ကိုယ့်လိပ်ပြာကိုယ်လုံတယ် အမှန်တရားဘက်မှာ အမြဲရပ်တည်နေမယ်လို့ ရဲဝင့်ပြတ်သားစွာ ပြောလိုက်တဲ့ ဝိုင်းစုခိုင်သိန်း

ကိုယ့်လိပ်ပြာကိုယ်လုံတယ် အမှန်တရားဘက်မှာ အမြဲရပ်တည်နေမယ်လို့ ရဲဝင့်ပြတ်သားစွာ ပြောလိုက်တဲ့ ဝိုင်းစုခိုင်သိန်း

ပရိသတ်ကြီးရေ……အဆိုတော် ဝိုင်းစုခိုင်သိန်းကတော့ ဂီတလောကမှာ အချိန်အတော်ကြာ ရပ်တည်အောင်မြင်နေတာ ဖြစ်ပြီး အသစ်ထွက်ရှိလိုက်တဲ့ သီချင်းတိုင်းကလည်း နားဆင်သူတွေရဲ့ ရင်ထဲကို စွဲကျန်ရစ်စေခဲ့တာ ပဲဖြစ်ပါတယ်။

ဝိုင်းစုက ယခုမြန်မာနိုင်ငံ အတွင်းမှာ ဖြစ်ပွားနေတာနဲ့ ပက်သက်ပြီး ငြိမ်းချမ်းစွာ ရင်ထဲကဆန္ဒအမှန်တွေကို ထုတ်ဖော်နေကြတဲ့ ပြည်သူပရိသတ်တွေနဲ့ အတူ တက်တက်ကြွကြွ လူထုလှုပ်ရှားမှုတွေမှာ ပါဝင် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ဝိုင်းစုတို့ ဇနီးမောင်နှံက လမ်းမပေါ်ကို ထွက်ကာ တိုင်းပြည်ရဲ့အနာဂတ်အတွက် ကိုယ်တိုင်လှုပ်ရှားနေကာ ပြည်သူလူထုနဲ့ တစ်စိတ်တည်း တစ်ဝမ်းတည်း ရှိနေကြတာ ဖြစ်ပါတယ်။

ဝိုင်းစုတို့ဂီတလောကမှာရှိကြတဲ့ တေးသံရှင်တွေ တော်တော်များများက ပြည်သူတွေနဲ့ စည်းလုံးညီညွှတ်စွာ တတ်နိုင်သလောက် ကူညီဖေးဖရင်း ယုံကြည်တဲ့ ပန်းတိုင်ကို အားမာန်အပြည့်နဲ့ လျှောက်လှမ်းနေတာ ပဲဖြစ်ပါတယ်။

အခုလိုအချိန်မျိုးတွင် အလှူရှင်များကလည်း တစ်နိုင်တစ်ပိုင် လှူဒါန်းမှုများကို ပြုလုပ်နေကြတာလည်း တွေ့ရပါတယ်။ဝိုင်းစုက မိန်းမသားဖြစ်ပေမယ့်လည်း စိတ်ဓာတ်က မာကြောကာ ရဲရင့်ပြတ်သားတာဖြစ်တာကြောင့် တရားမျှတမှုအတွက် ဇွဲမလျော့ပဲ ကြိုးစားနေတာကို သူမရဲ့လူမူကွန်ယက် စာမျက်နှာထက်တွင် “ကိုယ့်ရဲ အားနည်းချက်က စကားတွေအများကြီး မပြောတတ်ဘူး စာတွေအရှည်ကြီးရေးပြီး ကိုယ်ခံစားနေရတာတွေဖော်ထုတ်မပြတတ်ဘူး။

ဒါပေမဲ့ ကိုယ်လုပ်တဲ့လုပ်ရပ်မှန်ကန်တယ် ကိုယ်ရပ်တည်မှုမှန်ကန်တယ် ကိုယ်ဘာတွေလုပ်နေလဲဆိုတာကိုယ်ကိုတိုင်သိတယ် ကိုယ့်လိပ်ပြာကိုယ်လုံတယ်အမှန်တရားဘက်မှာ အမြဲရပ်တည်နေမယ်✊✊”ဆိုပြီး ရေးသားဖော်ပြလာတာကြောင့် ပရိသတ်တွေကလည်း အားပေးရကျိုးနပ်လို့ ချီးကျူးနေတာ ပဲဖြစ်ပါတယ်။ကဲ……ပရိသတ်တွေအတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ်။

Zawgyi

ကိုယ့္လိပ္ျပာကိုယ္လုံတယ္ အမွန္တရားဘက္မွာ အၿမဲရပ္တည္ေနမယ္လို႔ ရဲဝင့္ျပတ္သားစြာ ေျပာလိုက္တဲ့ ဝိုင္းစုခိုင္သိန္း

ပရိသတ္ႀကီးေရ……အဆိုေတာ္ ဝိုင္းစုခိုင္သိန္းကေတာ့ ဂီတေလာကမွာ အခ်ိန္အေတာ္ၾကာ ရပ္တည္ေအာင္ျမင္ေနတာ ျဖစ္ၿပီး အသစ္ထြက္ရွိလိုက္တဲ့ သီခ်င္းတိုင္းကလည္း နားဆင္သူေတြရဲ႕ ရင္ထဲကို စြဲက်န္ရစ္ေစခဲ့တာ ပဲျဖစ္ပါတယ္။

ဝိုင္းစုက ယခုျမန္မာနိုင္ငံ အတြင္းမွာ ျဖစ္ပြားေနတာနဲ႕ ပက္သက္ၿပီး ၿငိမ္းခ်မ္းစြာ ရင္ထဲကဆႏၵအမွန္ေတြကို ထုတ္ေဖာ္ေနၾကတဲ့ ျပည္သူပရိသတ္ေတြနဲ႕ အတူ တက္တက္ႂကြႂကြ လူထုလႈပ္ရွားမႈေတြမွာ ပါဝင္ ေဆာင္႐ြက္ေနတာ ျဖစ္ပါတယ္။

ဝိုင္းစုတို႔ ဇနီးေမာင္ႏွံက လမ္းမေပၚကို ထြက္ကာ တိုင္းျပည္ရဲ႕အနာဂတ္အတြက္ ကိုယ္တိုင္လႈပ္ရွားေနကာ ျပည္သူလူထုနဲ႕ တစ္စိတ္တည္း တစ္ဝမ္းတည္း ရွိေနၾကတာ ျဖစ္ပါတယ္။

ဝိုင္းစုတို႔ဂီတေလာကမွာရွိၾကတဲ့ ေတးသံရွင္ေတြ ေတာ္ေတာ္မ်ားမ်ားက ျပည္သူေတြနဲ႕ စည္းလုံးညီၫႊတ္စြာ တတ္နိုင္သေလာက္ ကူညီေဖးဖရင္း ယုံၾကည္တဲ့ ပန္းတိုင္ကို အားမာန္အျပည့္နဲ႕ ေလွ်ာက္လွမ္းေနတာ ပဲျဖစ္ပါတယ္။

အခုလိုအခ်ိန္မ်ိဳးတြင္ အလႉရွင္မ်ားကလည္း တစ္နိုင္တစ္ပိုင္ လႉဒါန္းမႈမ်ားကို ျပဳလုပ္ေနၾကတာလည္း ေတြ႕ရပါတယ္။ဝိုင္းစုက မိန္းမသားျဖစ္ေပမယ့္လည္း စိတ္ဓာတ္က မာေၾကာကာ ရဲရင့္ျပတ္သားတာျဖစ္တာေၾကာင့္ တရားမွ်တမႈအတြက္ ဇြဲမေလ်ာ့ပဲ ႀကိဳးစားေနတာကို သူမရဲ႕လူမူကြန္ယက္ စာမ်က္ႏွာထက္တြင္ “ကိုယ့္ရဲ အားနည္းခ်က္က စကားေတြအမ်ားႀကီး မေျပာတတ္ဘူး စာေတြအရွည္ႀကီးေရးၿပီး ကိုယ္ခံစားေနရတာေတြေဖာ္ထုတ္မျပတတ္ဘူး။

ဒါေပမဲ့ ကိုယ္လုပ္တဲ့လုပ္ရပ္မွန္ကန္တယ္ ကိုယ္ရပ္တည္မႈမွန္ကန္တယ္ ကိုယ္ဘာေတြလုပ္ေနလဲဆိုတာကိုယ္ကိုတိုင္သိတယ္ ကိုယ့္လိပ္ျပာကိုယ္လုံတယ္အမွန္တရားဘက္မွာ အၿမဲရပ္တည္ေနမယ္✊✊”ဆိုၿပီး ေရးသားေဖာ္ျပလာတာေၾကာင့္ ပရိသတ္ေတြကလည္း အားေပးရက်ိဳးနပ္လို႔ ခ်ီးက်ဴးေနတာ ပဲျဖစ္ပါတယ္။ကဲ……ပရိသတ္ေတြအတြက္ ျပန္လည္ မွ်ေဝေပးလိုက္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *