“ဝေဖန်မှုတွေကြောင့် မိမိရဲ့ ဦးတည်ချက် ရည်ရွယ်ချက်ကို အပျောက်ဆုံးမခံပါနဲ့”

“ဝေဖန်မှုတွေကြောင့် မိမိရဲ့ ဦးတည်ချက် ရည်ရွယ်ချက်ကို အပျောက်ဆုံးမခံပါနဲ့”

တစ်ခါတုန်းက အင်မတန်တော်တဲ့ စက်မှုလက်မှုကျွမ်းကျင်တဲ့သူ တစ်ယောက်ရှိတယ်။ တစ်နေ့တော့ သူက လူတွေပြောစ မှတ်ဖြစ် လောက် မယ့် သူ့ကိုအားလုံး ဝိုင်းပြီး ချီးကျူးမယ့် အလုပ်တစ်ခုကို လုပ်ပြချင်စိတ်ဖြစ်လာတယ်။အဲ့ဒါနဲ့ သူက ကြိုးကြာဌက်ရုပ်တစ်ခုကို ဆောက်ပါလေရော။ ပထမဆုံး သူက ကောင်းမွန်တဲ့ သစ်သားအကြမ်းကိုရှာပြီး ကြိုးကြာရုပ်တစ်ခု ထုလုပ်ရတာပေါ့။ပုံကြမ်းလေးပေါ် လာတယ် ဆိုရင်ပဲ သူ့အိမ်ရှေ့က ဖြတ်သွားကြတဲ့လူတွေကဝင်ဝင်လာကြည့်ပြီး အမျိုးမျိုးကဲ့ရဲ့သတဲ့။ ပန်းပုဆရာတွေကလည်း ဒီလိုထု တာ နည်းစနစ်မမှန်ဘူး။

ပန်းချီနည်း နည်းဆွဲတတ်တဲ့လူတွေကလည်း ရုပ်ဆိုးလွန်းတယ်။ နွားကျောင်းသားတွေကအစ ကျွန်တော် တို့ မြင်ဖူး တဲ့ ကြိုးကြာဌက်ပုံနဲ့လဲမတူဘူး စသဖြင့်ပေါ့။ ပညာရှင်ကတော့ ဘာတစ်ခွန်းမှ ပြန်မပြောပါဘူး။ ဘယ်သူတွေ ဘာပြောပြော သူ့ရဲ့ ကြိုးကြာဌက်ရုပ်ကိုပဲဆက်ပြီးလုပ်နေတယ်။ ဝေဖန်တဲ့လူတွေကလည်း စက်ယန္တရားထည့်သွင်းတဲ့အချိန်မှာလည်း လာဝေဖန်၊ ကြိုးကြာ ရုပ် ကိုဆေးချယ်တော့လည်း လာဝေဖန်ကြတာပါပဲ။

နောက်ဆုံးတော့ လအနည်းငယ်ကြာတဲ့အခါမှာ ကြိုးကြာရုပ် လုံးဝပြီးစီးသွားခဲ့တယ်။ သူ့ရဲ့ ကြိုးကြာရုပ်ဟာ စက်နဲ့ဖွင့်ပြီး ပျံခိုင်းရင် ငါးရက်တိတိ မနားဘဲ ပျံနိုင်တယ်။ ကြိုးကြာဌက်သံလဲ ထွက်နိုင်တယ်။လှလည်း လှတယ်။ အဲ့ဒီတော့မှ အရင်ဝေဖန်ခဲ့တဲ့ လူတွေကပါ သူ့ကို ဝိုင်းပြီး ချီးကျူးသလို အနယ်နယ်အရပ်ရပ်ကိုသတင်းရောက်သွားပြီး လာကြည့်ကြရလို့ နာမည်ကျော်တစ်ယောက်ဖြစ်သွားပါတော့တယ်။

ဒီဇာတ်လမ်းလေးကနေတဆင့် ပြောပြချင်တဲ့ အဓိက သင်ခန်းစာကတော့ ကိုယ်က တစ်ခုခုလုပ်နေတဲ့ အချိန်မှာ လူတွေက သူတို့ရဲ့ ရှုထောင့်အမျိုးမျိုးကနေဝေဖန်ကဲ့ရဲ့မှာပဲ။ အကြံပေးတာနဲ့ ဝေဖန်တာကို ကွဲကွဲပြားပြား သိပြီး ကိုယ့်အလုပ်ကိုယ် အောင်မြင်အောင် လုပ်နိုင်ရင် ကိုယ့်ကိုဝေဖန်တဲ့လူတွေကပါ ချီးကျူးကြရလိမ့်မယ်။ ဘယ်လောက်ပဲ တတ်ကျွမ်း တဲ့ လူရဲ့ အလုပ်ဖြစ်ဖြစ် ဝေဖန်တဲ့လူကတော့ ရှိမှာပဲ။ဒါကို ဝေဖန်နေတာကိုပဲ ကြည့်ပြီး အားငယ်ပြီး အလုပ်ရပ်ထားလို့မရပါဘူး။ ကိုယ် လုပ်ရမယ့် အလုပ်ကိုသာ အကောင်းဆုံးဆက်လုပ်ဖို့က အရေးအကြီးဆုံးပါပဲ။

Zawgyi

“ေဝဖန္မႈေတြေၾကာင့္ မိမိရဲ႕ ဦးတည္ခ်က္ ရည္႐ြယ္ခ်က္ကို အေပ်ာက္ဆုံးမခံပါနဲ႔”

တစ္ခါတုန္းက အင္မတန္ေတာ္တဲ့ စက္မႈလက္မႈကြၽမ္းက်င္တဲ့သူ တစ္ေယာက္ရွိတယ္။ တစ္ေန႔ေတာ့ သူက လူေတြေျပာစ မွတ္ျဖစ္ ေလာက္ မယ့္ သူ႔ကိုအားလုံး ဝိုင္းၿပီး ခ်ီးက်ဴးမယ့္ အလုပ္တစ္ခုကို လုပ္ျပခ်င္စိတ္ျဖစ္လာတယ္။အဲ့ဒါနဲ႔ သူက ႀကိဳးၾကာဌက္႐ုပ္တစ္ခုကို ေဆာက္ပါေလေရာ။ ပထမဆုံး သူက ေကာင္းမြန္တဲ့ သစ္သားအၾကမ္းကိုရွာၿပီး ႀကိဳးၾကာ႐ုပ္တစ္ခု ထုလုပ္ရတာေပါ့။ပုံၾကမ္းေလးေပၚ လာတယ္ ဆိုရင္ပဲ သူ႔အိမ္ေရွ႕က ျဖတ္သြားၾကတဲ့လူေတြကဝင္ဝင္လာၾကည့္ၿပီး အမ်ိဳးမ်ိဳးကဲ့ရဲ႕သတဲ့။ ပန္းပုဆရာေတြကလည္း ဒီလိုထု တာ နည္းစနစ္မမွန္ဘူး။

ပန္းခ်ီနည္း နည္းဆြဲတတ္တဲ့လူေတြကလည္း ႐ုပ္ဆိုးလြန္းတယ္။ ႏြားေက်ာင္းသားေတြကအစ ကြၽန္ေတာ္ တို႔ ျမင္ဖူး တဲ့ ႀကိဳးၾကာဌက္ပုံနဲ႔လဲမတူဘူး စသျဖင့္ေပါ့။ ပညာရွင္ကေတာ့ ဘာတစ္ခြန္းမွ ျပန္မေျပာပါဘူး။ ဘယ္သူေတြ ဘာေျပာေျပာ သူ႔ရဲ႕ ႀကိဳးၾကာဌက္႐ုပ္ကိုပဲဆက္ၿပီးလုပ္ေနတယ္။ ေဝဖန္တဲ့လူေတြကလည္း စက္ယႏၲရားထည့္သြင္းတဲ့အခ်ိန္မွာလည္း လာေဝဖန္၊ ႀကိဳးၾကာ ႐ုပ္ ကိုေဆးခ်ယ္ေတာ့လည္း လာေဝဖန္ၾကတာပါပဲ။

ေနာက္ဆုံးေတာ့ လအနည္းငယ္ၾကာတဲ့အခါမွာ ႀကိဳးၾကာ႐ုပ္ လုံးဝၿပီးစီးသြားခဲ့တယ္။ သူ႔ရဲ႕ ႀကိဳးၾကာ႐ုပ္ဟာ စက္နဲ႔ဖြင့္ၿပီး ပ်ံခိုင္းရင္ ငါးရက္တိတိ မနားဘဲ ပ်ံႏိုင္တယ္။ ႀကိဳးၾကာဌက္သံလဲ ထြက္ႏိုင္တယ္။လွလည္း လွတယ္။ အဲ့ဒီေတာ့မွ အရင္ေဝဖန္ခဲ့တဲ့ လူေတြကပါ သူ႔ကို ဝိုင္းၿပီး ခ်ီးက်ဴးသလို အနယ္နယ္အရပ္ရပ္ကိုသတင္းေရာက္သြားၿပီး လာၾကည့္ၾကရလို႔ နာမည္ေက်ာ္တစ္ေယာက္ျဖစ္သြားပါေတာ့တယ္။

ဒီဇာတ္လမ္းေလးကေနတဆင့္ ေျပာျပခ်င္တဲ့ အဓိက သင္ခန္းစာကေတာ့ ကိုယ္က တစ္ခုခုလုပ္ေနတဲ့ အခ်ိန္မွာ လူေတြက သူတို႔ရဲ႕ ရႈေထာင့္အမ်ိဳးမ်ိဳးကေနေဝဖန္ကဲ့ရဲ႕မွာပဲ။ အႀကံေပးတာနဲ႔ ေဝဖန္တာကို ကြဲကြဲျပားျပား သိၿပီး ကိုယ့္အလုပ္ကိုယ္ ေအာင္ျမင္ေအာင္ လုပ္ႏိုင္ရင္ ကိုယ့္ကိုေဝဖန္တဲ့လူေတြကပါ ခ်ီးက်ဴးၾကရလိမ့္မယ္။ ဘယ္ေလာက္ပဲ တတ္ကြၽမ္း တဲ့ လူရဲ႕ အလုပ္ျဖစ္ျဖစ္ ေဝဖန္တဲ့လူကေတာ့ ရွိမွာပဲ။ဒါကို ေဝဖန္ေနတာကိုပဲ ၾကည့္ၿပီး အားငယ္ၿပီး အလုပ္ရပ္ထားလို႔မရပါဘူး။ ကိုယ္ လုပ္ရမယ့္ အလုပ္ကိုသာ အေကာင္းဆုံးဆက္လုပ္ဖို႔က အေရးအႀကီးဆုံးပါပဲ။

Leave a Reply

Your email address will not be published. Required fields are marked *