ရင်ထဲကအပူမီးတွေကို ဘယ်လိုအရာနဲ့မှဖြေဖျောက်လို့မရနိုင်တဲ့အကြောင်း ရင်ဖွင့်ပြောပြလာတဲ့ ခင်သဇင်

ရင်ထဲကအပူမီးတွေကို ဘယ်လိုအရာနဲ့မှဖြေဖျောက်လို့မရနိုင်တဲ့အကြောင်း ရင်ဖွင့်ပြောပြလာတဲ့ ခင်သဇင်

တိုင်းပြည်မငြိမ်သက်ဖြစ်ကတည်းက ပြည်သူတွေနဲ့တစ်သားတည်းရပ်တည်ပေးခဲ့ တဲ့ ခင်သဇင်ဟာ လက်ရှိမှာတော့ စိတ် ရောလူ ရော အ တော်လေးကိုပင်ပန်းနေခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်တွေတုန်းက အင်တာနက်မရတာကြောင့် ပရိသတ် တွေနဲ့ အချိန်အနည် းငယ် အဆ က်သွယ် ပြတ်သွားခဲ့ပါသေးတယ်။

ဒီနောက်မှာတော့ အအိပ်အစားမမှန်သလို စိတ်ဖိစီးမှုတွေလည်း ရှိလာတာကြောင့် ဝက်ခြံတွေပေါက်လာ ခဲ့တာ ပါးတစ်ပြင်လုံး ပြည့်လုနီးပါးပါပဲ။ အလှအပနဲ့ ပတ်သက်ပြီး အလုပ်လုပ်နေရသူမို့ ဒီလိုဖြစ်လာတာ ဟာ သူမ အတွက်တော့ တကယ့်ကို အိပ်မက်ဆိုးတစ်ခုလိုပါပဲ။

ပျော်စရာရှာဖို့တောင်အကြောင်းပြချက်မဲ့နေပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတဲ့အကြောင်းနဲ့ မပြေလည်တာတွေကို စဉ်းစားရင် မျက်ရ ည် တွေပဲကျနေရပြီး ဘာမှရေရေရာရာမလုပ်ဖြစ်သေး ဘူးလို့ဆိုပါတယ်။ လှတပတမျက်နှာလေးကနေ ဝက်ခြံတွေအများကြီးထွက်လာတဲ့အထိ စိတ်ဖိစီးလွန်း နေခဲ့တာပါ။ အားလုံးစိတ်ညစ်နေတာ အတူတူပဲမို့ သူမရဲ့အပူတွေကိုလည်း အများကြီးချမပြခဲ့ပါဘူး။ ပြည်သူတွေအား လုံး အဆင်ပြေစေဖို့မျှော်လင့်တဲ့အကြောင်းတော့ ပြောပြခဲ့ပါတယ်။

နေ့စဉ်နဲ့အမျှစိတ်ညစ်နေရတဲ့ သူမရဲ့ရင်ထဲကအပူမီးတွေကို ” ကျွန်မ ဘယ်နေ့မှမပျော်ပါ ” ” ပြည်သူတွေ ကျပ်တည်းခြင်း ငတ် မွတ်ခေါ င်းပါးခြင်း ကင်းဝေးကြပါစေ ” ” အပူသည်က ရေခဲရေသောက်လိုက်လို့ အေးချမ်းသွားရောလား ” ဆိုပြီး ဖေ့ဘွတ်မိုင်ဒေးမှာ ရင်ဖွင့်ပြောပြလာခဲ့ပါတယ်။ အားလုံးရဲ့ရင်ထဲကအပူမီး တွေကတော့ အတူတူပါပဲ။ ပရိသတ်တွေအပေါ် စေတနာထားတဲ့ ဇင်လေ းကို ပရိသတ် တွေကလ ည်း တန်ပြန်မေတ္တာနဲ့ အဆင်ပြေစေဖို့အတွက် ဆုတောင်းပေးခဲ့ကြပါတယ်။

Zawgyi






Leave a Reply

Your email address will not be published. Required fields are marked *