ကျန်းမာရေးချို့ယွင်းမှုကြောင့်ရာထူးမှအနားယူသွားခဲ့တဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးဥက္ကဌ ဦးညီညီထွန်းလွင်
၂၀၁၉ခုနှစ်မှစတင်ကာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌတစ်ယောက်အနေနဲ့ တာဝန်ယူဆောင်ရွက်ခဲ့တဲ့ ဒါရိုက်တာဦးညီညီထွန်းလွင်ဟာ
ကျန်းမာရေးချို့ယွင်းမှုကြောင့် ရာထူးတာဝန်မှနှုတ်ထွက်ခွင့်ပြုရန်တောင်းဆိုခဲ့တာဖြစ်ပါတယ်။ ဦးညီဟာ ဒါရိုက်တာတစ်ယောက်အနေနဲ့လည်း
အောင်မြင်စွာရပ်တည်ခဲ့တဲ့ ဝါရင့်အနုပညာရှင်ကြီးတစ်ယောက်ဖြစ်တဲ့အပြင် ရုပ်ရှင်အစည်းအရုံးဥက္ကဌတစ်ယောက်အနေနဲ့လည်း
တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်…..။
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး(Myanmar Motion Picture Organization)တွင် ဥက္ကဌများအဖြစ်
၂၀၀၅ခုနှစ်မှ ၂၀၀၇ခုနှစ်အထိ ဦးကြည်စိုးထွန်း၊ ၂၀၀၇ခုနှစ်မှ ၂၀၁၂ခုနှစ်အထိ ဦးမြင့်သိန်းဖေ၊ ၂၀၁၂ခုနှစ်မှ ၂၀၁၉ခုနှစ်အထိ
ဦးဇင်ဝိုင်း၊ ၂၀၁၃ခုနှစ်မှ ၂၀၁၇ခုနှစ်အထိ ဦးလူမင်း၊ ၂၀၁၉ခုနှစ်မှ ၂၀၂၁ခုနှစ်အထိ ဦးညီညီထွန်းလွင်တို့က
အသီးသီးတာဝန်ယူခဲ့ကြပြီး ရုပ်ရှင်လောကတိုးတက်ရေးအတွက် အင်တိုက်အားတိုက်ကြိုးစားခဲ့ကြတာဖြစ်ပါတယ်။
ဦးညီဟာ အသက်(၆၈)နှစ်ခန့်ရှိနေပြီဖြစ်ပြီး ဆီးချို၊သွေးတိုး၊နှလုံးရောဂါများကိုလည်း ခံစားနေရတဲ့သူလည်းဖြစ်ပါတယ်။
မကြာသေးမီကတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး (Myanmar Motion Picture Organisation)ရဲ့ Facebook pageကနေ
ဦးညီညီထွန်းလွင်ရဲ့ ကျန်းမာရေးချို့ယွင်းမှုကြောင့်နှုတ်ထွက်စာတစ်စောင်ကို “၁၁.၅.၂၀၂၁ နေ့တွင်ပြုလုပ်သော
အထူးအစည်းအဝေးအမှတ် ၃/၂၀၂၁ မှ လက်ခံအတည်ပြုပါသည်…..” ဆိုပြီးရေးသားကာ မျှဝေပေးခဲ့တာဖြစ်ပါတယ်။
ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်…..။
Zawgyi
က်န္းမာေရးခ်ိဳ႕ယြင္းမႈေၾကာင့္ရာထူးမွအနားယူသြားခဲ့တဲ့ ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္း႐ုံးဥကၠဌ ဦးညီညီထြန္းလြင္
၂၀၁၉ခုႏွစ္မွစတင္ကာ ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးဥကၠဌတစ္ေယာက္အေနနဲ႔ တာ၀န္ယူေဆာင္႐ြက္ခဲ့တဲ့ ဒါ႐ိုက္တာဦးညီညီထြန္းလြင္ဟာ
က်န္းမာေရးခ်ိဳ႕ယြင္းမႈေၾကာင့္ ရာထူးတာ၀န္မွႏႈတ္ထြက္ခြင့္ျပဳရန္ေတာင္းဆိုခဲ့တာျဖစ္ပါတယ္။ ဦးညီဟာ ဒါ႐ိုက္တာတစ္ေယာက္အေနနဲ႔လည္း
ေအာင္ျမင္စြာရပ္တည္ခဲ့တဲ့ ဝါရင့္အႏုပညာရွင္ႀကီးတစ္ေယာက္ျဖစ္တဲ့အျပင္ ႐ုပ္ရွင္အစည္းအ႐ုံးဥကၠဌတစ္ေယာက္အေနနဲ႔လည္း
တာ၀န္ေက်ပြန္စြာထမ္းေဆာင္ခဲ့တဲ့သူတစ္ေယာက္ျဖစ္ပါတယ္…..။
ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံး(Myanmar Motion Picture Organization)တြင္ ဥကၠဌမ်ားအျဖစ္
၂၀၀၅ခုႏွစ္မွ ၂၀၀၇ခုႏွစ္အထိ ဦးၾကည္စိုးထြန္း၊ ၂၀၀၇ခုႏွစ္မွ ၂၀၁၂ခုႏွစ္အထိ ဦးျမင့္သိန္းေဖ၊ ၂၀၁၂ခုႏွစ္မွ ၂၀၁၉ခုႏွစ္အထိ
ဦးဇင္ဝိုင္း၊ ၂၀၁၃ခုႏွစ္မွ ၂၀၁၇ခုႏွစ္အထိ ဦးလူမင္း၊ ၂၀၁၉ခုႏွစ္မွ ၂၀၂၁ခုႏွစ္အထိ ဦးညီညီထြန္းလြင္တို႔က
အသီးသီးတာ၀န္ယူခဲ့ၾကၿပီး ႐ုပ္ရွင္ေလာကတိုးတက္ေရးအတြက္ အင္တိုက္အားတိုက္ႀကိဳးစားခဲ့ၾကတာျဖစ္ပါတယ္။
ဦးညီဟာ အသက္(၆၈)ႏွစ္ခန႔္ရွိေနၿပီျဖစ္ၿပီး ဆီးခ်ိဳ၊ေသြးတိုး၊ႏွလုံးေရာဂါမ်ားကိုလည္း ခံစားေနရတဲ့သူလည္းျဖစ္ပါတယ္။
မၾကာေသးမီကေတာ့ ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံး (Myanmar Motion Picture Organisation)ရဲ႕ Facebook pageကေန
ဦးညီညီထြန္းလြင္ရဲ႕ က်န္းမာေရးခ်ိဳ႕ယြင္းမႈေၾကာင့္ႏႈတ္ထြက္စာတစ္ေစာင္ကို “၁၁.၅.၂၀၂၁ ေန႔တြင္ျပဳလုပ္ေသာ
အထူးအစည္းအေဝးအမွတ္ ၃/၂၀၂၁ မွ လက္ခံအတည္ျပဳပါသည္…..” ဆိုၿပီးေရးသားကာ မွ်ေဝေပးခဲ့တာျဖစ္ပါတယ္။
ပရိသတ္ေတြအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္…..။