၇ ရက်သားသမီး အပတ် စဉ် ဗေဒင်ဟောစာတမ်း (၁၀.၃.၂၀၂၁ မှ ၁၇.၃.၂၀၂၁ အ ထိ)

၇ ရက်သားသမီး အပတ် စဉ် ဗေဒင်ဟောစာတမ်း (၁၀.၃.၂၀၂၁ မှ ၁၇.၃.၂၀၂၁ အ ထိ)

တနင်္ဂေနြေန့ဖြား

အလုပ်အကိုင် – ဒီအပတ်မှာ လုပ်မှားကိုင်မှားတွေဖြစ်ပြီး အလုပ်တွေ ရပ်တန့်သွားတာမျိုး ကြုံတွေ့ရတတ်တယ်။ လုပ်ငန်းစီးပွား ကံဇာတာ အားနည်းလာနိုင်လို့ အစစအရာရာ သတိနဲ့ ထိန်းလုပ်ရမယ်။ အကြီးအကဲနဲ့ မိတ်ဆွေ အသိုင်းအဝိုင်းရဲ့ အကြံဉာဏ်၊ အကူအညီတွေ ယူသင့်တာ ယူရမယ်။ ငွေကြေးပိုင်းမှာ မကျေမနပ် ဖြစ်နေမယ်။

ကျန်းမာရေး – မမျှော်လင့်ဘဲ ရုတ်တရက် ကျန်းမာရေး ညံ့တတ်တယ်။ ဆေးမှားအစားမှား ဖြစ်တတ်တယ်။

လူမှုအိမ်ထောင် – လူငယ်လူရွယ်တွေ နှလုံးသားရေးမှာ မပြတ်မသားတွေ ဖြစ်တတ်တယ်။ စကားတွေ မှားတာနဲ့ ကတိ မတည်နိုင်တာတွေကြောင့် ပြဿနာ ဖြစ်တတ်တယ်။ အိမ်ထောင်ရှင်တွေလည်း တကျက်ကျက်နဲ့ ရန်များ စကားများလွယ်မယ်။ ဒီကာလမှာ မိတ်ဆွေတွေ၊ ဆရာသမားတွေဆီက အကူအညီ အထောက်အပံ့ ရရှိမယ်။

ကံကောင်းစေတဲ့ အရောင် – အဝါဖျော့ ၊ အနီ

ကံစမ်းနိုင်တဲ့ ဂဏန်း – ၅ ၊ ၁

ကံကောင်းစေတဲ့ အရပ် – အနောက်

ကံကောင်းစေတဲ့ နေ့ရက် – ဗုဒ္ဓဟူး ၊ တနင်္ဂနွေ

ယတြာ – မွေးနေ့ (တနင်္ဂနွေ) မနက် ဘုရားမှာ ပန်းအဖြူအပွင့်ချည်း ချွေပြီး ပန်းကန်ပြားထဲ ထည့်လှူပါ။

တနင်္လာနေ့ဖွား

အလုပ်အကိုင် – ကိုယ့်အသက်မွေးဝမ်းကျောင်း၊ လုပ်ငန်းစီးပွားအတွက် အခက်အခဲတွေကြားက ရုန်းကန်ရမယ့် ကာလ ဖြစ်တယ်။ ဘယ်အရာမှ လွယ်လွယ်ကူကူ မရဘဲ ကြိုးစားရယူရလိမ့်မယ်။ လုပ်ငန်းမှာ အတိုက်အခိုက်နဲ့ ယှဉ်ပြိုင်မှုတွေ အရမ်း များလာနိုင်တယ်။ ငွေဝင်ကိန်း ရှိပေမယ့် လက်လွန်တာ၊ အသုံးကြမ်းတာတွေ ဖြစ်မယ်။

ကျန်းမာရေး – လူပင်ပန်းစိတ်ပင်ပန်းစရာတွေ များလို့ ကျန်းမာရေးပါ အားနည်းသွားတတ်တယ်။

လူမှုအိမ်ထောင် – ဒီအပတ်မှာ လူမှုဆက်ဆံရေးနယ်ပယ် ကျယ်ဝန်းလာမယ်။ အပေါင်းအသင်းသစ်တွေ ရမယ်။ အကူအညီတွေလည်း ရလာနိုင်တယ်။ ဒါပေမယ့် နှလုံးသားရေးမှာတော့ ဘဝင်မကျစရာ၊ သံသယ ဖြစ်စရာတွေ များလာမယ်။ အပြိုင်အဆိုင်တွေလည်း ပေါ်လာတတ်တယ်။ စိတ်ထဲမှာ အလိုလိုနေရင်း လေးလံခံစားမိနေမယ်။

ကံကောင်းစေတဲ့ အရောင် – အနီ ၊ ကြက်သွေးရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း – ၃

ကံကောင်းစေတဲ့ အရပ် – အနောက် ၊ အနောက်မြောက်

ကံကောင်းစေတဲ့ နေ့ရက် – တနင်္ဂနွေ

ယတြာ – တစ်ပတ်အတွင်း အချိန်ရရင် ရသလို လမ်းဘေးခွေးတွေကို အစာဝအောင် ကျွေးပြီး ကုသိုလ်ယူပါ။

အင်္ဂါနေ့ဖွား

အလုပ်အကိုင် – အလုပ်အခြေအနေနဲ့ စီးပွားလည်ပတ်မှုတွေ ကောင်းလာနိုင်တယ်။ အပြိုင်အဆိုင်တွေကြားက ထိုးဖောက်အောင်မြင်လိမ့်မယ်။ စိတ်ကူးနဲ့ မှန်းဆ စွန့်စားရတဲ့လုပ်ငန်းတွေ အကျိုးပေးမယ်။ ဒါပေမယ့် ဥပဒေနဲ့ မလွတ်ကင်းတာတွေတော့ ရှောင်ရမယ်။ ငွေကြေးကံကောင်းမယ့် ကာလ ဖြစ်ပြီး များများစားစား ဝင်လိမ့်မယ်။

ကျန်းမာရေး – အစာအိမ်၊ သွေးသားနဲ့ ပတ်သက်တာတွေ ဂရုစိုက်ရမယ်။ ဒါပေမယ့် ဆိုးဆိုးဝါးဝါး မဟုတ်ပါ။

လူမှုအိမ်ထောင် – အချစ်ရေး၊ အိမ်ထောင်ရေးမှာ ဇာတာတွေ တက်လာမယ်။ မေတ္တာရေးမှာ စန်းတွေ ပွင့်လာပြီး ကိုယ့်လိုအင်ဆန္ဒတွေ ပြည့်ဝလာဖို့ရှိတယ်။ အိမ်ထောင်ရေးမှာ လက်တွဲဖော်ရဲ့ကူညီအားပေးမှုတွေ ရလာမယ်။ အိမ်တွင်းမိသားစုရေးမှာပါ သတင်းကောင်းတွေ ကြားရမယ်။ ယာယီခရီး၊ ခရီးတိုတွေ မထွက်တာ ကောင်းမယ်။

ကံကောင်းစေတဲ့ အရောင် – အနီရင့် ၊ အစိမ်းဖျော့

ကံစမ်းနိုင်တဲ့ ဂဏန်း – ၃ ၊ ၄ ၊ ၈

ကံကောင်းစေတဲ့ အရပ် – အနောက်မြောက် ၊ အရှေ့တောင်

ကံကောင်းစေတဲ့ နေ့ရက် – အင်္ဂါ ၊ ဗုဒ္ဓဟူး မွန်းလွဲပိုင်း

ယတြာ – မွေးနေ့ (အင်္ဂါ) မနက် အိမ်ကဘုရားမှာ လိမ္မော်သီး ၇ လုံး ကပ်လှူပြီး လိုရာဆုတောင်းပေးပါ။

ဗုဒ္ဓဟူးနေ့ဖွား

အလုပ်အကိုင် – လုပ်ငန်းစီးပွားအခြေအနေအရပ်ရပ် ကောင်းမွန်ပြည့်စုံမှု ရှိလာမယ်။ အစုစပ်ရှယ်ယာလုပ်ငန်းနဲ့ အကျိုးတူပူးပေါင်းတဲ့လုပ်ငန်းတွေ အောင်မြင်မှု ရမယ်။ လုပ်ငန်း တိုးချဲ့တာ၊ အသစ် ပြောင်းလဲတာတွေ လုပ်ရင် အဆင်ပြေနိုင်တယ်။ ဒါပေမယ့် အကြီးအကဲတွေနဲ့ အခြေအတင် ဖြစ်ရတတ်တယ်။ ငွေကုန်ကြေးကျ များမယ်။

ကျန်းမာရေး – တစ်ပတ်တာအတွင်း ကျန်းမာဘေးကင်းမှု ရှိမယ်။ ခေါင်းကိုက်ခေါင်းခဲတော့ ဖြစ်တတ်တယ်။

လူမှုအိမ်ထောင် – လူငယ်တွေရဲ့ နှလုံးသားရေးမှာ တစ်ယောက်နဲ့တစ်ယောက်ကြား ပဋိပက္ခတွေ ဖြစ်တဲ့အထိ အခြေအနေ ဆိုးလာနိုင်တယ်။ ဘယ်လိုမှ ညှိမရတာ၊ ဒေါသဖြစ်ပြီး လက်လွန်ခြေလွန် ဖြစ်တာတွေ ကြုံရမယ်။ နားလည်ဖေးမမှုတွေ လိုအပ်မယ်။ လမ်းခွဲပြတ်စဲရတတ်တယ်။ မိတ်ဆွေတွေနဲ့လည်း အဆင်မပြေ ဖြစ်မယ်။

ကံကောင်းစေတဲ့ အရောင် – အဝါ ၊ အစိမ်းရင့်

ကံစမ်းနိုင်တဲ့ ဂဏန်း – ၄ ၊ ၅

ကံကောင်းစေတဲ့ အရပ် – တောင် ၊ အရှေ့မြောက်

ကံကောင်းစေတဲ့ နေ့ရက် – ဗုဒ္ဓဟူး ၊ စနေ

ယတြာ – မွေးနေ့ (ဗုဒ္ဓဟူး) မနက်ပိုင်း အိမ်ကဘုရားမှာ ပေါင်မုန့် ၅ ချပ် ဆွမ်းကပ်ပြီး လိုရာဆုတောင်းပါ။

ရာဟုဖြား

အလုပ်အကိုင် – အကြီးအကဲ၊ အုပ်ချုပ်မှုပိုင်းက လူတွေနဲ့ သဘောကွဲလွဲမှု ဖြစ်တတ်တယ်။ နေရာထိုင်ခင်းကိစ္စ ရာထူးကိစ္စတွေအတွက် ကြိုးစားရလိမ့်မယ်။ ဒါပေမယ့် ကံတရားက မျက်နှာသာပေးချိန် ဖြစ်လို့ လိုအင်ဆန္ဒတွေ ပြည့်ဝမယ်။ တတ်နိုင်သမျှ လမ်းကြောင်းမှန်ကနေပဲ လျှောက်ပါ။ ငွေကြေးပိုင်းမှာ ဆူဆူပူပူနဲ့ အကျိုးပေးမယ်။

ကျန်းမာရေး – နေလို့ထိုင်လို့ သိပ်မကောင်းဘဲ ဖြစ်မယ်။ လူလည်း မလန်းဆန်းသလို ခံစားရတတ်တယ်။

လူမှုအိမ်ထောင် – အိမ်တွင်းရေး၊ မိသားစုအတွင်းမှာ ပြဿနာ အနည်းနဲ့အများ ပေါ်ပေါက်လာနိုင်တယ်။ ပြင်ပနဲ့ လူမှုဆက်ဆံရေးကတော့ ပုံမှန်အတိုင်းပဲ ရှိနေမယ်။ နှလုံးသားရေးမှာ အရင်လူဟောင်း၊ ပြဿနာဟောင်းတွေ ပြန်ပေါ်လာလို့ ဖြေရှင်းရတတ်တယ်။ အကူအညီ ပေးမလိုနဲ့ ချောက်တွန်းမယ့်သူတွေနဲ့ပဲ ဆုံနေရတတ်တယ်။

ကံကောင်းစေတဲ့ အရောင် – အရောင်ရင့်၊ အရောင်မှိုင်းများ

ကံစမ်းနိုင်တဲ့ ဂဏန်း – ၈

ကံကောင်းစေတဲ့ အရပ် – အနောက်မြောက် ၊ အရှေ့မြောက်

ကံကောင်းစေတဲ့ နေ့ရက် – ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်း ၊ အင်္ဂါနေ့

ယတြာ – ဗုဒ္ဓဟူးနေ့ ညနေစောင်း အိမ်က ဘုရားမှာ ဗယာကြော် ၉ ခု ကပ်လှူပြီး ဆုတောင်းပေးပါ။

ကြာသပတေးနေ့ဖွား

အလုပ်အကိုင် – ဆရာသမား၊ အကြီးအကဲရဲ့ စောင့်ရှောက်မှုကို ရရှိလာမယ်။ အကြံအစည် ရည်ရွယ်ထားသမျှ အောင်မြင်တာက များလိမ့်မယ်။ အလုပ်မှာ အခက်အခဲတွေ၊ အဆင်မပြေမှုတွေ ပေါ်လာပေမယ့် အသာလေးနဲ့ ဖြေရှင်းနိုင်မယ်။ မိတ်ရင်းဆွေရင်းတွေက အနားက ကူညီဖေးမမယ်။ ငွေကြေးကိစ္စမှာတော့ ကံအားနည်းမယ်။

ကျန်းမာရေး – တစ်ပတ်လုံးမှာ ကျန်းကျန်းမာမာ ရှိနေမယ်။ ရောဂါဘယတွေ ဝေးကွာနေမယ်။

လူမှုအိမ်ထောင် – မေတ္တာရေးမှာ ရှေ့တိုးချင်တာတွေ ရှိရင်၊ ရည်ရွယ်ထားတဲ့ အစီအစဉ်တွေ ရှိရင် ဒီအပတ်ထဲ လက်တွေ့ အကောင်အထည်ဖော်ပါ။ အောင်မြင်မှု ရပါလိမ့်မယ်။ အိမ်ထောင်ရေးမှာလည်း ဆူဆူပူပူတွေကြားက ပျော်ရွှင်စရာတွေ ဖန်တီးနိုင်လိမ့်မယ်။ အချင်းချင်း ဖေးကူပေးနိုင်မယ်။ စေ့စပ်ညှိနှိုင်းမှုတွေလည်း လွယ်ကူမယ်။

ကံကောင်းစေတဲ့ အရောင် – အနီရင့် ၊ အဝါရင့်

ကံစမ်းနိုင်တဲ့ ဂဏန်း – ၅ ၊ ၃

ကံကောင်းစေတဲ့ အရပ် – အရှေ့တောင် ၊ အနောက်

ကံကောင်းစေတဲ့ နေ့ရက် – ကြာသပတေး

ယတြာ – နေ့စဉ် မနက်တိုင်း အိမ်ကဘုရားမှာ ပန်းသီး ၅ စိတ် ကပ်လှူပြီး ဆုတောင်းပေးပါ။

သောကြာနေ့ဖွား

အလုပ်အကိုင် – လုပ်ငန်ကိုင်ငန်းတွေ ဘေးကျပ်နံကျပ် ဖြစ်တတ်တယ်။ လုပ်နေဆဲ အလုပ်တွေ မပြီးမပြတ်နိုင် ဖြစ်မယ်။ ကြံရွယ်ထားတာတွေလည်း စောင့်ကြည့်အနေအထားနဲ့ လည်ပတ်ရမယ်။ စဉ်းစားစရာတွေချည်းပဲမို့ အခြေအနေကြည့် လုပ်ကိုင်ရလိမ့်မယ်။ ငွေကြေးကိစ္စမှာတော့ မဆိုးဘူးလို့ ဆိုရမယ်။ ရစရာလေးတွေ ရှိမယ်။

ကျန်းမာရေး – အသွားအလာတွေ လျှော့ရမယ်။ သွေးအားနည်းတာ၊ ခါးနာခြေနာတွေ ဖြစ်တတ်တယ်။

လူမှုအိမ်ထောင် – အချစ်ရေး၊ အိမ်ထောင်ရေးမှာ အေးချမ်းသာယာမှု ရှိမယ်။ အလုပ်တွေ သိပ်မကောင်းပေမယ့် မေတ္တာရေးကံတော့ အကောင်းဘက်မှ ရှိနေတယ်။ လူငယ်တွေ နှလုံးသားကိစ္စမှာ မျှော်လင့်ချက်တွေ ပြည့်မယ်။ မိတ်ဆွေအပေါင်းအသင်းဆီက အကူအညီတွေလည်း ရတတ်တယ်။ ဟိုသွားဒီသွားတွေတော့ လျှော့ချရမယ်။

ကံကောင်းစေတဲ့ အရောင် – အနီရင့်ရင့်အရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း – ၃ ၊ ၄

ကံကောင်းစေတဲ့ အရပ် – အနောက်တောင် ၊ တောင်

ကံကောင်းစေတဲ့ နေ့ရက် – အင်္ဂါ ၊ တနင်္ဂနွေ

ယတြာ – တစ်ပတ်အတွင်း ခြေမသန်၊ အောက်ပိုင်းမသန်သူတစ်ဦးကို ဆေးဝါး၊ အစားအစာ ဒါနပြု ကူညီပေးပါ။

စေနေန့ဖြား

အလုပ်အကိုင် – ဒီအပတ်မှာ စဉ်းစားတွေဝေမှုတွေ များလွန်းနေလို့ ဘာကိုမှ သေချာယတိပြတ် မဆုံးဖြတ်နိုင်ဘဲ ဖြစ်မယ်။ အလုပ်အကိုင်၊ စီးပွားရေးမှာ အနှောင့်အယှက် ရှိလာနိုင်ပေမယ့် သူ့အလိုလို ပြန်အဆင်ပြေသွားမယ်။ ဟိုဟာလည်း လုပ်ချင်၊ ဒါလည်း လုပ်ကြည့်ချင်တာမျိုး ရှောင်ရမယ်။ ငွေရေးကြေးရေး ကံဇာတာ ကောင်းမယ်။

ကျန်းမာရေး – နေထိုင်မကောင်း ဖြစ်တတ်တယ်။ ဒါပေမယ့် ယာယီ ခဏသာ ဖြစ်လိမ့်မယ်။

လူမှုအိမ်ထောင် – နှလုံးသားရေးမှာ အထစ်အငေါ့တွေ များလာနိုင်တယ်။

ကံကောင်းစေတဲ့ အရောင် – အစိမ်းရင့် ၊ ရွှေရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း – ၁ ၊ ၄ ၈

ကံကောင်းစေတဲ့ အရပ် – အရှေ့မြောက် ၊ တောင်

ကံကောင်းစေတဲ့ နေ့ရက် – အင်္ဂါ

ယတြာ – နေ့စဉ် အိမ်ကဘုရားမှာ လက်ဖက်အသားချည်း ၉ ပုံ ပုံပြီး ဆွမ်းကပ်ပါ။

Zawgyi

၇ ရက္သားသမီး အပတ္ စဥ္ ေဗဒင္ေဟာစာတမ္း (၁၀.၃.၂၀၂၁ မွ ၁၇.၃.၂၀၂၁ အ ထိ)

တနေဂၤေျႏန႔ျဖား

အလုပ္အကိုင္ – ဒီအပတ္မွာ လုပ္မွားကိုင္မွားေတြျဖစ္ၿပီး အလုပ္ေတြ ရပ္တန႔္သြားတာမ်ိဳး ႀကဳံေတြ႕ရတတ္တယ္။ လုပ္ငန္းစီးပြား ကံဇာတာ အားနည္းလာႏိုင္လို႔ အစစအရာရာ သတိနဲ႔ ထိန္းလုပ္ရမယ္။ အႀကီးအကဲနဲ႔ မိတ္ေဆြ အသိုင္းအဝိုင္းရဲ႕ အႀကံဉာဏ္၊ အကူအညီေတြ ယူသင့္တာ ယူရမယ္။ ေငြေၾကးပိုင္းမွာ မေက်မနပ္ ျဖစ္ေနမယ္။

က်န္းမာေရး – မေမွ်ာ္လင့္ဘဲ ႐ုတ္တရက္ က်န္းမာေရး ညံ့တတ္တယ္။ ေဆးမွားအစားမွား ျဖစ္တတ္တယ္။

လူမႈအိမ္ေထာင္ – လူငယ္လူ႐ြယ္ေတြ ႏွလုံးသားေရးမွာ မျပတ္မသားေတြ ျဖစ္တတ္တယ္။ စကားေတြ မွားတာနဲ႔ ကတိ မတည္ႏိုင္တာေတြေၾကာင့္ ျပႆနာ ျဖစ္တတ္တယ္။ အိမ္ေထာင္ရွင္ေတြလည္း တက်က္က်က္နဲ႔ ရန္မ်ား စကားမ်ားလြယ္မယ္။ ဒီကာလမွာ မိတ္ေဆြေတြ၊ ဆရာသမားေတြဆီက အကူအညီ အေထာက္အပံ့ ရရွိမယ္။

ကံေကာင္းေစတဲ့ အေရာင္ – အဝါေဖ်ာ့ ၊ အနီ

ကံစမ္းႏိုင္တဲ့ ဂဏန္း – ၅ ၊ ၁

ကံေကာင္းေစတဲ့ အရပ္ – အေနာက္

ကံေကာင္းေစတဲ့ ေန႔ရက္ – ဗုဒၶဟူး ၊ တနဂၤေႏြ

ယၾတာ – ေမြးေန႔ (တနဂၤေႏြ) မနက္ ဘုရားမွာ ပန္းအျဖဴအပြင့္ခ်ည္း ေခြၽၿပီး ပန္းကန္ျပားထဲ ထည့္လႉပါ။

တနလၤာေန႔ဖြား

အလုပ္အကိုင္ – ကိုယ့္အသက္ေမြးဝမ္းေက်ာင္း၊ လုပ္ငန္းစီးပြားအတြက္ အခက္အခဲေတြၾကားက ႐ုန္းကန္ရမယ့္ ကာလ ျဖစ္တယ္။ ဘယ္အရာမွ လြယ္လြယ္ကူကူ မရဘဲ ႀကိဳးစားရယူရလိမ့္မယ္။ လုပ္ငန္းမွာ အတိုက္အခိုက္နဲ႔ ယွဥ္ၿပိဳင္မႈေတြ အရမ္း မ်ားလာႏိုင္တယ္။ ေငြဝင္ကိန္း ရွိေပမယ့္ လက္လြန္တာ၊ အသုံးၾကမ္းတာေတြ ျဖစ္မယ္။

က်န္းမာေရး – လူပင္ပန္းစိတ္ပင္ပန္းစရာေတြ မ်ားလို႔ က်န္းမာေရးပါ အားနည္းသြားတတ္တယ္။

လူမႈအိမ္ေထာင္ – ဒီအပတ္မွာ လူမႈဆက္ဆံေရးနယ္ပယ္ က်ယ္ဝန္းလာမယ္။ အေပါင္းအသင္းသစ္ေတြ ရမယ္။ အကူအညီေတြလည္း ရလာႏိုင္တယ္။ ဒါေပမယ့္ ႏွလုံးသားေရးမွာေတာ့ ဘဝင္မက်စရာ၊ သံသယ ျဖစ္စရာေတြ မ်ားလာမယ္။ အၿပိဳင္အဆိုင္ေတြလည္း ေပၚလာတတ္တယ္။ စိတ္ထဲမွာ အလိုလိုေနရင္း ေလးလံခံစားမိေနမယ္။

ကံေကာင္းေစတဲ့ အေရာင္ – အနီ ၊ ၾကက္ေသြးေရာင္

ကံစမ္းႏိုင္တဲ့ ဂဏန္း – ၃

ကံေကာင္းေစတဲ့ အရပ္ – အေနာက္ ၊ အေနာက္ေျမာက္

ကံေကာင္းေစတဲ့ ေန႔ရက္ – တနဂၤေႏြ

ယၾတာ – တစ္ပတ္အတြင္း အခ်ိန္ရရင္ ရသလို လမ္းေဘးေခြးေတြကို အစာဝေအာင္ ေကြၽးၿပီး ကုသိုလ္ယူပါ။

အဂၤါေန႔ဖြား

အလုပ္အကိုင္ – အလုပ္အေျခအေနနဲ႔ စီးပြားလည္ပတ္မႈေတြ ေကာင္းလာႏိုင္တယ္။ အၿပိဳင္အဆိုင္ေတြၾကားက ထိုးေဖာက္ေအာင္ျမင္လိမ့္မယ္။ စိတ္ကူးနဲ႔ မွန္းဆ စြန႔္စားရတဲ့လုပ္ငန္းေတြ အက်ိဳးေပးမယ္။ ဒါေပမယ့္ ဥပေဒနဲ႔ မလြတ္ကင္းတာေတြေတာ့ ေရွာင္ရမယ္။ ေငြေၾကးကံေကာင္းမယ့္ ကာလ ျဖစ္ၿပီး မ်ားမ်ားစားစား ဝင္လိမ့္မယ္။

က်န္းမာေရး – အစာအိမ္၊ ေသြးသားနဲ႔ ပတ္သက္တာေတြ ဂ႐ုစိုက္ရမယ္။ ဒါေပမယ့္ ဆိုးဆိုးဝါးဝါး မဟုတ္ပါ။

လူမႈအိမ္ေထာင္ – အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာ ဇာတာေတြ တက္လာမယ္။ ေမတၱာေရးမွာ စန္းေတြ ပြင့္လာၿပီး ကိုယ့္လိုအင္ဆႏၵေတြ ျပည့္ဝလာဖို႔ရွိတယ္။ အိမ္ေထာင္ေရးမွာ လက္တြဲေဖာ္ရဲ႕ကူညီအားေပးမႈေတြ ရလာမယ္။ အိမ္တြင္းမိသားစုေရးမွာပါ သတင္းေကာင္းေတြ ၾကားရမယ္။ ယာယီခရီး၊ ခရီးတိုေတြ မထြက္တာ ေကာင္းမယ္။

ကံေကာင္းေစတဲ့ အေရာင္ – အနီရင့္ ၊ အစိမ္းေဖ်ာ့

ကံစမ္းႏိုင္တဲ့ ဂဏန္း – ၃ ၊ ၄ ၊ ၈

ကံေကာင္းေစတဲ့ အရပ္ – အေနာက္ေျမာက္ ၊ အေရွ႕ေတာင္

ကံေကာင္းေစတဲ့ ေန႔ရက္ – အဂၤါ ၊ ဗုဒၶဟူး မြန္းလြဲပိုင္း

ယၾတာ – ေမြးေန႔ (အဂၤါ) မနက္ အိမ္ကဘုရားမွာ လိေမၼာ္သီး ၇ လုံး ကပ္လႉၿပီး လိုရာဆုေတာင္းေပးပါ။

ဗုဒၶဟူးေန႔ဖြား

အလုပ္အကိုင္ – လုပ္ငန္းစီးပြားအေျခအေနအရပ္ရပ္ ေကာင္းမြန္ျပည့္စုံမႈ ရွိလာမယ္။ အစုစပ္ရွယ္ယာလုပ္ငန္းနဲ႔ အက်ိဳးတူပူးေပါင္းတဲ့လုပ္ငန္းေတြ ေအာင္ျမင္မႈ ရမယ္။ လုပ္ငန္း တိုးခ်ဲ႕တာ၊ အသစ္ ေျပာင္းလဲတာေတြ လုပ္ရင္ အဆင္ေျပႏိုင္တယ္။ ဒါေပမယ့္ အႀကီးအကဲေတြနဲ႔ အေျခအတင္ ျဖစ္ရတတ္တယ္။ ေငြကုန္ေၾကးက် မ်ားမယ္။

က်န္းမာေရး – တစ္ပတ္တာအတြင္း က်န္းမာေဘးကင္းမႈ ရွိမယ္။ ေခါင္းကိုက္ေခါင္းခဲေတာ့ ျဖစ္တတ္တယ္။

လူမႈအိမ္ေထာင္ – လူငယ္ေတြရဲ႕ ႏွလုံးသားေရးမွာ တစ္ေယာက္နဲ႔တစ္ေယာက္ၾကား ပဋိပကၡေတြ ျဖစ္တဲ့အထိ အေျခအေန ဆိုးလာႏိုင္တယ္။ ဘယ္လိုမွ ညႇိမရတာ၊ ေဒါသျဖစ္ၿပီး လက္လြန္ေျခလြန္ ျဖစ္တာေတြ ႀကဳံရမယ္။ နားလည္ေဖးမမႈေတြ လိုအပ္မယ္။ လမ္းခြဲျပတ္စဲရတတ္တယ္။ မိတ္ေဆြေတြနဲ႔လည္း အဆင္မေျပ ျဖစ္မယ္။

ကံေကာင္းေစတဲ့ အေရာင္ – အဝါ ၊ အစိမ္းရင့္

ကံစမ္းႏိုင္တဲ့ ဂဏန္း – ၄ ၊ ၅

ကံေကာင္းေစတဲ့ အရပ္ – ေတာင္ ၊ အေရွ႕ေျမာက္

ကံေကာင္းေစတဲ့ ေန႔ရက္ – ဗုဒၶဟူး ၊ စေန

ယၾတာ – ေမြးေန႔ (ဗုဒၶဟူး) မနက္ပိုင္း အိမ္ကဘုရားမွာ ေပါင္မုန႔္ ၅ ခ်ပ္ ဆြမ္းကပ္ၿပီး လိုရာဆုေတာင္းပါ။

ရာဟုျဖား

အလုပ္အကိုင္ – အႀကီးအကဲ၊ အုပ္ခ်ဳပ္မႈပိုင္းက လူေတြနဲ႔ သေဘာကြဲလြဲမႈ ျဖစ္တတ္တယ္။ ေနရာထိုင္ခင္းကိစၥ ရာထူးကိစၥေတြအတြက္ ႀကိဳးစားရလိမ့္မယ္။ ဒါေပမယ့္ ကံတရားက မ်က္ႏွာသာေပးခ်ိန္ ျဖစ္လို႔ လိုအင္ဆႏၵေတြ ျပည့္ဝမယ္။ တတ္ႏိုင္သမွ် လမ္းေၾကာင္းမွန္ကေနပဲ ေလွ်ာက္ပါ။ ေငြေၾကးပိုင္းမွာ ဆူဆူပူပူနဲ႔ အက်ိဳးေပးမယ္။

က်န္းမာေရး – ေနလို႔ထိုင္လို႔ သိပ္မေကာင္းဘဲ ျဖစ္မယ္။ လူလည္း မလန္းဆန္းသလို ခံစားရတတ္တယ္။

လူမႈအိမ္ေထာင္ – အိမ္တြင္းေရး၊ မိသားစုအတြင္းမွာ ျပႆနာ အနည္းနဲ႔အမ်ား ေပၚေပါက္လာႏိုင္တယ္။ ျပင္ပနဲ႔ လူမႈဆက္ဆံေရးကေတာ့ ပုံမွန္အတိုင္းပဲ ရွိေနမယ္။ ႏွလုံးသားေရးမွာ အရင္လူေဟာင္း၊ ျပႆနာေဟာင္းေတြ ျပန္ေပၚလာလို႔ ေျဖရွင္းရတတ္တယ္။ အကူအညီ ေပးမလိုနဲ႔ ေခ်ာက္တြန္းမယ့္သူေတြနဲ႔ပဲ ဆုံေနရတတ္တယ္။

ကံေကာင္းေစတဲ့ အေရာင္ – အေရာင္ရင့္၊ အေရာင္မႈိင္းမ်ား

ကံစမ္းႏိုင္တဲ့ ဂဏန္း – ၈

ကံေကာင္းေစတဲ့ အရပ္ – အေနာက္ေျမာက္ ၊ အေရွ႕ေျမာက္

ကံေကာင္းေစတဲ့ ေန႔ရက္ – ဗုဒၶဟူးေန႔ မြန္းလြဲပိုင္း ၊ အဂၤါေန႔

ယၾတာ – ဗုဒၶဟူးေန႔ ညေနေစာင္း အိမ္က ဘုရားမွာ ဗယာေၾကာ္ ၉ ခု ကပ္လႉၿပီး ဆုေတာင္းေပးပါ။

ၾကာသပေတးေန႔ဖြား

အလုပ္အကိုင္ – ဆရာသမား၊ အႀကီးအကဲရဲ႕ ေစာင့္ေရွာက္မႈကို ရရွိလာမယ္။ အႀကံအစည္ ရည္႐ြယ္ထားသမွ် ေအာင္ျမင္တာက မ်ားလိမ့္မယ္။ အလုပ္မွာ အခက္အခဲေတြ၊ အဆင္မေျပမႈေတြ ေပၚလာေပမယ့္ အသာေလးနဲ႔ ေျဖရွင္းႏိုင္မယ္။ မိတ္ရင္းေဆြရင္းေတြက အနားက ကူညီေဖးမမယ္။ ေငြေၾကးကိစၥမွာေတာ့ ကံအားနည္းမယ္။

က်န္းမာေရး – တစ္ပတ္လုံးမွာ က်န္းက်န္းမာမာ ရွိေနမယ္။ ေရာဂါဘယေတြ ေဝးကြာေနမယ္။

လူမႈအိမ္ေထာင္ – ေမတၱာေရးမွာ ေရွ႕တိုးခ်င္တာေတြ ရွိရင္၊ ရည္႐ြယ္ထားတဲ့ အစီအစဥ္ေတြ ရွိရင္ ဒီအပတ္ထဲ လက္ေတြ႕ အေကာင္အထည္ေဖာ္ပါ။ ေအာင္ျမင္မႈ ရပါလိမ့္မယ္။ အိမ္ေထာင္ေရးမွာလည္း ဆူဆူပူပူေတြၾကားက ေပ်ာ္႐ႊင္စရာေတြ ဖန္တီးႏိုင္လိမ့္မယ္။ အခ်င္းခ်င္း ေဖးကူေပးႏိုင္မယ္။ ေစ့စပ္ညႇိႏႈိင္းမႈေတြလည္း လြယ္ကူမယ္။

ကံေကာင္းေစတဲ့ အေရာင္ – အနီရင့္ ၊ အဝါရင့္

ကံစမ္းႏိုင္တဲ့ ဂဏန္း – ၅ ၊ ၃

ကံေကာင္းေစတဲ့ အရပ္ – အေရွ႕ေတာင္ ၊ အေနာက္

ကံေကာင္းေစတဲ့ ေန႔ရက္ – ၾကာသပေတး

ယၾတာ – ေန႔စဥ္ မနက္တိုင္း အိမ္ကဘုရားမွာ ပန္းသီး ၅ စိတ္ ကပ္လႉၿပီး ဆုေတာင္းေပးပါ။

ေသာၾကာေန႔ဖြား

အလုပ္အကိုင္ – လုပ္ငန္ကိုင္ငန္းေတြ ေဘးက်ပ္နံက်ပ္ ျဖစ္တတ္တယ္။ လုပ္ေနဆဲ အလုပ္ေတြ မၿပီးမျပတ္ႏိုင္ ျဖစ္မယ္။ ႀကံ႐ြယ္ထားတာေတြလည္း ေစာင့္ၾကည့္အေနအထားနဲ႔ လည္ပတ္ရမယ္။ စဥ္းစားစရာေတြခ်ည္းပဲမို႔ အေျခအေနၾကည့္ လုပ္ကိုင္ရလိမ့္မယ္။ ေငြေၾကးကိစၥမွာေတာ့ မဆိုးဘူးလို႔ ဆိုရမယ္။ ရစရာေလးေတြ ရွိမယ္။

က်န္းမာေရး – အသြားအလာေတြ ေလွ်ာ့ရမယ္။ ေသြးအားနည္းတာ၊ ခါးနာေျခနာေတြ ျဖစ္တတ္တယ္။

လူမႈအိမ္ေထာင္ – အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာ ေအးခ်မ္းသာယာမႈ ရွိမယ္။ အလုပ္ေတြ သိပ္မေကာင္းေပမယ့္ ေမတၱာေရးကံေတာ့ အေကာင္းဘက္မွ ရွိေနတယ္။ လူငယ္ေတြ ႏွလုံးသားကိစၥမွာ ေမွ်ာ္လင့္ခ်က္ေတြ ျပည့္မယ္။ မိတ္ေဆြအေပါင္းအသင္းဆီက အကူအညီေတြလည္း ရတတ္တယ္။ ဟိုသြားဒီသြားေတြေတာ့ ေလွ်ာ့ခ်ရမယ္။

ကံေကာင္းေစတဲ့ အေရာင္ – အနီရင့္ရင့္အေရာင္

ကံစမ္းႏိုင္တဲ့ ဂဏန္း – ၃ ၊ ၄

ကံေကာင္းေစတဲ့ အရပ္ – အေနာက္ေတာင္ ၊ ေတာင္

ကံေကာင္းေစတဲ့ ေန႔ရက္ – အဂၤါ ၊ တနဂၤေႏြ

ယၾတာ – တစ္ပတ္အတြင္း ေျခမသန္၊ ေအာက္ပိုင္းမသန္သူတစ္ဦးကို ေဆးဝါး၊ အစားအစာ ဒါနျပဳ ကူညီေပးပါ။

ေစေနန႔ျဖား

အလုပ္အကိုင္ – ဒီအပတ္မွာ စဥ္းစားေတြေဝမႈေတြ မ်ားလြန္းေနလို႔ ဘာကိုမွ ေသခ်ာယတိျပတ္ မဆုံးျဖတ္ႏိုင္ဘဲ ျဖစ္မယ္။ အလုပ္အကိုင္၊ စီးပြားေရးမွာ အေႏွာင့္အယွက္ ရွိလာႏိုင္ေပမယ့္ သူ႔အလိုလို ျပန္အဆင္ေျပသြားမယ္။ ဟိုဟာလည္း လုပ္ခ်င္၊ ဒါလည္း လုပ္ၾကည့္ခ်င္တာမ်ိဳး ေရွာင္ရမယ္။ ေငြေရးေၾကးေရး ကံဇာတာ ေကာင္းမယ္။

က်န္းမာေရး – ေနထိုင္မေကာင္း ျဖစ္တတ္တယ္။ ဒါေပမယ့္ ယာယီ ခဏသာ ျဖစ္လိမ့္မယ္။

လူမႈအိမ္ေထာင္ – ႏွလုံးသားေရးမွာ အထစ္အေငါ့ေတြ မ်ားလာႏိုင္တယ္။

ကံေကာင္းေစတဲ့ အေရာင္ – အစိမ္းရင့္ ၊ ေ႐ႊေရာင္

ကံစမ္းႏိုင္တဲ့ ဂဏန္း – ၁ ၊ ၄ ၈

ကံေကာင္းေစတဲ့ အရပ္ – အေရွ႕ေျမာက္ ၊ ေတာင္

ကံေကာင္းေစတဲ့ ေန႔ရက္ – အဂၤါ

ယၾတာ – ေန႔စဥ္ အိမ္ကဘုရားမွာ လက္ဖက္အသားခ်ည္း ၉ ပုံ ပုံၿပီး ဆြမ္းကပ္ပါ။

Leave a Reply

Your email address will not be published. Required fields are marked *