ကုသိုလ်ရတဲ့ ဘုရားရှိခိုးနည်း

ကုသိုလ်ရတဲ့ ဘုရားရှိခိုးနည်း

တစ်ကြိမ်ဘုရားရှိခိုးလို့ရှိရင်လူတစ် သိန်းကျွေးရတာနဲ့ ညီမျှတဲ့ကုသိုလ်ရတဲ့ ဘုရားရှိခိုးနည်းရှိတယ်။

ဘယ်လို ဘုရားရှိခိုးမလဲဆိုတော့မမြဲသော ဤခန္ဓာကိုယ်ကိုကိလေသာအပူခပ်သိမ်းမှကင်းငြိမ်းတော်မူပြီးသောဘုရား တရားသံဃာအားလှူဒါန်းပါ၏ ဘုရား(တစ်ကြိမ် ရှိခိုးလိုက်)၊

ဆင်းရဲသောဤခန္ဓာကိုယ်ကိုကိလေသာ အပူခပ်သိမ်းမှ ကင်းငြိမ်းတော်မူပြီးသောဘုရားတရားသံဃာအားလှူဒါန်းပါ၏ဘုရား(တစ်ကြိမ် ရှိခိုးလိုက်)၊

အစိုးမရသောဤခန္ဓာကိုယ်ကိုကိလေသာ အပူခပ်သိမ်းမှကင်းငြိမ်းတော်မူပြီးသောဘုရား တရား သံဃာအားလှူဒါန်းပါ၏ဘုရား(တစ်ကြိမ် ရှိခိုးလိုက်)။

ဤသို့အားဖြင့် ရတနာသုံးပါးကိုသုံးကြိမ်သုံးခါ ရှိခိုးပူဇော်ပါ။အင်မတန် အကျိုးများတဲ့ဘုရားရှိခိုးနည်းပါ။

ဘာကြောင့်လဲဆိုတော့မမြဲသော မိမိခန္ဓာကိုယ်ကြီးကိုမမြဲတဲ့အကြောင်း ပွားတာက ဝိပဿနာပါ။(မမြဲခြင်း၊ဆင်းရဲခြင်း၊အစိုးမရခြင်း)

ကိလေသာမရှိတဲ့ ဘုရား ၊ ကိလေသာကင်းကြောင်းဖြစ်တဲ့ တရား ၊ ကိလေသာကင်းပြီးတဲ့သံဃာတွေကိုအာရုံပြုတာက သမထပါ။

လှူဒါန်းပါ၏ ဆိုတာက ဒါနပါ။ဒါနရော သမထရော ဝိပဿနာရောကုသိုလ် အကုန်ပါသွားတဲ့ဘုရားရှိခိုးနည်းပါ။

(မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး)

Zawgyi

ကုသိုလ္ရတဲ့ ဘုရားရွိခိုးနည္း

တစ္ႀကိမ္ဘုရားရွိခိုးလို႔ရွိရင္လူတစ္ သိန္းေကြၽးရတာနဲ႔ ညီမွ်တဲ့ကုသိုလ္ရတဲ့ ဘုရားရွိခိုးနည္းရွိတယ္။

ဘယ္လို ဘုရားရွိခိုးမလဲဆိုေတာ့မၿမဲေသာ ဤခႏၶာကိုယ္ကိုကိေလသာအပူခပ္သိမ္းမွကင္းၿငိမ္းေတာ္မူၿပီးေသာဘုရား တရားသံဃာအားလႉဒါန္းပါ၏ ဘုရား(တစ္ႀကိမ္ ရွိခိုးလိုက္)၊

ဆင္းရဲေသာဤခႏၶာကိုယ္ကိုကိေလသာ အပူခပ္သိမ္းမွ ကင္းၿငိမ္းေတာ္မူၿပီးေသာဘုရားတရားသံဃာအားလႉဒါန္းပါ၏ဘုရား(တစ္ႀကိမ္ ရွိခိုးလိုက္)၊

အစိုးမရေသာဤခႏၶာကိုယ္ကိုကိေလသာ အပူခပ္သိမ္းမွကင္းၿငိမ္းေတာ္မူၿပီးေသာဘုရား တရား သံဃာအားလႉဒါန္းပါ၏ဘုရား(တစ္ႀကိမ္ ရွိခိုးလိုက္)။

ဤသို႔အားျဖင့္ ရတနာသုံးပါးကိုသုံးႀကိမ္သုံးခါ ရွိခိုးပူေဇာ္ပါ။အင္မတန္ အက်ိဳးမ်ားတဲ့ဘုရားရွိခိုးနည္းပါ။

ဘာေၾကာင့္လဲဆိုေတာ့မၿမဲေသာ မိမိခႏၶာကိုယ္ႀကီးကိုမၿမဲတဲ့အေၾကာင္း ပြားတာက ဝိပႆနာပါ။(မၿမဲျခင္း၊ဆင္းရဲျခင္း၊အစိုးမရျခင္း)

ကိေလသာမရွိတဲ့ ဘုရား ၊ ကိေလသာကင္းေၾကာင္းျဖစ္တဲ့ တရား ၊ ကိေလသာကင္းၿပီးတဲ့သံဃာေတြကိုအာ႐ုံျပဳတာက သမထပါ။

လႉဒါန္းပါ၏ ဆိုတာက ဒါနပါ။ဒါနေရာ သမထေရာ ဝိပႆနာေရာကုသိုလ္ အကုန္ပါသြားတဲ့ဘုရားရွိခိုးနည္းပါ။

(မဟာေဗာဓိၿမိဳင္ဆရာေတာ္ဘုရားႀကီး)

Leave a Reply

Your email address will not be published. Required fields are marked *