မျက်စိမကြည်လင်၊ မျက်စိနာသူများအတွက် အလွယ်ကူဆုံး မျက်စဉ်းဆေးရည်
မျက်စိမကြည်လင်၊ မျက်စိနာသူများအတွက် အလွယ်ကူဆုံး မျက်စဉ်းဆေးရည်
မျက်စိမှုံမျက်စိကြည့်မကောင်းမျက်သားတက်မျက်စိနာများအတွက်( အိမ်တွင်းမှမျက်စဉ်းဆေး အလွယ်တကူမို့အထင်မသေးလိုက်ပါနဲ့) ကျွန်တော့် အဖွားမှာ အသက် ရ၀ ကျော်အထိ မျက်မှန်မတပ်ရပါ အပ်ပေါက်ကိုကောင်းစွာ ထိုးနိုင်ပါတယ် ။ ကျွန်တော့်အဖွား အမြဲခပ်သော မျက်စဉ်းမှာ ထမင်းအိုးအဖုံးမှ ချွေးကိုလတ်ဆတ် ပုဂံလုံးသန့်သန့်ထဲခံထားပြီး မနက်ညနှစ်ကြိမ်အမြဲ မျက် စဉ်းခပ်ပါသည် ။ (သိသလောက်နှစ်ပေါင်းမနည်းပါ )တနေ့တစ်ခါလတ်ဆတ်ခံပြီးခပ်ပါ။
ကျွန်တော်တို့ ငယ်စဉ်က မျက်စိနာ / မျက်စိယား ( မျက်သားတက် ) လျှင် အဖွားမှ စိုင်း မင်း သန့် ဒီကိုလာအုံး ဟု ခေါ်ပြီးလျှင် အသင့်ခံယူထားသောထမင်းအိုးချွေး ပန်ကန်လုံးထဲသို့ ဆား နှစ်ပွင့် သုံးပွင့်ထည့်၍ မျက်စဉ်းခပ်ပေးပါသည် ။ တနေ့နှစ်ကြိမ် နှစ်ရက်ခန့်ဆိုလျှင် သက်သာသွားလေသည် အတော်ဖြစ်မှသုံးရက်သာကြာပါသည် ။
( အိမ်တွင်းဖြစ် အော်ဂဲနစ် တန်ဖိုးနည်းဝန်ပါသော ဆေးပါ )ကျွန်တော်နှင့်ခင်မင်သောသူ အစ်ကို အစ်မများမှ စိုင်း မင်း သန့် ရေ့ မျက်လုံးက ကြည့်မကောင်းဖူး မျက်သားတက်နေလားမသိဖူး မျက် လုံးက ယားတယ်။ မျက်မှန်ပါဝါတိုးရမယ်ထင်တယ် မျက်စိကကြည့်မကောင်းဖူး ဆေးနည်းလေးရှိရင် ပြောပြပါ စသည့်မေးခွန်းများကို အထက်ကပြောပြခဲ့သည့် ထမင်းအိုးချွေးကိုသာခပ်ခိုင်းခဲ့ပါသည် ။ ထမင်းအိုးကျက်တော့ အိုးအဖုံးမှချွေးကို ပန်ကန်လုံးသန့်သန့်မှာခံယူပြီးမျက်စဉ်းခပ်ပေးရတာပါ…။
သူတို့အားလုံး၏ အဖြေစကားမှာ ဝမ်းသာအားရပါသည် အရင်ကထက် မျက်စိကြည်လာတယ် အစကအဝေးမှုံအခုအဆင်ပြေပြီ မျက်သားတွေ မယားတော့ဖူးမျက်စိနာပျောက်ပြီ စသည် စသည် အဖြေများကြောင့် စိတ်ချမ်းသာရသည် ။ ။ ထို့ကြောင့် မျက်စိအတွက် ဥပါဒ်မရှိသော အိမ်တွင်း၌ နေ့စဉ်ရသော တန်ဖိုးနည်းပြီးထိရောက်သော မျက် စဉ်းဆေးအား ဖေါ်ပြပေးလိုက်ပါတယ် ခင်ဗျာ။ အားလုံးအမြင်ကြည်၍ အလင်းပြည့်ပါစေ
Zawgyi
Leave a Reply
Your email address will not be published. Required fields are marked *