ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေ အခိုင်အမာ ရပ်တည်ပေးခဲ့တဲ့ သူဇာဝင့်လွင်ရဲ့စိတ်ဓာတ်ကို လေးစား ဂုဏ်ယူနေတဲ့ မေဦး

ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေ အခိုင်အမာ ရပ်တည်ပေးခဲ့တဲ့ သူဇာဝင့်လွင်ရဲ့စိတ်ဓာတ်ကို လေးစား ဂုဏ်ယူနေတဲ့ မေဦး

အလှမယ် သူဇာဝင့်လွင်ကတော့ Miss Universe Myanmar2021Winner ဆုရှင်တစ်ယောက် ဖြစ်ပါတယ်။ သူမကတော့ လက်ရှိမှာ Miss Universe ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း သူဇာဝင့်လွင်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ဒီပြိုင်ပွဲနဲ့ ပတ်သက်ပြီး ပြင်ဆင်ခဲ့ပုံတွေကို ဗီဒီယိုဖိုင်နှင့်တကွ ပြောပြထားတာ ဖြစ်ပါတယ်။

သူမကတော့ ဇန်နဝါရီလ တစ်လလုံး ပြိုင်ပွဲအတွက် ကြိုးစားခဲ့ရပြီး ဖေဖော်ဝါရီ (၁) ရက်နေ့မှာတော့ မထင်မှတ်ထားတဲ့ အရာတွေနဲ့ ကြုံတွေ့လာခဲ့ရပါတယ်။ ဒီလိုအချိန်မှာ ပြိုင်ပွဲအတွက် PhotoShooting တွေတောင် မလုပ်နိုင်တော့ဘဲ မြန်မာပြည်သူတွေနဲ့အတူ ဓမ္မဘက်ကနေ ရပ်တည်ပြီး လမ်းပေါ်ထွက်ကာ ဆန္ဒဖော်ထုတ်ခဲ့တာပါ။

ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်ဖို့ကုန်ကျမယ့် စရိတ်တွေကိုလည်း လူထုလှုပ်ရှားမှုမှာ ပါဝင်ရင်း ကျဆုံးသွားခဲ့ကြတဲ့သူရဲကောင်းတွေအတွက် လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေ ကိုယ်တိုင်သွားရောက် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။သွားရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်ချိန် အနည်းငယ်ပဲ ကျန်တော့တာကြောင့် ရတဲ့အချိန်တိုအတွင်း ပြိုင်ပွဲအတွက် အတော်လေးကိုကြိုး စားလုပ်ဆောင်ခဲ့ကြောင်းကိုလည်း ပြောပြထားပါသေးတယ်။

မြန်မာနိုင်ငံအတွက် ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ SpeakOut လုပ်ပေးခဲ့တဲ့ သူဇာဝင့်လွင်ရဲ့ စိတ်ဓာတ်ကိုတော့ မလေးစားဘဲ မနေနိုင်ပါဘူးနော်။ မကြာသေးခင် မိနစ်ပိုင်းလောက်က မေဦးရဲ့ Facebook အကောင့်တွင်လည်း ” ငါတို့မကြိုက်တဲ့သူတွေမတရားအုပ်ချုပ်နေသရွေ့ အခုလိုပဲ နည်းမျိုးစုံနဲ့တော်လှန်နေအုံးမှာ၊ ကိုယ်တိုင် လမ်းမတွေပေါ်မှာတော်လှန်

ချို့တဲ့သူတွေကိုထောက်ပံ့ပေးရုံသာမကအခုလို ဘဝနဲ့ပါရင်းပြီး အမှန်တရားဘက်တော်သားပြည်သူတွေနဲ့အတူ အာဏာရှင်ကိုတော်လှန်တိုက်ထုတ်ပေးနေလို့ ကျေးဇူးအရမ်းတင် လေးစားပါတယ်

သမီးရေ Candy Thuzar ❤️” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင် မယ့် သူဇာ ဝင့် လွင်ကို အွန်လိုင်းမှတစ်ဆင့် Voting ပေးကာ အားပေးဝန်းရံပေးကြပါဦးလို့ တိုက်တွန်းလိုက်ပါရစေနော်။

Zawgyi

ျပည္သူေတြနဲ႔အတူ အမွန္တရားဘက္ကေန အခိုင္အမာ ရပ္တည္ေပးခဲ့တဲ့ သူဇာဝင့္လြင္ရဲ႕စိတ္ဓာတ္ကို ေလးစား ဂုဏ္ယူေနတဲ့ ေမဦး

အလွမယ္ သူဇာဝင့္လြင္ကေတာ့ Miss Universe Myanmar2021Winner ဆုရွင္တစ္ေယာက္ ျဖစ္ပါတယ္။ သူမကေတာ့ လက္ရွိမွာ Miss Universe ၿပိဳင္ပြဲတြင္ ျမန္မာႏိုင္ငံ ကိုယ္စားျပဳအျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္ရန္ အေမရိကန္ႏိုင္ငံသို႔ ေရာက္ရွိေနၿပီပဲ ျဖစ္ပါတယ္။ မၾကာေသးခင္ နာရီပိုင္းေလာက္ကလည္း သူဇာဝင့္လြင္ရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာတြင္ ဒီၿပိဳင္ပြဲနဲ႔ ပတ္သက္ၿပီး ျပင္ဆင္ခဲ့ပုံေတြကို ဗီဒီယိုဖိုင္ႏွင့္တကြ ေျပာျပထားတာ ျဖစ္ပါတယ္။

သူမကေတာ့ ဇန္နဝါရီလ တစ္လလုံး ၿပိဳင္ပြဲအတြက္ ႀကိဳးစားခဲ့ရၿပီး ေဖေဖာ္ဝါရီ (၁) ရက္ေန႔မွာေတာ့ မထင္မွတ္ထားတဲ့ အရာေတြနဲ႔ ႀကဳံေတြ႕လာခဲ့ရပါတယ္။ ဒီလိုအခ်ိန္မွာ ၿပိဳင္ပြဲအတြက္ PhotoShooting ေတြေတာင္ မလုပ္ႏိုင္ေတာ့ဘဲ ျမန္မာျပည္သူေတြနဲ႔အတူ ဓမၼဘက္ကေန ရပ္တည္ၿပီး လမ္းေပၚထြက္ကာ ဆႏၵေဖာ္ထုတ္ခဲ့တာပါ။

ၿပိဳင္ပြဲအတြက္ ႀကိဳတင္ျပင္ဆင္ဖို႔ကုန္က်မယ့္ စရိတ္ေတြကိုလည္း လူထုလႈပ္ရွားမႈမွာ ပါဝင္ရင္း က်ဆုံးသြားခဲ့ၾကတဲ့သူရဲေကာင္းေတြအတြက္ လိုအပ္တဲ့ ကူညီေထာက္ပံ့မႈေတြ ကိုယ္တိုင္သြားေရာက္ လႉဒါန္းခဲ့တာ ျဖစ္ပါတယ္။သြားေရာက္ယွဥ္ၿပိဳင္ဖို႔ ျပင္ဆင္ခ်ိန္ အနည္းငယ္ပဲ က်န္ေတာ့တာေၾကာင့္ ရတဲ့အခ်ိန္တိုအတြင္း ၿပိဳင္ပြဲအတြက္ အေတာ္ေလးကိုႀကိဳး စားလုပ္ေဆာင္ခဲ့ေၾကာင္းကိုလည္း ေျပာျပထားပါေသးတယ္။

ျမန္မာႏိုင္ငံအတြက္ ကိုယ္တတ္ႏိုင္တဲ့ ဘက္ကေန SpeakOut လုပ္ေပးခဲ့တဲ့ သူဇာဝင့္လြင္ရဲ႕ စိတ္ဓာတ္ကိုေတာ့ မေလးစားဘဲ မေနႏိုင္ပါဘူးေနာ္။ မၾကာေသးခင္ မိနစ္ပိုင္းေလာက္က ေမဦးရဲ႕ Facebook အေကာင့္တြင္လည္း ” ငါတို႔မႀကိဳက္တဲ့သူေတြမတရားအုပ္ခ်ဳပ္ေနသေ႐ြ႕ အခုလိုပဲ နည္းမ်ိဳးစုံနဲ႔ေတာ္လွန္ေနအုံးမွာ၊ ကိုယ္တိုင္ လမ္းမေတြေပၚမွာေတာ္လွန္

ခ်ိဳ႕တဲ့သူေတြကိုေထာက္ပံ့ေပး႐ုံသာမကအခုလို ဘဝနဲ႔ပါရင္းၿပီး အမွန္တရားဘက္ေတာ္သားျပည္သူေတြနဲ႔အတူ အာဏာရွင္ကိုေတာ္လွန္တိုက္ထုတ္ေပးေနလို႔ ေက်းဇူးအရမ္းတင္ ေလးစားပါတယ္

သမီးေရ Candy Thuzar ❤️” ဆိုၿပီး ေရးသားထားတာ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံ ကိုယ္စားျပဳအျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္ မယ့္ သူဇာ ဝင့္ လြင္ကို အြန္လိုင္းမွတစ္ဆင့္ Voting ေပးကာ အားေပးဝန္းရံေပးၾကပါဦးလို႔ တိုက္တြန္းလိုက္ပါရေစေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *