အင်ဂျင်နီယာဖြစ်အောင်ရုန်းကန်ပေးခဲ့ပေမယ့်လည်း အမေဆုံးတာတောင်ပြန်လာမကြည့်ပဲ အဆက်အသွယ်ဖြတ်ထားတဲ့သား

အင်ဂျင်နီယာဖြစ်အောင်ရုန်းကန်ပေးခဲ့ပေမယ့်လည်း အမေဆုံးတာတောင်ပြန်လာမကြည့်ပဲ အဆက်အသွယ်ဖြတ်ထားတဲ့သား

အင်ဂျင်နီယာကြီးဖြစ်အောင်မိဘတွေက ကားမောင်းလို့ကျောင်းထားခဲ့ပြီးမှဘွဲ့ရရောမိဘတွေကို အဆက်အသွယ်ဖြတ်သွားတဲ့အပြင်အမေဆုံးတာသိရက်နဲ့မလာဘူးတဲ့။မောင်ဝေဖြိုးမင်းလိုမိုက်တဲ့သူတောင်မင်းလောက်မို.က်မယ်မထင်မင်းကို အင်ဂျင်နီယာကြီးဖြစ်အောင်၊ မင်းအဖေကကားမောင်းမင်းအမေကမင်းအမနဲ့မင်းညီမတွေ

ဘွဲ့ရအောင်အိမ်မှု့ကိစ္စတွေလုပ်ပေးရတယ်။ မင်းတို့မောင်နှမလေးယောက်မှာအခုထိမင်းဘဲအိမ်ထောင်ကျသေးတယ်။မင်းမင်္ဂလာဆောင်တော့လည်း၊ မိဘတွေက M 3 မှာပြည့်ပြည့်စုံစုံဆောင်ပေးတယ်။မကြာပါဘူးကြီးမားတဲ့ ပြဿာနာတစ်စုံတရာမရှိပါဘဲမိသားစုကိုအဆက်အသွယ်ဖြတ်သွားတယ်။အခုမင်းကိုမွေးခဲ့တဲ့မင်းအမေဆုံးတယ်။

မနေနိုင်တဲ့မင်းသူငယ်ချင်းတွေကမင်းကိုဆက်သွယ်ကြတယ်မင်းသိသွားပြီဆိုတော့အားလုံးက၊ တစ်ဦးတည်းသောသားမင်းကိုမျှော်ကြတယ်။မင်းလာရင်လည်းအားလုံးကနွေးထွေးစွာကြိုဆိုကြမယ်ပေါ့။ဒီနေ့ရက်လည်ပြီအခုချိန်ထိမင်းကလာဘို့ဝေးစွဖုန်းလေးတောင်မဆက်ဘူး။ဖြစ်နိုင်ရင်မင်းအဖေကိုဖုန်းဆက်အားပေးစကားလေး

ပြောပါလို့ပြောခြင်ပေမဲ့ပြောမထွက်တော့ပါဘူး။မင်းအမေကိုလည်းမင်းအပေါ်ခွင့်လွှတ်ပေးဘို့ဆရာတော်တွေကိုလျှောက်ထား ပြောခိုင်းထားပါတယ်။ဦးကြိုင်ရဲ့စိတ်ထဲမှာလူတစ်ယောက်ကိုအမု.န်းအာ.ဃာတအငြို.းဘယ်တော့မှ မထားတက်ဘူး။အားလုံးကိုမေတ္တာနဲ့ဘဲဆက်ဆံတယ်။အခုမင်းမိသားစုကိုယ်စားရေးလိုက်တာပါ။

တူမောင်တစ်ယောက်ကျန်းမာချမ်းသာအစစ အရာရာအဆေင်ပြေပါစေလို့အငြို.းမထား စေတနာများဖြင့်မေတ္တာပွားပေးပါတယ်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။

Zawgyi







Leave a Reply

Your email address will not be published. Required fields are marked *