အနုပညာရှင်များ အမှုပိတ်ပေးရန် စစ်ကောင်စီက အောက်လမ်းနည်းဖြင့် စည်းရုံးနေပြီး အမှုပိတ်ပေးခ သိန်းရာချီ ဈေးတောင်း

ပုဒ်မ ၅၀၅ ဖြင့် အရေးယူခံရသော အနုပညာရှင်များ အမှုပိတ်ပေးရန် စစ်ကောင်စီက အောက်လမ်းနည်းဖြင့် စည်းရုံးနေပြီး အမှုပိတ်ပေးခ သိန်းရာချီ ဈေးတောင်း

နွေဦးတော်လှန်ရေးတွင် ပါဝင်မှုဖြင့် ပုဒ်မ ၅၀၅ (က) ဖြင့် အရေးယူခံထားရသော အနုပညာရှင်များ၏ အမှုများ ပိတ်သိမ်းနိုင်ရန် အကြမ်းဖက်လူသတ်ဖက်ဆစ် စစ်ကောင်စီက စည်းရုံးမှုများ စတင်နေကာ အမှုပိတ်ရန်အတွက်လည်း ငွေကျပ်သိန်းရာချီ တောင်းနေကြောင်း စုံစမ်းသိရှိရသည်။

ပုဒ်မ ၅၀၅ က နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် အမှုဖွင့်ခံထားရသော အနုပညာရှင်များအတွက် ဖက်ဆစ်လူသတ်စစ်တပ်မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးလက်မှတ်ဖြင့် အမှုပိတ်နိုင်ရန်အတွက် ဝန်ဆောင်ခ အပါအဝင် အပြီးအစီး ငွေကျပ် သိန်း ၂၀၀ ပေါက်ဈေးရှိကြောင်း၊ ကနဦး သိန်း ၅၀ ပေးရမည် ဖြစ်ပြီး အမှုပိတ်ပြီးစီးသွားမှ လက်ကျန်ငွေ ပေးချေရမည်ဆိုသော ဈေးကွက်ဖြစ်ထွန်းနေကြောင်း သိရှိရသည်။

အနုပညာရှင်တစ်ဦး၏ အဆိုအရ ယင်းကိစ္စများအတွက် စစ်ကောင်စီမှ ဗိုလ်မှူး၁ ဦးက ပွဲစားအဖြစ် ဆောင်ရွက်ပေးပြီး ခံဝန်ရေးထိုးကာ အမှုမှ ပိတ်သိမ်းသည်အထိ ဆောင်ရွက်ပေးနိုင်ကြောင်း၊အကျဉ်း ထောင်တွင်းရောက်နေသော အနုပညာရှင်အချို့သည် စစ်ဆေးမေးမြန်းခံရသည့်အခါ မချေမငံ ပြန်ပြောဆိုမှုများကြောင့် အမှုတိုး တရားစွဲခံထားရကြောင်း သိရှိရသည်။

အကျဉ်းထောင်အတွင်း ရောက်ရှိနေသူဖြစ်ပါက ကောင်းမွန်စွာ နေထိုင်ရန် စီစဉ်ပေးပြီး ပြင်ပတွင်ပါ နေထိုင်နိုင်ရန် စီစဉ်ပေးမည်ဖြစ်ကြောင်း၊ အကယ်၍ အာမခံဖြင့် ပြင်ပ ရောက်ပါက အမှုပိတ်သိမ်းမှု မတိုင်မီ ခရီးထွက်ခြင်း၊ ပြည်ပခရီးထွက်ခြင်းများ မလုပ်ဆောင်ရန်၊ အဖမ်းမခံရဘဲ ရှောင်ပြေးနေသူ ဆိုပါက အမှုပိတ်သိမ်းရန် ဆောင်ရွက်နေစဉ် ပြည်တွင်းပြည်ပ ခရီးသွားခြင်းမလုပ်ဆောင်ရန်၊ အမှု ပိတ်သိမ်းပြီးစီးပါက

ထပ်မံ၍ နွေဦးတော်လှန်ရေး လှုပ်ရှားမှုများတွင် မပါဝင်ရန်ဆိုသော စည်းကမ်းချက်များရှိကြောင်း၊ စစ်ကောင်စီအနေဖြင့် အနုပညာရှင်များစွာကို ဖမ်းဆီးထားခြင်းကြောင့် ၎င်းတို့၏ ဂုဏ်သိက္ခာကို ပြန်လည် ဆယ်တင်ရန် အောက်လမ်းနည်း များဖြင့် ကြိုးစားခြင်းဖြစ်နိုင်ကြောင်း အနုပညာရှင်အသိုင်းအဝိုင်းမှ သိရှိရသည်။

လတ်တလော သရုပ်ဆောင်မင်းသား ပြေတီဦးသည် အင်းစိန် သီးသန့်အဆောင် ၂ အခန်း ၆ တွင် ပိုင်တံခွန်၊ ရဲတိုက်တို့နှင့် အတူရှိနေကြောင်း ၊ မင်းသားလူမင်းနှင့် ၈၈ ကျောင်းသားခေါင်းဆောင် ကိုမြအေးတို့ကို ထောင်မကြီး အဆောင် ၂ တွင် ထားရှိပြီး သရုပ်ဆောင် မင်းသမီး အိန္ဒြာကျော်ဇင်၊ မေတိုးခိုင်၊ ပိုပိုနှင့် ဝင်းမင်းသန်းတို့ကို အမျိုးသမီးစာသင်ဆောင်တွင် ထားရှိကြောင်း စုံစမ်းသိရှိရသည်။

Zawgyi

ပုဒ္မ ၅၀၅ ျဖင့္ အေရးယူခံရေသာ အႏုပညာရွင္မ်ား အမႈပိတ္ေပးရန္ စစ္ေကာင္စီက ေအာက္လမ္းနည္းျဖင့္ စည္း႐ုံးေနၿပီး အမႈပိတ္ေပးခ သိန္းရာခ်ီ ေစ်းေတာင္း

ေႏြဦးေတာ္လွန္ေရးတြင္ ပါဝင္မႈျဖင့္ ပုဒ္မ ၅၀၅ (က) ျဖင့္ အေရးယူခံထားရေသာ အႏုပညာရွင္မ်ား၏ အမႈမ်ား ပိတ္သိမ္းႏိုင္ရန္ အၾကမ္းဖက္လူသတ္ဖက္ဆစ္ စစ္ေကာင္စီက စည္း႐ုံးမႈမ်ား စတင္ေနကာ အမႈပိတ္ရန္အတြက္လည္း ေငြက်ပ္သိန္းရာခ်ီ ေတာင္းေနေၾကာင္း စုံစမ္းသိရွိရသည္။

ပုဒ္မ ၅၀၅ က ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈျဖင့္ အမႈဖြင့္ခံထားရေသာ အႏုပညာရွင္မ်ားအတြက္ ဖက္ဆစ္လူသတ္စစ္တပ္မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေအာင္လင္းေဒြးလက္မွတ္ျဖင့္ အမႈပိတ္ႏိုင္ရန္အတြက္ ဝန္ေဆာင္ခ အပါအဝင္ အၿပီးအစီး ေငြက်ပ္ သိန္း ၂၀၀ ေပါက္ေစ်းရွိေၾကာင္း၊ ကနဦး သိန္း ၅၀ ေပးရမည္ ျဖစ္ၿပီး အမႈပိတ္ၿပီးစီးသြားမွ လက္က်န္ေငြ ေပးေခ်ရမည္ဆိုေသာ ေစ်းကြက္ျဖစ္ထြန္းေနေၾကာင္း သိရွိရသည္။

အႏုပညာရွင္တစ္ဦး၏ အဆိုအရ ယင္းကိစၥမ်ားအတြက္ စစ္ေကာင္စီမွ ဗိုလ္မႉး၁ ဦးက ပြဲစားအျဖစ္ ေဆာင္႐ြက္ေပးၿပီး ခံဝန္ေရးထိုးကာ အမႈမွ ပိတ္သိမ္းသည္အထိ ေဆာင္႐ြက္ေပးႏိုင္ေၾကာင္း၊အက်ဥ္း ေထာင္တြင္းေရာက္ေနေသာ အႏုပညာရွင္အခ်ိဳ႕သည္ စစ္ေဆးေမးျမန္းခံရသည့္အခါ မေခ်မငံ ျပန္ေျပာဆိုမႈမ်ားေၾကာင့္ အမႈတိုး တရားစြဲခံထားရေၾကာင္း သိရွိရသည္။

အက်ဥ္းေထာင္အတြင္း ေရာက္ရွိေနသူျဖစ္ပါက ေကာင္းမြန္စြာ ေနထိုင္ရန္ စီစဥ္ေပးၿပီး ျပင္ပတြင္ပါ ေနထိုင္ႏိုင္ရန္ စီစဥ္ေပးမည္ျဖစ္ေၾကာင္း၊ အကယ္၍ အာမခံျဖင့္ ျပင္ပ ေရာက္ပါက အမႈပိတ္သိမ္းမႈ မတိုင္မီ ခရီးထြက္ျခင္း၊ ျပည္ပခရီးထြက္ျခင္းမ်ား မလုပ္ေဆာင္ရန္၊ အဖမ္းမခံရဘဲ ေရွာင္ေျပးေနသူ ဆိုပါက အမႈပိတ္သိမ္းရန္ ေဆာင္႐ြက္ေနစဥ္ ျပည္တြင္းျပည္ပ ခရီးသြားျခင္းမလုပ္ေဆာင္ရန္၊ အမႈ ပိတ္သိမ္းၿပီးစီးပါက

ထပ္မံ၍ ေႏြဦးေတာ္လွန္ေရး လႈပ္ရွားမႈမ်ားတြင္ မပါဝင္ရန္ဆိုေသာ စည္းကမ္းခ်က္မ်ားရွိေၾကာင္း၊ စစ္ေကာင္စီအေနျဖင့္ အႏုပညာရွင္မ်ားစြာကို ဖမ္းဆီးထားျခင္းေၾကာင့္ ၎တို႔၏ ဂုဏ္သိကၡာကို ျပန္လည္ ဆယ္တင္ရန္ ေအာက္လမ္းနည္း မ်ားျဖင့္ ႀကိဳးစားျခင္းျဖစ္ႏိုင္ေၾကာင္း အႏုပညာရွင္အသိုင္းအ၀ိုင္းမွ သိရွိရသည္။

လတ္တေလာ သ႐ုပ္ေဆာင္မင္းသား ေျပတီဦးသည္ အင္းစိန္ သီးသန္႔အေဆာင္ ၂ အခန္း ၆ တြင္ ပိုင္တံခြန္၊ ရဲတိုက္တို႔ႏွင့္ အတူရွိေနေၾကာင္း ၊ မင္းသားလူမင္းႏွင့္ ၈၈ ေက်ာင္းသားေခါင္းေဆာင္ ကိုျမေအးတို႔ကို ေထာင္မႀကီး အေဆာင္ ၂ တြင္ ထားရွိၿပီး သ႐ုပ္​ေဆာင္ မင္းသမီး အိျႏၵာေက်ာ္ဇင္၊ ေမတိုးခိုင္၊ ပိုပိုႏွင့္ ဝင္းမင္းသန္းတို႔ကို အမ်ိဳးသမီးစာသင္ေဆာင္တြင္ ထားရွိေၾကာင္း စုံစမ္းသိရွိရသည္။

Leave a Reply

Your email address will not be published. Required fields are marked *