လွတ်အောင်ပြေးနေရတဲ့လူငယ်တွေကို ကားနဲ့ခေါ်တင်သွားဖို့မေတ္တာရပ်ခံလာတဲ့ ပြည်သူတချို့

YBS ကားခဖိုးတောင်မရှိဘဲ မိမိခြေထောက်ကိုသာအားကိုးပြီး လွတ်အောင်ပြေးနေရတဲ့လူငယ်တွေကို ကားနဲ့ခေါ်တင်သွားဖို့မေတ္တာရပ်ခံလာတဲ့ ပြည်သူတချို့

လူထုလှုပ်ရှားမှုတွေမှာဆိုရင် ရှေ့ဆုံးကနေပါဝင်နေကြတဲ့ လူငယ်တွေထဲမှာ ပြည့်စုံတဲ့သူတွေလည်းပါဝင်သလိုချို့တဲ့သူတွေလည်းရှိပါတယ်။တချို့လူငယ်လေးတွေဆိုရင် မိသားစုရဲ့စားဝတ်နေရေးအတွက် ရုန်းကန်နေရပေမယ့် လူထုလှုပ်ရှားမှုတွေမှာတော့ နေ့တိုင်းလိုလို ပါဝင်အားဖြည့်ပေးကြတာဖြစ်ပါတယ်။

လူငယ်တွေရဲ့ ရဲစွမ်းသတ္တိနဲ့အရာရာကိုစွန့်လွှတ်စွန့်စားရဲတဲ့ စိတ်ဓာတ်တွေကိုလည်း ပြည်သူလူထုက အရမ်းလေးစားပြီးချီးကျူးနေကြတာဖြစ်ပါတယ်။ 

လတ်တလောမှာဆိုရင်လည်း လူထုလှုပ်ရှားမှုတွေမှာ လူငယ်တွေရဲ့ အားမာန်အပြည့်နဲ့ချီတက်နေကြတဲ့ ပုံရိပ်တွေကိုလူမှုကွန်ယက်စာမျက်နှာပေါ်မှာ တွေ့မြင်နေရတာဖြစ်ပါတယ်။တချို့လူငယ်လေးတွေဆိုရင် သပိတ်တည်ရှိရာမှာပူပေါင်းဖို့အတွက် အဝေးကြီးကနေလာရပြီး 

YBS အသွားအပြန်ကားခဖိုးတောင်မရှိကြတာဖြစ်ပါတယ်။သပိတ်လူစုခွဲတဲ့အခါလည်း လူငယ်လေးတွေက နေပူပူ၊မိုးရွာရွာ ဂရုမစိုက်အားဘဲ မိမိခြေထောက်ကိုသာအားကိုးပြီး လွတ်အောင်ပြေးကြရတာဖြစ်ပါတယ်။

Taxiမောင်းတဲ့သူတွေနဲ့ ကားပိုင်ရှင်ပြည်သူတွေက   ပြေးလွှားနေရတဲ့လူငယ်လေးတွေကိုတွေ့တဲ့အခါ မိမိကားပေါ်ခေါ်တင်ပြီး ကူညီပေးကြတာဖြစ်ပါတယ်။လူငယ်တွေကတော့ သူတို့ရဲ့အကျိုးအတွက် ဆောင်ရွက်နေကြတာမဟုတ်ဘဲ ပြည်သူတွေအကုန်လုံး 

လက်ရှိအခြေအနေကလွတ်မြောက်ဖို့အတွက် အနာခံပြီးကြိုးစားနေကြတာဖြစ်ပါတယ်။ဒါ့ကြောင့်လည်း အိမ်ပြန်ဖို့ခက်ခဲနေတဲ့ လူငယ်လေးတွေကိုတွေ့တဲ့အခါ တတ်နိုင်သလောက်ကူညီကြပါဦးလို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။. 

Zawgyi

YBS ကားခဖိုးေတာင္မရွိဘဲ မိမိေျခေထာက္ကိုသာအားကိုးၿပီး လြတ္ေအာင္ေျပးေနရတဲ့လူငယ္ေတြကို ကားနဲ႔ေခၚတင္သြားဖို႔ေမတၱာရပ္ခံလာတဲ့ ျပည္သူတခ်ိဳ႕

လူထုလႈပ္ရွားမႈေတြမွာဆိုရင္ ေရွ႕ဆုံးကေနပါဝင္ေနၾကတဲ့ လူငယ္ေတြထဲမွာ ျပည့္စုံတဲ့သူေတြလည္းပါဝင္သလိုခ်ိဳ႕တဲ့သူေတြလည္းရွိပါတယ္။တခ်ိဳ႕လူငယ္ေလးေတြဆိုရင္ မိသားစုရဲ႕စားဝတ္ေနေရးအတြက္ ႐ုန္းကန္ေနရေပမယ့္ လူထုလႈပ္ရွားမႈေတြမွာေတာ့ ေန႔တိုင္းလိုလို ပါဝင္အားျဖည့္ေပးၾကတာျဖစ္ပါတယ္။

လူငယ္ေတြရဲ႕ ရဲစြမ္းသတၱိနဲ႔အရာရာကိုစြန႔္လႊတ္စြန႔္စားရဲတဲ့ စိတ္ဓာတ္ေတြကိုလည္း ျပည္သူလူထုက အရမ္းေလးစားၿပီးခ်ီးက်ဴးေနၾကတာျဖစ္ပါတယ္။ 

လတ္တေလာမွာဆိုရင္လည္း လူထုလႈပ္ရွားမႈေတြမွာ လူငယ္ေတြရဲ႕ အားမာန္အျပည့္နဲ႔ခ်ီတက္ေနၾကတဲ့ ပုံရိပ္ေတြကိုလူမႈကြန္ယက္စာမ်က္ႏွာေပၚမွာ ေတြ႕ျမင္ေနရတာျဖစ္ပါတယ္။တခ်ိဳ႕လူငယ္ေလးေတြဆိုရင္ သပိတ္တည္ရွိရာမွာပူေပါင္းဖို႔အတြက္ အေဝးႀကီးကေနလာရၿပီး 

YBS အသြားအျပန္ကားခဖိုးေတာင္မရွိၾကတာျဖစ္ပါတယ္။သပိတ္လူစုခြဲတဲ့အခါလည္း လူငယ္ေလးေတြက ေနပူပူ၊မိုး႐ြာ႐ြာ ဂ႐ုမစိုက္အားဘဲ မိမိေျခေထာက္ကိုသာအားကိုးၿပီး လြတ္ေအာင္ေျပးၾကရတာျဖစ္ပါတယ္။

Taxiေမာင္းတဲ့သူေတြနဲ႔ ကားပိုင္ရွင္ျပည္သူေတြက   ေျပးလႊားေနရတဲ့လူငယ္ေလးေတြကိုေတြ႕တဲ့အခါ မိမိကားေပၚေခၚတင္ၿပီး ကူညီေပးၾကတာျဖစ္ပါတယ္။လူငယ္ေတြကေတာ့ သူတို႔ရဲ႕အက်ိဳးအတြက္ ေဆာင္႐ြက္ေနၾကတာမဟုတ္ဘဲ ျပည္သူေတြအကုန္လုံး 

လက္ရွိအေျခအေနကလြတ္ေျမာက္ဖို႔အတြက္ အနာခံၿပီးႀကိဳးစားေနၾကတာျဖစ္ပါတယ္။ဒါ့ေၾကာင့္လည္း အိမ္ျပန္ဖို႔ခက္ခဲေနတဲ့ လူငယ္ေလးေတြကိုေတြ႕တဲ့အခါ တတ္ႏိုင္သေလာက္ကူညီၾကပါဦးလို႔ တိုက္တြန္းႏႈိးေဆာ္လိုက္ပါတယ္။. 

Leave a Reply

Your email address will not be published. Required fields are marked *