ပြည်သူတွေရဲ့နေအိမ်တွေပါ ထိမှန်နေပြီး ပိုဆိုးရွားနိုင်ခြေရှိတဲ့ မင်းတပ်မြို့ရဲ့လက်ရှိအခြေအနေ

ပစ်ဖောက်ဖြိုခွင်းမှုတွေကြောင့် ပြည်သူတွေရဲ့နေအိမ်တွေပါ ထိမှန်နေပြီး ပိုဆိုးရွားနိုင်ခြေရှိတဲ့ မင်းတပ်မြို့ရဲ့လက်ရှိအခြေအနေ

ချင်းပြည်နယ်၊မင်းတပ်မြို့မှာတော့အခုဆိုရင်တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပြီးပြည်သူတွေအနေနဲ့အစွမ်းကုန်ကာကွယ်ခုခံနေတာဖြစ်ပါတယ် ။

ရရာနည်းလမ်းနဲ့ကာကွယ်နေကြတဲ့ပြည်သူတွေကအားတင်းပြီး တောင့်ခံနေတာဖြစ်သလိုတစ်ဖက်ကလည်းလက်နက်ကြီးတွေနဲ့ ဖြိုခွင်းမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ကလည်းမင်းတပ်မြို့မှာပြည်သူတွေကို ကာကွယ်ပေးနေတဲ့လူငယ်နှစ်ဦးအသက်ဆုံးရှုံးခဲ့ရကြောင်းသိရပြီးထပ်မံကျဆုံးသူတွေလည်းရှိနေသေးတာဖြစ်ပါတယ် ။

ယနေ့ မေလ(၁၅)ရက်နေ့မှာဆိုရင်လည်းမနက်အစောပိုင်းကတည်းကမင်းတပ်မြို့မှာအင်အားသုံးဖြိုခွင်းမှုတွေနဲ့ရင်ဆိုင်နေရတာကြောင့်ပြည်သူတွေထိတ်လန့်နေရတာဖြစ်ပါတယ်။

စံမင်းသီရိစေတီနားမှာလက်နက်ကြီးများဖြင့်အကြိမ်ကြိမ် ပစ်ခတ်မှုကြောင့်ထွက်ပြေးပုန်းရှောင်ရန်ကြိုးစားခဲ့တဲ့လူငယ် (၁၅)ယောက်ကျော်ဖမ်းဆီးခံခဲ့ရတာလည်းဖြစ်ပါတယ်။

အခြေအနေတွေဆိုးရွားနေတဲ့မင်းတပ်မြို့ရဲ့သတင်းကိုပြည်သူတွေအားလုံးကစောင့်ကြည့်နေကြသလို “မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးသတင်းအဖွဲ့”ကလည်းအချိန်နဲ့တစ်ပြေးညီ ထုတ်ပြန်ကြေညာပေးနေတာဖြစ်ပါတယ် ။

အခုလည်းပြည်သူတစ်ယောက်ကမင်းတပ်မြို့မှာပစ်ဖောက်ဖြိုခွင်းမှုကြောင့်ပြည်သူတွေရဲ့နေအိမ်တွေပါထိမှန်နေပြီဖြစ်ကြောင်းကိုပုံနဲ့တကွဖော်ပြထားတာဖြစ်ပါတယ်။

ဒါ့အပြင်ဒီထက်မကပိုဆိုးရွားမယ့်အခြေအနေရှိတာကြောင့်မင်းတပ်မြို့လေးကိုကယ်တင်ပေးပါဦးဆိုပြီးတောင်းဆိုထားတာလည်းဖြစ်ပါတယ်။ပြည်သူတွေအားလုံးကလည်းမင်းတပ်မြို့လေးဘေးကင်းစေဖို့အတွက်ကိုဝိုင်းဝန်းဆုတောင်းပေးနေကြတာပဲဖြစ်ပါတယ်။

Zawgyi

ပစ္ေဖာက္ၿဖိဳခြင္းမႈေတြေၾကာင့္ ျပည္သူေတြရဲ႕ေနအိမ္ေတြပါ ထိမွန္ေနၿပီး ပိုဆိုး႐ြားႏိုင္ေျခရွိတဲ့ မင္းတပ္ၿမိဳ႕ရဲ႕လက္ရွိအေျခအေန

ခ်င္းျပည္နယ္၊မင္းတပ္ၿမိဳ႕မွာေတာ့အခုဆိုရင္တိုက္ပြဲေတြ ျပင္းထန္ေနတာျဖစ္ၿပီးျပည္သူေတြအေနနဲ႔အစြမ္းကုန္ကာကြယ္ခုခံေနတာျဖစ္ပါတယ္ ။

ရရာနည္းလမ္းနဲ႔ကာကြယ္ေနၾကတဲ့ျပည္သူေတြကအားတင္းၿပီး ေတာင့္ခံေနတာျဖစ္သလိုတစ္ဖက္ကလည္းလက္နက္ႀကီးေတြနဲ႔ ၿဖိဳခြင္းမႈေတြျပဳလုပ္ေနတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရက္ကလည္းမင္းတပ္ၿမိဳ႕မွာျပည္သူေတြကို ကာကြယ္ေပးေနတဲ့လူငယ္ႏွစ္ဦးအသက္ဆုံးရႈံးခဲ့ရေၾကာင္းသိရၿပီးထပ္မံက်ဆုံးသူေတြလည္းရွိေနေသးတာျဖစ္ပါတယ္ ။

ယေန႔ ေမလ(၁၅)ရက္ေန႔မွာဆိုရင္လည္းမနက္အေစာပိုင္းကတည္းကမင္းတပ္ၿမိဳ႕မွာအင္အားသုံးၿဖိဳခြင္းမႈေတြနဲ႔ရင္ဆိုင္ေနရတာေၾကာင့္ျပည္သူေတြထိတ္လန္႔ေနရတာျဖစ္ပါတယ္။

စံမင္းသီရိေစတီနားမွာလက္နက္ႀကီးမ်ားျဖင့္အႀကိမ္ႀကိမ္ ပစ္ခတ္မႈေၾကာင့္ထြက္ေျပးပုန္းေရွာင္ရန္ႀကိဳးစားခဲ့တဲ့လူငယ္ (၁၅)ေယာက္ေက်ာ္ဖမ္းဆီးခံခဲ့ရတာလည္းျဖစ္ပါတယ္။

အေျခအေနေတြဆိုး႐ြားေနတဲ့မင္းတပ္ၿမိဳ႕ရဲ႕သတင္းကိုျပည္သူေတြအားလုံးကေစာင့္ၾကည့္ေနၾကသလို “မင္းတပ္ၿမိဳ႕ျပည္သူ႔အုပ္ခ်ဳပ္ေရးသတင္းအဖြဲ႕”ကလည္းအခ်ိန္နဲ႔တစ္ေျပးညီ ထုတ္ျပန္ေၾကညာေပးေနတာျဖစ္ပါတယ္ ။

အခုလည္းျပည္သူတစ္ေယာက္ကမင္းတပ္ၿမိဳ႕မွာပစ္ေဖာက္ၿဖိဳခြင္းမႈေၾကာင့္ျပည္သူေတြရဲ႕ေနအိမ္ေတြပါထိမွန္ေနၿပီျဖစ္ေၾကာင္းကိုပုံနဲ႔တကြေဖာ္ျပထားတာျဖစ္ပါတယ္။

ဒါ့အျပင္ဒီထက္မကပိုဆိုး႐ြားမယ့္အေျခအေနရွိတာေၾကာင့္မင္းတပ္ၿမိဳ႕ေလးကိုကယ္တင္ေပးပါဦးဆိုၿပီးေတာင္းဆိုထားတာလည္းျဖစ္ပါတယ္။ျပည္သူေတြအားလုံးကလည္းမင္းတပ္ၿမိဳ႕ေလးေဘးကင္းေစဖို႔အတြက္ကိုဝိုင္းဝန္းဆုေတာင္းေပးေနၾကတာပဲျဖစ္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *