ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှ ကိုယ်စားရတာဆိုသူများ ဆရာတော် အရှင်ဆန္ဒာဓိက မိန့်ကြားထားတာလေး ဖတ်ကြည့်ပါ

ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှ ကိုယ်စားရတာဆိုသူများ ဆရာတော် အရှင်ဆန္ဒာဓိက မိန့်ကြားထားတာလေး ဖတ်ကြည့်ပါ

ကိုယ်လုပ်မှ ကိုယ်စားရ မယ်။ မဲသွားပေးစရာမလိုပါဘူး ဆိုတဲ့ သူတွေလည်းရှိတယ်။ သာ မန်အားဖြင့် ကြည့်လိုက်ရင်တော့ ဟုတ်သလို ထင်ရတာပေါ့နော်။ဒါပေမဲ့ ကိုယ်လုပ်မှ ကိုယ်စားရ မယ်ဆိုတဲ့ စကားကို ခွဲခြမ်းကြည့် ရင် လုပ်တာရယ်၊ စားတာရယ် နှစ်မျိုးရှိတယ်။ အဲဒီတော့ ကိုယ်လုပ် သလောက် အကျိုးခံစားခွင့်ရဖို့ အလုပ်လုပ်တဲ့ နေရာမှာ အဆင် ပြေပြေလုပ်ဆောင်နိုင်ဖို့က အရေးကြီးသေးတယ်။

ဒါတွေ အဆင်ပြေဖို့က စနစ်ကောင်းဖို့၊ အစိုးရ ကောင်းဖို့ လိုတယ်။ လယ်သမား က ကိုယ်လုပ်မှ ကိုယ်စားရမယ် ဆိုပေမယ့် ကိုယ်စိုက်မယ့် လယ် အစိုးရက သိမ်းသွားရင် လုပ်လို့ မရတော့ဘူးလေ။ အစိုးရသိမ်း ထားတဲ့ လယ်ကို သွားထွန်ရင် လည်း တရားစွဲခံရဦးမယ်။

အ လုပ်သမားတွေဆိုရင်လည်း ကိုယ့်အိမ်နဲ့ အလုပ်ကို အဝေးကြီးသွား ရပြီး လမ်းမှာ ကားတွေ ပိတ်လို့ အချိန်ကုန်ရတယ်။ လုပ်ငန်းခွင် ဆိုင်ရာအခြေခံအဆောက်အအုံ တွေ မကောင်းဘူးဆိုရင်လည်း

အလုပ်လုပ်ရတာ ပင်ပန်းဆင်းရဲ တာပေါ့။ ကိုယ်လုပ်မှ ကိုယ်စားရ မယ်ဆိုတာ မှန်တယ်။ ဒါပေမဲ့ စနစ်မကောင်းတဲ့အတွက် ကိုယ် လုပ်သလောက် အကျိုးခံစားခွင့် မရဘူး။ မလိုအပ်ဘဲ အချိန်ဆုံးရှုံး မှု၊ စိတ်အား၊ လူအားဆုံးရှုံးမှုတွေ ဖြစ်ပေါ်လာရတယ်။

ကိုယ်လုပ်မှ ကိုယ်စားရမယ်ဆိုတာ မှန်တယ်။ ဒါပေမဲ့အစိုးရမကောင်းဘူး၊ စနစ် မကောင်းဘူးဆိုရင် ကိုယ်လုပ်တဲ့ လုပ်အားခထိုက်ထိုက်တန်တန်ရ မှာ မဟုတ်ဘူး။ အလုပ်ချင်းအတူ တူကို လုပ်အားခပိုရလို့ မိသားစု နဲ့ခွဲ၊ ကိုယ့်ရေမြေကို စွန့်ခွာပြီး ပြည်ပမှာ သွားအလုပ်လုပ်နေရ တာတွေ အများကြီးပါ။ အဲဒါ ကြောင့် အစိုးရကောင်းဖို့၊ စနစ် ကောင်းဖို့ အရေးကြီးပါတယ်။

ကျောင်းသားလည်း ကိုယ်စာ ကျက်မှ ကိုယ်ရမှာပေါ့လေ။ ဒါ ပေမဲ့ ကိုယ်သင်ကြားတဲ့ ပညာ ရေး၊ ကိုယ်ကျက်တဲ့ စာအဆင့် အတန်းမြင့်ဖို့ လိုတာပေါ့လေ။ ကျန်းမာရေးကလည်း ဒီလိုပဲ။နောက်ပြီး ကိုယ်လုပ်ပြီး ကိုယ်စားရတဲ့ အခါမှာလည်း ကိုယ်စားရတဲ့ အ စားအစာတွေ အရည်အသွေး ကောင်းဖို့၊ ဘေးအန္တရာယ်ကင်း ဖို့၊ ကျန်းမာရေးနဲ့ ညီညွတ်ဖို့ အ ရေးကြီးတာပေါ့လေ။ဒါကြောင့် စနစ်ကောင်းကို ကျင့်သုံးမယ့် အစိုးရတစ်ရပ်ကို ရွေးချယ်တင် မြှောက်နိုင်ဖို့ နိုင်ငံသားတစ်ဦး၊ တစ်ယောက်ချင်းစီက ဘယ်အဖွဲ့ အစည်းကတော့ စနစ်ကောင်း အောင်၊ အစိုးရကောင်းအောင်

လုပ်နိုင်မလဲဆိုတာ လေ့လာပြီး ကောင်းအောင်လုပ်နိုင်မယ့် အဖွဲ့ အစည်းကို မဲပေးရမှာပေါ့။ အဲဒီ တော့ ကိုယ့်ကိုယ်တိုင်လည်း မဲ သွားပေးကြပါ။ ကိုယ့်ဝန်းကျင်က လူတွေ မဲသွားပေးဖြစ်အောင် လည်း ကူညီတိုက်တွန်းပေးကြပါ လို့ ပြောချင်ပါတယ်

ရွှေပါရမီဆရာတော် အရှင်ဆန္ဒာဓိက

Zawgyi

ဘယ္အစိုးရတက္တက္ ကိုယ္လုပ္မွ ကိုယ္စားရတာဆိုသူမ်ား ဆရာေတာ္ အရွင္ဆႏၵာဓိက မိန႔္ၾကားထားတာေလး ဖတ္ၾကည့္ပါ

ကိုယ္လုပ္မွ ကိုယ္စားရ မယ္။ မဲသြားေပးစရာမလိုပါဘူး ဆိုတဲ့ သူေတြလည္းရွိတယ္။ သာ မန္အားျဖင့္ ၾကည့္လိုက္ရင္ေတာ့ ဟုတ္သလို ထင္ရတာေပါ့ေနာ္။ဒါေပမဲ့ ကိုယ္လုပ္မွ ကိုယ္စားရ မယ္ဆိုတဲ့ စကားကို ခြဲျခမ္းၾကည့္ ရင္ လုပ္တာရယ္၊ စားတာရယ္ ႏွစ္မ်ိဳးရွိတယ္။ အဲဒီေတာ့ ကိုယ္လုပ္ သေလာက္ အက်ိဳးခံစားခြင့္ရဖို႔ အလုပ္လုပ္တဲ့ ေနရာမွာ အဆင္ ေျပေျပလုပ္ေဆာင္ႏိုင္ဖို႔က အေရးႀကီးေသးတယ္။

ဒါေတြ အဆင္ေျပဖို႔က စနစ္ေကာင္းဖို႔၊ အစိုးရ ေကာင္းဖို႔ လိုတယ္။ လယ္သမား က ကိုယ္လုပ္မွ ကိုယ္စားရမယ္ ဆိုေပမယ့္ ကိုယ္စိုက္မယ့္ လယ္ အစိုးရက သိမ္းသြားရင္ လုပ္လို႔ မရေတာ့ဘူးေလ။ အစိုးရသိမ္း ထားတဲ့ လယ္ကို သြားထြန္ရင္ လည္း တရားစြဲခံရဦးမယ္။

အ လုပ္သမားေတြဆိုရင္လည္း ကိုယ့္အိမ္နဲ႔ အလုပ္ကို အေဝးႀကီးသြား ရၿပီး လမ္းမွာ ကားေတြ ပိတ္လို႔ အခ်ိန္ကုန္ရတယ္။ လုပ္ငန္းခြင္ ဆိုင္ရာအေျခခံအေဆာက္အအုံ ေတြ မေကာင္းဘူးဆိုရင္လည္း

အလုပ္လုပ္ရတာ ပင္ပန္းဆင္းရဲ တာေပါ့။ ကိုယ္လုပ္မွ ကိုယ္စားရ မယ္ဆိုတာ မွန္တယ္။ ဒါေပမဲ့ စနစ္မေကာင္းတဲ့အတြက္ ကိုယ္ လုပ္သေလာက္ အက်ိဳးခံစားခြင့္ မရဘူး။ မလိုအပ္ဘဲ အခ်ိန္ဆုံးရႈံး မႈ၊ စိတ္အား၊ လူအားဆုံးရႈံးမႈေတြ ျဖစ္ေပၚလာရတယ္။

ကိုယ္လုပ္မွ ကိုယ္စားရမယ္ဆိုတာ မွန္တယ္။ ဒါေပမဲ့အစိုးရမေကာင္းဘူး၊ စနစ္ မေကာင္းဘူးဆိုရင္ ကိုယ္လုပ္တဲ့ လုပ္အားခထိုက္ထိုက္တန္တန္ရ မွာ မဟုတ္ဘူး။ အလုပ္ခ်င္းအတူ တူကို လုပ္အားခပိုရလို႔ မိသားစု နဲ႔ခြဲ၊ ကိုယ့္ေရေျမကို စြန႔္ခြာၿပီး ျပည္ပမွာ သြားအလုပ္လုပ္ေနရ တာေတြ အမ်ားႀကီးပါ။ အဲဒါ ေၾကာင့္ အစိုးရေကာင္းဖို႔၊ စနစ္ ေကာင္းဖို႔ အေရးႀကီးပါတယ္။

ေက်ာင္းသားလည္း ကိုယ္စာ က်က္မွ ကိုယ္ရမွာေပါ့ေလ။ ဒါ ေပမဲ့ ကိုယ္သင္ၾကားတဲ့ ပညာ ေရး၊ ကိုယ္က်က္တဲ့ စာအဆင့္ အတန္းျမင့္ဖို႔ လိုတာေပါ့ေလ။ က်န္းမာေရးကလည္း ဒီလိုပဲ။ေနာက္ၿပီး ကိုယ္လုပ္ၿပီး ကိုယ္စားရတဲ့ အခါမွာလည္း ကိုယ္စားရတဲ့ အ စားအစာေတြ အရည္အေသြး ေကာင္းဖို႔၊ ေဘးအႏၲရာယ္ကင္း ဖို႔၊ က်န္းမာေရးနဲ႔ ညီၫြတ္ဖို႔ အ ေရးႀကီးတာေပါ့ေလ။ဒါေၾကာင့္ စနစ္ေကာင္းကို က်င့္သုံးမယ့္ အစိုးရတစ္ရပ္ကို ေ႐ြးခ်ယ္တင္ ေျမႇာက္ႏိုင္ဖို႔ ႏိုင္ငံသားတစ္ဦး၊ တစ္ေယာက္ခ်င္းစီက ဘယ္အဖြဲ႕ အစည္းကေတာ့ စနစ္ေကာင္း ေအာင္၊ အစိုးရေကာင္းေအာင္

လုပ္ႏိုင္မလဲဆိုတာ ေလ့လာၿပီး ေကာင္းေအာင္လုပ္ႏိုင္မယ့္ အဖြဲ႕ အစည္းကို မဲေပးရမွာေပါ့။ အဲဒီ ေတာ့ ကိုယ့္ကိုယ္တိုင္လည္း မဲ သြားေပးၾကပါ။ ကိုယ့္ဝန္းက်င္က လူေတြ မဲသြားေပးျဖစ္ေအာင္ လည္း ကူညီတိုက္တြန္းေပးၾကပါ လို႔ ေျပာခ်င္ပါတယ္

ေ႐ႊပါရမီဆရာေတာ္ အရွင္ဆႏၵာဓိက

Leave a Reply

Your email address will not be published. Required fields are marked *