တစ်ရက်ကို (၁၂)နာရီပဲ အသက်ရှင်ခွင့်ရမယ်ဆိုရင်တောင် သူရဲ့ကျန်တဲ့အသက်ကို ညီလေးနဲ့အတူမျှဝေပြီး ရှင်သန်ချင်ကြောင်းဖွင့်ဟလာတဲ့ ကိုကို …….
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၂၈) ရက်နေ့မှာ ကျဆုံးခဲ့တဲ့ သူရဲကောင်းလေးညီညီကိုတော့ ပြည်သူတွေအားလုံးက အခုချိန်အထိ သတိတရရှိနေဆဲ ဖြစ်ပါတယ် ။ ညီညီက သူ့ရဲ့အမွှာအစ်ကိုဖြစ်သူ ကိုကိုနဲ့အတူ ဆန္ဒထုတ်ဖော်နေရင်းကနေ လူစုကွဲသွားတဲ့အချိန်မှာ
ကျည ်ထိမှန်ခဲ့တာပဲ ဖြစ်ပါတယ် ။ ကျည်မှန်တဲ့ဒဏ်ရာကြောင့် လှည်းတန်း၊ကျောင်းရှေ့မှတ်တိုင်နားမှာ လဲကျသွားခဲ့တဲ့ ညီညီ့ရဲ့မြင်ကွင်းကတော့ ပြည်သူတွေရဲ့ရင်ထဲမှာတောင် မမေ့ပျောက်နိုင်ခဲ့တာ ဖြစ်ပါတယ် ။
ညီညီကျဆုံပြီးနောက်ပိုင်းမှာတော့ ပြည်သူတွေက ကျန်ရစ်ခဲ့တဲ့ သူ့ရဲ့မိသားစုလေးကို တတ်နိုင်သလောက် ဖေးမကူညီပေးခဲ့ကြတာလည်း ဖြစ်ပါတယ် ။ မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေအားလုံးကလည်း
ညီညီ့အတွက် ကုသိုလ်ကောင်းမှုတွေကို ပြုလုပ်ပေးနေတာ နှစ်လတောင်ရှိသွားခဲ့ပြီ ဖြစ်ပါတယ် ။ အခုလည်း ပြည်သူတစ်ဦးက ညီညီ့ရဲ့အစ်ကိုဖြစ်သူ ကိုကိုတင်ထားတဲ့စာလေးကို ပြန်လည်မျှဝေခဲ့တာ ဖြစ်ပါတယ် ။
စာထဲမှာတော့ ကိုကိုက သူ့အနေနဲ့ တစ်ရက်မှာ (၁၂)နာရီပဲ အသက်ရှင်ခွင့်ရမယ်ဆိုရင်တောင် သူ့ရဲ့ကျန်တဲ့အသက်ကို ညီလေးနဲ့အတူဝေမျှပြီး ရှင်သန်ချင်ကြောင်း ဖွင့်ဟလာခဲ့တာ ဖြစ်ပါတယ် ။
“ငါမင်းကိုသတိရနေတယ် ညီလေး” ဆိုပြီး ညီလေးကိုလွမ်းကြောင်း ပြောထားတဲ့ ကိုကို့ရဲ့စာလေးက ဖတ်ရသူအဖို့ မျက်ရည်ဝဲသွားစေလောက်တာ ဖြစ်ပါတယ် ။
ကျဆုံးသွားတဲ့ သူရဲကောင်းလေး ညီညီလည်း ကောင်းရာမွန်ရာဘုံဘဝမှာ ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။
Zawgyi
တစ္ရက္ကို (၁၂)နာရီပဲ အသက္ရွင္ခြင့္ရမယ္ဆိုရင္ေတာင္ သူရဲ႕က်န္တဲ့အသက္ကို ညီေလးနဲ႔အတူမွ်ေဝၿပီး ရွင္သန္ခ်င္ေၾကာင္းဖြင့္ဟလာတဲ့ ကိုကို …….
ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ (၂၈) ရက္ေန႔မွာ က်ဆုံးခဲ့တဲ့ သူရဲေကာင္းေလးညီညီကိုေတာ့ ျပည္သူေတြအားလုံးက အခုခ်ိန္အထိ သတိတရရွိေနဆဲ ျဖစ္ပါတယ္ ။ ညီညီက သူ႔ရဲ႕အမႊာအစ္ကိုျဖစ္သူ ကိုကိုနဲ႔အတူ ဆႏၵထုတ္ေဖာ္ေနရင္းကေန လူစုကြဲသြားတဲ့အခ်ိန္မွာ
က်ည ္ထိမွန္ခဲ့တာပဲ ျဖစ္ပါတယ္ ။ က်ည္မွန္တဲ့ဒဏ္ရာေၾကာင့္ လွည္းတန္း၊ေက်ာင္းေရွ႕မွတ္တိုင္နားမွာ လဲက်သြားခဲ့တဲ့ ညီညီ့ရဲ႕ျမင္ကြင္းကေတာ့ ျပည္သူေတြရဲ႕ရင္ထဲမွာေတာင္ မေမ့ေပ်ာက္ႏိုင္ခဲ့တာ ျဖစ္ပါတယ္ ။
ညီညီက်ဆုံၿပီးေနာက္ပိုင္းမွာေတာ့ ျပည္သူေတြက က်န္ရစ္ခဲ့တဲ့ သူ႔ရဲ႕မိသားစုေလးကို တတ္ႏိုင္သေလာက္ ေဖးမကူညီေပးခဲ့ၾကတာလည္း ျဖစ္ပါတယ္ ။ မိသားစုဝင္ေတြနဲ႔ သူငယ္ခ်င္းေတြအားလုံးကလည္း
ညီညီ့အတြက္ ကုသိုလ္ေကာင္းမႈေတြကို ျပဳလုပ္ေပးေနတာ ႏွစ္လေတာင္ရွိသြားခဲ့ၿပီ ျဖစ္ပါတယ္ ။ အခုလည္း ျပည္သူတစ္ဦးက ညီညီ့ရဲ႕အစ္ကိုျဖစ္သူ ကိုကိုတင္ထားတဲ့စာေလးကို ျပန္လည္မွ်ေဝခဲ့တာ ျဖစ္ပါတယ္ ။
စာထဲမွာေတာ့ ကိုကိုက သူ႔အေနနဲ႔ တစ္ရက္မွာ (၁၂)နာရီပဲ အသက္ရွင္ခြင့္ရမယ္ဆိုရင္ေတာင္ သူ႔ရဲ႕က်န္တဲ့အသက္ကို ညီေလးနဲ႔အတူေဝမွ်ၿပီး ရွင္သန္ခ်င္ေၾကာင္း ဖြင့္ဟလာခဲ့တာ ျဖစ္ပါတယ္ ။
“ငါမင္းကိုသတိရေနတယ္ ညီေလး” ဆိုၿပီး ညီေလးကိုလြမ္းေၾကာင္း ေျပာထားတဲ့ ကိုကို႔ရဲ႕စာေလးက ဖတ္ရသူအဖို႔ မ်က္ရည္ဝဲသြားေစေလာက္တာ ျဖစ္ပါတယ္ ။
က်ဆုံးသြားတဲ့ သူရဲေကာင္းေလး ညီညီလည္း ေကာင္းရာမြန္ရာဘုံဘဝမွာ ၿငိမ္းခ်မ္းစြာ အနားယူႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ရပါတယ္။