သားလေးရဲ့ အသက် (၂၀)ပြည့်နေ့မှာအတူတူမရှိရတော့တဲ့အတွက် ဝမ်းနည်းကြေကွဲစွာ ရင်ဖွင့်လာခဲ့တဲ့ မိခင်

သားလေးရဲ့ အသက် (၂၀)ပြည့်နေ့မှာ အရင်လို အတူတူမရှိရတော့တဲ့အတွက် ဝမ်းနည်းကြေကွဲစွာ ရင်ဖွင့်လာခဲ့တဲ့ တော်လှန်ရေးမှာ ကျဆုံးသွားခဲ့သော သူရဲကောင်း မောင်မင်းမြတ်ပိုင်ရဲ့ အမေ

“မေမေ မနက်ဖြန် သား (19)နှစ်ပြည့်ပြီနော်သားမွေးနေ့မှာလက်ဆောင်ဘာပေးမှာလဲဟင်´´ပျော်ရွှင်နေတဲ့သားလေးရဲ့မျက်နှာမေမေ မမေ့နိုင်ဘူး

“သားလေးလိုချင်တာပြောလေ မေမေပေးမှာပေါ့ တကယ်လားမေမေ ဒါကြောင့်မေမေ့ကို သားအရမ်းချစ်တာပေါ့´´ မနှစ်က သားလေးမွေးနေ့မရောက်မှီ တစ်ရက်အကြိုပြောခဲ့တဲ့စကားလေး မေမေ့ရင်ထဲအမှတ်ရနေဆဲပါ…

သားလေးမေးနေကြစကားလေးတစ်ခွန်း“မေမေ သားကိုချစ်ရဲ့လားတဲ့´´ရုတ်တရက်မေးလိုက်တဲ့စကားမို့ကျမမှင်သက်နေပေမယ့်သားလေးက“ဟာမဟုတ်ပါဘူး သားမှာအစ်ကိုရယ် ညီလေးရယ်ရှိတာ သားကအလယ်လူလေ´´

“အချို့ကပြောကြတယ် အကြီးဆုံးနဲ့အငယ်ဆုံးကိုပိုချစ်ကြတယ်လို့´´ “မဟုတ်ပါဘူး မေမေကအစ်ကိုနဲ့ညီလေးရောသားလေးကိုပါအတူတူချစ်ခဲ့တာပါ´´ကျမအဲလိုပြောလိုက်ချိန်မှာဝင်းလက်လာတဲ့သားလေးရဲ့မျက်နှာလေးကို မေမေ မမေ့နိုင်ဘူးကွယ်…

သားလေးရေ မိဘဆိုတာ ကိုယ်မွေးခဲ့တဲ့ကိုယ့်ရင်သွေးလေးတွေကိုတန်းတူညီတူချစ်ခဲ့တဲ့မိဘတွေချည်းပါဘဲ့ ကျမကိုအမြဲချွဲနွဲပြီးပြောတတ်တဲ့သားလေးရဲ့စကားသံ အခုဆိုမကြားရတာကြာပြီပေါ့ကွယ်

အစ်ကိုက သားလေးကိုညီလေးဆိုပြီးချစ် ညီလေးကလည်းသားလေးကိုအစ်ကိုဆိုပြီးချစ် ဖေဖေလည်းချစ် မေမေလည်းချစ်ခဲ့ပြီး ပျော်ရွှင်နေကြတာ အခုတော့ သားလေးမရှိလို့ တိတ်ဆိတ်နေတဲ့အိမ်ကြီးကိုသားလေးမြင်စေချင်တယ်ကွယ်…

မေမေ့ကိုအနောက်ဆုံးပြောခဲ့တဲ့စကား သားလေးမှတ်မိနေမလား“မေမေ သားတို့အောင်မြင်တော့မှာပါ ခနဘဲ့ကျန်တော့တယ် ပြီးရင် မေမေ့ရင်ခွင်ထဲ သားပြန်ဝင်နားခိုတော့မှာပါ အခုတော့ သားလိုက်သွားပါရစေဦး´´

သားလေးပြောခဲ့တဲ့စကား မေမေ့နားထဲနားဝင်မချိုပေမယ့် မေမေ သားလေးရဲ့စိတ်ကိုမတားနိုင်ခဲ့ပါဘူး အဲဒီနေ့က သားလေးလိုက်မသွားခဲ့ရင်အခုလိုဖြစ်မှာမဟုတ်ဘူးကွယ်…

နွေဦးတော်လှန်ရေးမှာ သားလေးကျဆုံးသွားပြီဆိုတဲ့သတင်းကြားချိန် မေမေ့ရင်တွေကွဲ အသဲတွေလည်းကြေမွခဲ့ပါပြီသားလေးရယ် ပြန်မလာနိုင်တော့ဘူးဆိုတာသိရဲ့နဲ့သားလေးကိုဒီနေ့အထိစောင့်နေမိတာ မေမေ့အမှားလားကွယ်…

သားလေးရဲ့ ရုပ်အလောင်းနံဘေးမှာမေမေရပ်နေပေမယ့် သားလေးမမြင်နိုင်တော့ဘူးနော် မေမေ့ကိုအရမ်းချစ်ပါတယ်လို့ထပြောပါဦးသားရယ် မေမေ့မျက်ဝန်းကမျက်ရည်မကျခဲ့ပေမယ့် မေမေ့နှလုံးသားက နှလုံးသွေးတွေ ဆူပွက်နေတာသားလေးမြင်လှဲ့ပါကွယ်…

သားလေးရေ မေမေ့မျက်ဝန်းကကျလာတဲ့မျက်ရည်တွေကို မေမေ မသုတ်နိုင်လို့များမျက်ရည်မကျတာလားမသိဘူးနော် ဟုတ်တယ် ကျလာတဲ့မျက်ရည် သုတ်ဖို့မေမေ့လက်တွေမှာအားမရှိတော့ပါဘူး…

သားလေးတာဝန်ကျေပါတယ်ကွယ် သားလေးနဲ့အတူတူကျဆုံးသွားတဲ့သူရဲကောင်းတွေကို မေမေလေးစားပါတယ် ဂုဏ်လည်းယူတယ်သားလေးရယ်..

အသက်မဲ့နေတဲ့ခန္ဓာနဲ့ ပြုံးပြနေတဲ့သားလေးရဲ့မျက်နှာ မေမေဒီတစ်သက်မမေ့ပါဘူး သားလေးရေ မေမေ့ရင်ခွင်ကထွက်ခွါသွားတာသားလေးရဲ့ခန္ဓာကိုယ်ပါ သားလေးရဲ့ချစ်ခြင်းမေတ္တာတွေကမေမေတို့နဲ့အမြဲထာဝရအတူရှိနေမှာပါကွယ်…

နောင်ဘဝဆိုတာရှိခဲ့မယ်ဆိုရင် မေမေ့ဆီကိုပြန်လာနော် မေမေကြိုနေပါ့မယ်ကွယ် မနက်ဖြန်ဆို သားလေး အသက်(20)ပြည့်မွေးနေ့ရောက်ပြီနော် “မေမေ သားကိုလက်ဆောင်ဘာပေးမှာလဲဟင်´´လို့ မမေးနိုင်တော့ဘူးနော်…

အခုတော့ သားလေးချစ်တဲ့ နွေဦးတော်လှန်ရေးကိုလက်တွဲပြီး သားလေးကိုသိပ်ချစ်ခဲ့တဲ့ မိသားစုကို သားလေးထားခဲ့ရမယ်ဆိုတာကြိုသိခဲ့မယ်ဆိုရင်…

Ps မောင်မင်းမြတ်ပိုင်နဲ့အတူ နွေဦးတော်လှန်ရေးတွင်ကျဆုံးသွားသောသူရဲကောင်းများအား လေးစားဂုဏ်ပြုလျှက်…

ခြွေပေမယ့်လည်း ဝေနေဦးမှာဘဲ့ ခူးပေမယ့်လည်း ဖူးနေဦးမှာဘဲ့ လွင့်ကြွေပါစေ ရနံ့မသေဘူး ဒါပေမယ့်လည်း ဒီနွေဦးကိုတော့ကမ္ဘာမကြေဘူး…

Zawgyi

သားေလးရဲ႕ အသက္ (၂၀)ျပည့္ေန႔မွာ အရင္လို အတူတူမရွိရေတာ့တဲ့အတြက္ ၀မ္းနည္းေၾကကြဲစြာ ရင္ဖြင့္လာခဲ့တဲ့ ေတာ္လွန္ေရးမွာ က်ဆုံးသြားခဲ့ေသာ သူရဲေကာင္း ေမာင္မင္းျမတ္ပိုင္ရဲ႕ အေမ

“ေမေမ မနက္ျဖန္ သား (19)ႏွစ္ျပည့္ၿပီေနာ္သားေမြးေန႔မွာလက္ေဆာင္ဘာေပးမွာလဲဟင္´´ေပ်ာ္႐ႊင္ေနတဲ့သားေလးရဲ႕မ်က္ႏွာေမေမ မေမ့ႏိုင္ဘူး

“သားေလးလိုခ်င္တာေျပာေလ ေမေမေပးမွာေပါ့ တကယ္လားေမေမ ဒါေၾကာင့္ေမေမ့ကို သားအရမ္းခ်စ္တာေပါ့´´ မႏွစ္က သားေလးေမြးေန႔မေရာက္မွီ တစ္ရက္အႀကိဳေျပာခဲ့တဲ့စကားေလး ေမေမ့ရင္ထဲအမွတ္ရေနဆဲပါ…

သားေလးေမးေနၾကစကားေလးတစ္ခြန္း“ေမေမ သားကိုခ်စ္ရဲ႕လားတဲ့´´႐ုတ္တရက္ေမးလိုက္တဲ့စကားမို႔က်မမွင္သက္ေနေပမယ့္သားေလးက“ဟာမဟုတ္ပါဘူး သားမွာအစ္ကိုရယ္ ညီေလးရယ္ရွိတာ သားကအလယ္လူေလ´´ …

“အခ်ိဳ႕ကေျပာၾကတယ္ အႀကီးဆုံးနဲ႔အငယ္ဆုံးကိုပိုခ်စ္ၾကတယ္လို႔´´ “မဟုတ္ပါဘူး ေမေမကအစ္ကိုနဲ႔ညီေလးေရာသားေလးကိုပါအတူတူခ်စ္ခဲ့တာပါ´´က်မအဲလိုေျပာလိုက္ခ်ိန္မွာဝင္းလက္လာတဲ့သားေလးရဲ႕မ်က္ႏွာေလးကို ေမေမ မေမ့ႏိုင္ဘူးကြယ္…

သားေလးေရ မိဘဆိုတာ ကိုယ္ေမြးခဲ့တဲ့ကိုယ့္ရင္ေသြးေလးေတြကိုတန္းတူညီတူခ်စ္ခဲ့တဲ့မိဘေတြခ်ည္းပါဘဲ့ က်မကိုအၿမဲခြၽဲႏြဲၿပီးေျပာတတ္တဲ့သားေလးရဲ႕စကားသံ အခုဆိုမၾကားရတာၾကာၿပီေပါ့ကြယ္

အစ္ကိုက သားေလးကိုညီေလးဆိုၿပီးခ်စ္ ညီေလးကလည္းသားေလးကိုအစ္ကိုဆိုၿပီးခ်စ္ ေဖေဖလည္းခ်စ္ ေမေမလည္းခ်စ္ခဲ့ၿပီး ေပ်ာ္႐ႊင္ေနၾကတာ အခုေတာ့ သားေလးမရွိလို႔ တိတ္ဆိတ္ေနတဲ့အိမ္ႀကီးကိုသားေလးျမင္ေစခ်င္တယ္ကြယ္…

ေမေမ့ကိုအေနာက္ဆုံးေျပာခဲ့တဲ့စကား သားေလးမွတ္မိေနမလား“ေမေမ သားတို႔ေအာင္ျမင္ေတာ့မွာပါ ခနဘဲ့က်န္ေတာ့တယ္ ၿပီးရင္ ေမေမ့ရင္ခြင္ထဲ သားျပန္ဝင္နားခိုေတာ့မွာပါ အခုေတာ့ သားလိုက္သြားပါရေစဦး´´

သားေလးေျပာခဲ့တဲ့စကား ေမေမ့နားထဲနားဝင္မခ်ိဳေပမယ့္ ေမေမ သားေလးရဲ႕စိတ္ကိုမတားႏိုင္ခဲ့ပါဘူး အဲဒီေန႔က သားေလးလိုက္မသြားခဲ့ရင္အခုလိုျဖစ္မွာမဟုတ္ဘူးကြယ္…

ေႏြဦးေတာ္လွန္ေရးမွာ သားေလးက်ဆုံးသြားၿပီဆိုတဲ့သတင္းၾကားခ်ိန္ ေမေမ့ရင္ေတြကြဲ အသဲေတြလည္းေၾကမြခဲ့ပါၿပီသားေလးရယ္ ျပန္မလာႏိုင္ေတာ့ဘူးဆိုတာသိရဲ႕နဲ႔သားေလးကိုဒီေန႔အထိေစာင့္ေနမိတာ ေမေမ့အမွားလားကြယ္…

သားေလးရဲ႕ ႐ုပ္အေလာင္းနံေဘးမွာေမေမရပ္ေနေပမယ့္ သားေလးမျမင္ႏိုင္ေတာ့ဘူးေနာ္ ေမေမ့ကိုအရမ္းခ်စ္ပါတယ္လို႔ထေျပာပါဦးသားရယ္ ေမေမ့မ်က္ဝန္းကမ်က္ရည္မက်ခဲ့ေပမယ့္ ေမေမ့ႏွလုံးသားက ႏွလုံးေသြးေတြ ဆူပြက္ေနတာသားေလးျမင္လွဲ႔ပါကြယ္…

သားေလးေရ ေမေမ့မ်က္ဝန္းကက်လာတဲ့မ်က္ရည္ေတြကို ေမေမ မသုတ္ႏိုင္လို႔မ်ားမ်က္ရည္မက်တာလားမသိဘူးေနာ္ ဟုတ္တယ္ က်လာတဲ့မ်က္ရည္ သုတ္ဖို႔ေမေမ့လက္ေတြမွာအားမရွိေတာ့ပါဘူး…

သားေလးတာဝန္ေက်ပါတယ္ကြယ္ သားေလးနဲ႔အတူတူက်ဆုံးသြားတဲ့သူရဲေကာင္းေတြကို ေမေမေလးစားပါတယ္ ဂုဏ္လည္းယူတယ္သားေလးရယ္..

အသက္မဲ့ေနတဲ့ခႏၶာနဲ႔ ၿပဳံးျပေနတဲ့သားေလးရဲ႕မ်က္ႏွာ ေမေမဒီတစ္သက္မေမ့ပါဘူး သားေလးေရ ေမေမ့ရင္ခြင္ကထြက္ခြါသြားတာသားေလးရဲ႕ခႏၶာကိုယ္ပါ သားေလးရဲ႕ခ်စ္ျခင္းေမတၱာေတြကေမေမတို႔နဲ႔အၿမဲထာဝရအတူရွိေနမွာပါကြယ္…

ေနာင္ဘဝဆိုတာရွိခဲ့မယ္ဆိုရင္ ေမေမ့ဆီကိုျပန္လာေနာ္ ေမေမႀကိဳေနပါ့မယ္ကြယ္ မနက္ျဖန္ဆို သားေလး အသက္(20)ျပည့္ေမြးေန႔ေရာက္ၿပီေနာ္ “ေမေမ သားကိုလက္ေဆာင္ဘာေပးမွာလဲဟင္´´လို႔ မေမးႏိုင္ေတာ့ဘူးေနာ္…

အခုေတာ့ သားေလးခ်စ္တဲ့ ေႏြဦးေတာ္လွန္ေရးကိုလက္တြဲၿပီး သားေလးကိုသိပ္ခ်စ္ခဲ့တဲ့ မိသားစုကို သားေလးထားခဲ့ရမယ္ဆိုတာႀကိဳသိခဲ့မယ္ဆိုရင္…

Ps ေမာင္မင္းျမတ္ပိုင္နဲ႔အတူ ေႏြဦးေတာ္လွန္ေရးတြင္က်ဆုံးသြားေသာသူရဲေကာင္းမ်ားအား ေလးစားဂုဏ္ျပဳလွ်က္…

ေႁခြေပမယ့္လည္း ေဝေနဦးမွာဘဲ့ ခူးေပမယ့္လည္း ဖူးေနဦးမွာဘဲ့ လြင့္ေႂကြပါေစ ရနံ႔မေသဘူး ဒါေပမယ့္လည္း ဒီေႏြဦးကိုေတာ့ကမာၻမေၾကဘူး…

Leave a Reply

Your email address will not be published. Required fields are marked *