၅၀၅(က) ကို ကြောက်လို့ Social Punishment မလုပ်ပဲ စားဝတ်နေရေးအတွက် ဒူးရင်းသီးရောင်းတာဆိုတဲ့ နန္ဒာလှိုင်တို့လင်မယား

၅၀၅(က) ကို ကြောက်လို့ Social Punishment မလုပ်ပဲ စားဝတ်နေရေးအတွက် ဒူးရင်းသီးရောင်းတာဆိုတဲ့ နန္ဒာလှိုင်တို့လင်မယား

ပရိသတ်ကြီးရေ social Punishment လုပ်ခံထားရတဲ့ သရုပ်ဆောင် နန္ဒာလှိုင်ကတော့ ပရိသတ်တွေ ဒီလောက်ပြောဆိုနေတာတောင် ဟန်မပျက် ဒူးရင်းသီးရောင်းနေဆဲပါပဲနော်။ ဘယ်လောက်ဆဲဆဲ မဖြုံတဲ့ နန္ဒာလှိုင်ကိုတော့ပရိသတ်များက ပြည်သူ့ချဉ်ဖတ်အဖြစ်ပါ သတ်မှတ်ထားကြပြီ ဖြစ်ပါတယ်။ လူတော်တော်များများက Social Punishment လုပ်ကြပါလို့သာ ပြောနေလို့ နန္ဒာလှိုင်ခြံထဲတွင် တိုးမပေါက်အောင် ဝယ်ယူနေကြတာကြောင့်လည်းဆဲဆိုနေတာကို ဂရုမစိုက်ဘဲ နေနေတာ ဖြစ်ပါတယ်နော်။

နန္ဒာလှိုင်ရဲ့ ယောကျာ်း ဇေသီဟကလည်း နေရာတိုင်း ရောင်းဝယ်နေကြပြီး ကိုယ့်နေရာလေး ကွက်ပြီး ဒူးရင်းသီး မရောင်းရ နယ်မြေဖြစ်နေတာမသိလိုက်ဘူးဆိုပြီး ခနဲ့တဲ့ စာသားတွေ တင်နေတာပါနော်။ ဝိုင်းဆဲတဲ့သူတွေကိုလည်းblock ပစ်ပြီး ဒီနောက်ပိုင်းမှာတော့ comment ပိတ်ထားတာပါနော်။ တော်လှန်ရေးဝင်မပါတဲ့ အကြောင်းကလည်း၅၀၅(က) ကို ကြောက်တယ်လို့လည်း ဆိုထားပါသေးတယ်နော်။

သူတို့ကို အပြစ်ပြောနေတဲ့ အကြောင်းရင်းကလည်း ပြည်သူချစ် အနုပညာရှင်ဖြစ်တာကြောင့် Speak out လုပ်စေချင်ကြတာပါနော်။ သုံးလလောက် အသံမထွက်ဘဲ ပျောက်နေပြီး ဒူးရင်းသီးရာသီရောက်မှ ဆိုရှယ်မီဒီယာပေါ်ထွက်ပြီး ဈေးရောင်းတဲ့အတွက် ပိုပြီးဒေါသထွက်ခဲ့ကြတာ ဖြစ်ပါတယ်နော်။

Zawgyi


ပရိသတ်တွေ ဝေဖန်ထောက်ပြနေတာတောင် ဂရုမစိုက်ဘဲ ဒူးရင်းသီးဆက်လက်ရောင်းချနေတဲ့ နန္ဒာလှိုင်တို့လင်မယား




Leave a Reply

Your email address will not be published. Required fields are marked *