ကမ္ဘာပါ ပျံ့နှံ့နေပြီဖြစ်တဲ့ မြန်မာအလှမယ်ထားထက်ထက်ရဲ့ လှုပ်ရှားမှုတွေ

မြန်မာအလှမယ် ထားထက်ထက်ဒေသတွင်းမီဒီယာများနှင့် ထိုင်းလူမှုကွန်ရက်တွင် ရေပန်းစားနေ

ဏာရှင်ကိုလက်နက်ကိုင်တိုက်ဖို့တိုင်းရင်းသားတော်လှန်ရေးနယ်မြေမှာသွားရောက်စစ်ရေးလေ့ကျင့်နေတဲ့မြန်မာပြည်ကအလှမယ်ထားထက်ထက်အကြောင်းကိုထိုင်း၊ကိုရီးယား၊ဟောင်ကောင်နဲ့စင်ကာပူစတဲ့ဒေသတွင်းသတင်းမီဒီယာတွေမှာအသားပေးဖော်ပြပြီးနေပြီးထိုင်းလူမှုကွန်ရက်တွေမှာလည်းရေပန်းစားနေပါတယ်။

အလှမယ်ထားထက်ထက်ဟာတော်လှန်ရေးနယ်မြေထဲရောက်နေတာ ၁လနဲ့၁၁ရက်ရှိသွားပြီဖြစ်ကြောင်းသူ့ရဲ့လူမှုကွန်ရက်မှာသေနတ်လွယ်ထားတဲ့ဓာတ်ပုံနဲ့တကွဖော်ပြခဲ့ရာကထိုင်းသတင်းတွေကလည်းသူ့ အကြောင်းကိုရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။

.komchadluek.သတင်းမှာဆိုရင်ခေါင်းကြီးပိုင်းမှာကျူးဘားတော်လှန်ရေးခေါင်းဆောင်ချေဂွေးဗားရားရဲ့ခြေလှမ်းနောက်လိုက်မယ့် မြန်မာအလှမယ်၊အာဏာရှင်ကျဆုံးရေးအတွက်လက်နက်ကို လက်နက်ချင်းယှဉ်ပြိုင်ဖို့တောခိုခဲ့တဲ့မြန်မာအလှမယ်ဆိုပြီးဖော်ပြထားပါတယ်။

သူမဟာစစ်အာဏာရှင်ကျဆုံးရေးအတွက်အသက်ကိုစွန့်ပြီးတော်လှန်သွားမယ့်အကြောင်း၊တော်လှန်ရေးမှာလက်နက်အားဖြင့်သော်လည်းကောင်း၊ကလောင်သွားဖြင့်သော်လည်းကောင်း၊ကီးဘုတ်ဖြင့်လည်းကောင်း၊ငွေကြေးထောက်ပံ့ခြင်းဖြင့်လည်းကောင်း တတ်နိုင်တဲ့ဘက်ကဝိုင်းလုပ်မှအောင်မြင်မယ့်အကြောင်းအလှမယ်ထားထက်ထက်ကသူ့ကိုယ်ပိုင်လူမှုကွန်ရက်မှာရေးသားဖော်ပြထားပါတယ်။

News 1Liveသတင်းမှာတော့အာဏာရှင်အစိုးရကို လက်နက်ကိုင်တော်လှန်ဖို့တောခိုသွားတဲ့မြန်မာအလှမယ်ထားထက်ထက်ဆိုတဲ့ခေါင်းစဉ်နဲ့ဖော်ပြပါတယ်။

အဆိုပါသတင်းမှာတော့ထားထက်ထက်ဟာအသက်၂၄နှစ်ရွယ်လွန်ခဲ့တဲ့၂၀၁၃ခုနှစ်ကထိုင်းနိုင်ငံမှာကျင်းပခဲ့တဲ့Miss Grand Internationalအလှမယ်ပြိုင်ပွဲမှာမြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း၊ထိုစဉ်ကသူမဟာပထမဆုမရခဲ့ပေမယ့်ဆန်ကာတင်အလှမယ်၂၀ဦးမှာပါဝင်ခဲ့သလိုအမျိုးသားဝတ်စုံပြိုင်ပွဲဆန်ကာတင်၁၀ဦးထဲပါဝင်ပြီးvoteအများဆုံးနဲ့Miss Popularဆုကိုရခဲ့တယ်လို့ဖော်ပြပါတယ်။

အဲဒီပြိုင်ပွဲမှာဆုငွေဒေါ်လာ၃၀၀၀ရခဲ့ပြီးသူကအဆိုပါဆုငွေကိုပရဟိတလုပ်ငန်းအတွက်သုံးစွဲသွားမယ်လို့ပြောဆိုခဲ့တာမို့သူမရဲ့မွန်မြတ်တဲ့စိတ်ထားပေါ်လွင်ခဲ့ကြောင်း၊ဒါ့အပြင်သူဟာလူငယ်တွေကိုကာယလေ့ကျင့်ခန်းသင်တန်းပေးနေတဲ့စေတနာ့ဝန်ထမ်းဆရာမ၊သက်ကြီးရွယ်အိုနဲ့ဝေဒနာရှင်တွေစောင့်ရှောက်ကူညီရေးလုပ်ငန်းဆောင်ရွက်သူဖြစ်ကြောင်း၊အခုချိန်မှာတော့သူဟာစစ်အာဏာရှင်အစိုးရကိုတော်လှန်ဖို့သေနတ်ကိုင်ဆောင်နေတဲ့တော်လှန်ရေးသမားဖြစ်နေပြီလို့ ရေးသားဖော်ပြပါတယ်။

The voice TVသတင်းမှာတော့လက်ရှိမြန်မာနိုင်ငံရဲ့ဆန္ဒပြပွဲ၊ အဖမ်းအဆီးသတင်း၊တိုက်ပွဲသတင်းတွေကြားရေပန်းစားနေတာကတော့အလှမယ်တစ်ဦးတောခိုသွားတဲ့အကြောင်းဖြစ်တယ်၊လူမှုကွန်ရက်မှာဖော်လိုဝါ၃သိန်းကျော်ရှိတဲ့Miss Grand Myanmarထားထက်ထက်ဟာနှစ်ပေါင်း၆၀ကျော်မြန်မာပြည်သူပြည်သားတိုင်းရင်းသားတွေပေါ်ဖိနှိပ်လာတဲ့စစ်အာဏာရှင် အဆုံးသတ်ဖို့အသက်နဲ့ရင်းပြီးလက်နက်ကိုင်တိုက်ပွဲဝင်သွားမယ်လို့ သူ့ရဲ့ဖေ့စ်ဘွတ်ခ်မှာရေးထားတယ်လို့ဖော်ပြပါတယ်။

အဆိုပါသတင်းဌာနတွေရဲ့လူမှုကွန်ရက်ပို့စ်တွေမှာတော့ထိုင်းလူမျိုးအများစုကထားထက်ထက်ကိုအားပေးတဲ့အကြောင်းမှတ်ချက်တွေ ရေးသားထားကြပါတယ်။

ထိုင်းပြည်သူတချို့ကလည်း“တို့ဆီကအလှမယ်တွေနဲ့တော့ကွာပ”။ “တို့ဆီကအလှမယ်တွေကသူများကိုမြူဆွယ်ဖို့ပဲတတ်တယ်”။“ထိုင်းအလှမယ်တွေစံနမူနာကြည့်ထားကြ”။“သူဟာကမ္ဘာ့အလှမယ်သရဖူမဆောင်းရပေမယ့်ကမ္ဘာကလူတွေရဲ့နှလုံးသားကိုတော့ရလိုက်တယ်”။“ဘေးကင်းပါစေ”။“မြန်မာစစ်အာဏာရှင်ကိုအပြုတ်တိုက်နိုင်ပါစေ”။“မွန်မြတ်လှပါတယ်”။“အောင်မြင်ပါစေ”စသဖြင့် မှတ်ချက်တွေရေးသားထားကြပါတယ်။

Zawgyi

ျမန္မာအလွမယ္ ထားထက္ထက္ေဒသတြင္းမီဒီယာမ်ားႏွင့္ ထိုင္းလူမႈကြန္ရက္တြင္ ေရပန္းစားေန

ဏာရွင္ကိုလက္နက္ကိုင္တိုက္ဖို႔တိုင္းရင္းသားေတာ္လွန္ေရးနယ္ေျမမွာသြားေရာက္စစ္ေရးေလ့က်င့္ေနတဲ့ျမန္မာျပည္ကအလွမယ္ထားထက္ထက္အေၾကာင္းကိုထိုင္း၊ကိုရီးယား၊ေဟာင္ေကာင္နဲ႔စင္ကာပူစတဲ့ေဒသတြင္းသတင္းမီဒီယာေတြမွာအသားေပးေဖာ္ျပၿပီးေနၿပီးထိုင္းလူမႈကြန္ရက္ေတြမွာလည္းေရပန္းစားေနပါတယ္။

အလွမယ္ထားထက္ထက္ဟာေတာ္လွန္ေရးနယ္ေျမထဲေရာက္ေနတာ ၁လနဲ႔၁၁ရက္ရွိသြားၿပီျဖစ္ေၾကာင္းသူ႔ရဲ႕လူမႈကြန္ရက္မွာေသနတ္လြယ္ထားတဲ့ဓာတ္ပုံနဲ႔တကြေဖာ္ျပခဲ့ရာကထိုင္းသတင္းေတြကလည္းသူ႔ အေၾကာင္းကိုေရးသားေဖာ္ျပခဲ့တာျဖစ္ပါတယ္။

.komchadluek.သတင္းမွာဆိုရင္ေခါင္းႀကီးပိုင္းမွာက်ဴးဘားေတာ္လွန္ေရးေခါင္းေဆာင္ေခ်ေဂြးဗားရားရဲ႕ေျခလွမ္းေနာက္လိုက္မယ့္ ျမန္မာအလွမယ္၊အာဏာရွင္က်ဆုံးေရးအတြက္လက္နက္ကို လက္နက္ခ်င္းယွဥ္ၿပိဳင္ဖို႔ေတာခိုခဲ့တဲ့ျမန္မာအလွမယ္ဆိုၿပီးေဖာ္ျပထားပါတယ္။

သူမဟာစစ္အာဏာရွင္က်ဆုံးေရးအတြက္အသက္ကိုစြန႔္ၿပီးေတာ္လွန္သြားမယ့္အေၾကာင္း၊ေတာ္လွန္ေရးမွာလက္နက္အားျဖင့္ေသာ္လည္းေကာင္း၊ကေလာင္သြားျဖင့္ေသာ္လည္းေကာင္း၊ကီးဘုတ္ျဖင့္လည္းေကာင္း၊ေငြေၾကးေထာက္ပံ့ျခင္းျဖင့္လည္းေကာင္း တတ္ႏိုင္တဲ့ဘက္ကဝိုင္းလုပ္မွေအာင္ျမင္မယ့္အေၾကာင္းအလွမယ္ထားထက္ထက္ကသူ႔ကိုယ္ပိုင္လူမႈကြန္ရက္မွာေရးသားေဖာ္ျပထားပါတယ္။

News 1Liveသတင္းမွာေတာ့အာဏာရွင္အစိုးရကို လက္နက္ကိုင္ေတာ္လွန္ဖို႔ေတာခိုသြားတဲ့ျမန္မာအလွမယ္ထားထက္ထက္ဆိုတဲ့ေခါင္းစဥ္နဲ႔ေဖာ္ျပပါတယ္။

အဆိုပါသတင္းမွာေတာ့ထားထက္ထက္ဟာအသက္၂၄ႏွစ္႐ြယ္လြန္ခဲ့တဲ့၂၀၁၃ခုႏွစ္ကထိုင္းႏိုင္ငံမွာက်င္းပခဲ့တဲ့Miss Grand Internationalအလွမယ္ၿပိဳင္ပြဲမွာျမန္မာႏိုင္ငံကိုယ္စားျပဳအေနနဲ႔ပါဝင္ယွဥ္ၿပိဳင္ခဲ့ေၾကာင္း၊ထိုစဥ္ကသူမဟာပထမဆုမရခဲ့ေပမယ့္ဆန္ကာတင္အလွမယ္၂၀ဦးမွာပါဝင္ခဲ့သလိုအမ်ိဳးသားဝတ္စုံၿပိဳင္ပြဲဆန္ကာတင္၁၀ဦးထဲပါဝင္ၿပီးvoteအမ်ားဆုံးနဲ႔Miss Popularဆုကိုရခဲ့တယ္လို႔ေဖာ္ျပပါတယ္။

အဲဒီၿပိဳင္ပြဲမွာဆုေငြေဒၚလာ၃၀၀၀ရခဲ့ၿပီးသူကအဆိုပါဆုေငြကိုပရဟိတလုပ္ငန္းအတြက္သုံးစြဲသြားမယ္လို႔ေျပာဆိုခဲ့တာမို႔သူမရဲ႕မြန္ျမတ္တဲ့စိတ္ထားေပၚလြင္ခဲ့ေၾကာင္း၊ဒါ့အျပင္သူဟာလူငယ္ေတြကိုကာယေလ့က်င့္ခန္းသင္တန္းေပးေနတဲ့ေစတနာ့ဝန္ထမ္းဆရာမ၊သက္ႀကီး႐ြယ္အိုနဲ႔ေဝဒနာရွင္ေတြေစာင့္ေရွာက္ကူညီေရးလုပ္ငန္းေဆာင္႐ြက္သူျဖစ္ေၾကာင္း၊အခုခ်ိန္မွာေတာ့သူဟာစစ္အာဏာရွင္အစိုးရကိုေတာ္လွန္ဖို႔ေသနတ္ကိုင္ေဆာင္ေနတဲ့ေတာ္လွန္ေရးသမားျဖစ္ေနၿပီလို႔ ေရးသားေဖာ္ျပပါတယ္။

The voice TVသတင္းမွာေတာ့လက္ရွိျမန္မာႏိုင္ငံရဲ႕ဆႏၵျပပြဲ၊ အဖမ္းအဆီးသတင္း၊တိုက္ပြဲသတင္းေတြၾကားေရပန္းစားေနတာကေတာ့အလွမယ္တစ္ဦးေတာခိုသြားတဲ့အေၾကာင္းျဖစ္တယ္၊လူမႈကြန္ရက္မွာေဖာ္လိုဝါ၃သိန္းေက်ာ္ရွိတဲ့Miss Grand Myanmarထားထက္ထက္ဟာႏွစ္ေပါင္း၆၀ေက်ာ္ျမန္မာျပည္သူျပည္သားတိုင္းရင္းသားေတြေပၚဖိႏွိပ္လာတဲ့စစ္အာဏာရွင္ အဆုံးသတ္ဖို႔အသက္နဲ႔ရင္းၿပီးလက္နက္ကိုင္တိုက္ပြဲဝင္သြားမယ္လို႔ သူ႔ရဲ႕ေဖ့စ္ဘြတ္ခ္မွာေရးထားတယ္လို႔ေဖာ္ျပပါတယ္။

အဆိုပါသတင္းဌာနေတြရဲ႕လူမႈကြန္ရက္ပို႔စ္ေတြမွာေတာ့ထိုင္းလူမ်ိဳးအမ်ားစုကထားထက္ထက္ကိုအားေပးတဲ့အေၾကာင္းမွတ္ခ်က္ေတြ ေရးသားထားၾကပါတယ္။

ထိုင္းျပည္သူတခ်ိဳ႕ကလည္း“တို႔ဆီကအလွမယ္ေတြနဲ႔ေတာ့ကြာပ”။ “တို႔ဆီကအလွမယ္ေတြကသူမ်ားကိုျမဴဆြယ္ဖို႔ပဲတတ္တယ္”။“ထိုင္းအလွမယ္ေတြစံနမူနာၾကည့္ထားၾက”။“သူဟာကမာၻ႔အလွမယ္သရဖူမေဆာင္းရေပမယ့္ကမာၻကလူေတြရဲ႕ႏွလုံးသားကိုေတာ့ရလိုက္တယ္”။“ေဘးကင္းပါေစ”။“ျမန္မာစစ္အာဏာရွင္ကိုအျပဳတ္တိုက္ႏိုင္ပါေစ”။“မြန္ျမတ္လွပါတယ္”။“ေအာင္ျမင္ပါေစ”စသျဖင့္ မွတ္ခ်က္ေတြေရးသားထားၾကပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *