဠိေတာ္မွာ လာသည္ …။ ယုံယုံၾကည္ၾကည္ႏွင့္ ေန႔စဥ္ မွန္မွန္ ႀကိဳးစား ၍ ရွိခိုးၾကပါ၊ ပူေဇာ္ၾက ပါ၊ က်န္းမာ ခ်မ္းသာၾကပါေစ။ မပ်င္းၾကနဲ႔ေနာ္ …။

Leave a Reply

Your email address will not be published. Required fields are marked *