အသက်စွန့်သွားရသူတွေ ဖမ်းဆီးခံရသူတွေအတွက် ဘယ်တော့မှလက်မလျှော့ပဲအဆုံးထိတိုက်ပွဲဝင်မယ်လို့ပြောလာတဲ့ ထားထားထက်

အသက်စွန့်သွားရသူတွေ ဖမ်းဆီးခံရသူတွေအတွက် ဘယ်တော့မှလက်မလျှော့ပဲအဆုံးထိတိုက်ပွဲဝင်မယ်လို့ပြောလာတဲ့ ထားထားထက်

“သေဆုံးသွားရသူတွေ၊ အသက်စွန့်သွားရသူတွေ ဖမ်းဆီးခံရသူတွေအားလုံး ကျမတို့ ဘယ်တော့မှ လက်မလျှော့ပါဘူး။ အဆုံးအထိ တိုက်ပွဲဝင်ကြပါမယ်။နောက်ပြန် လှည့်လို့မရပါဘူး။ အားလုံးအတူတူ တစ်ယောက်ကို တစ်ယောက် ဖေးမကူညီပြီးတော့ တိုက်ပွဲဝင်ကြပါ့မယ်”

အကြမ်းဖက် စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်နေသည့် မော်ဒယ်၊အလှမယ် ထားထက်ထက်နှင့်တွေ့ဆုံခြင်း
မြန်မာနိုင်ငံ၏ နာမည်ကျော်မော်ဒယ်အလှမယ်တစ်ဦးဖြစ်သော ထားထက်ထက်သည် အကြမ်း ဖက် လူသတ် ဖက်ဆစ်စစ်ကောင်စီကို တော်လှန်ရန် လက်နက်ကိုင် တော်လှန်ရေးတွင် ပါဝင်ပြီဖြစ်ကြောင်း သူ၏ လူမှုကွန်ရက်တွင် ကြေညာခဲ့သည်။ ထားထက်ထက်ကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ကိုယ်တိုင် တော်လှန်ရေးအတွက် လက်နက်ကိုင်မယ်ဆိုတာကို လူမှုကွန်ရက်ကနေ ကြေညာခဲ့တယ်။ တချိန်က မော်ဒယ်၊ အလှမယ်၊ အရမ်းအောင်မြင်ကျော်ကြားတဲ့ မော်ဒယ်တစ်ဦး ဘဝကနေ ဒီလောက်ကြမ်းတမ်းတဲ့ တော်လှန်ရေးအတွက် ဘယ်လို ခွန်အားတွေက မောင်းနှင်ခဲ့လဲ။

ဖြေ။ ။ ကျမတို့အားလုံးက ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတယ်။ နောက်ပိုင်းမှာ ရက်ရက်စက်စက် ဖြိုခွင်းခံခဲ့ရတယ်။ အဖမ်းဆီးခံရတယ်။ အသတ်ခံရတယ်။ မန္တလေးမှာ အမျိုးသမီးတစ်ယောက် သူ့ကလေးအတွက် မုန့်ထွက်ဝယ်ချိန်မှာ ဦးခေါင်းတည့်တည့်ကို သေနတ်နဲ့ အပစ်ခံရတယ်။ နောက်ပြီးတော့ ဆန္ဒပြတဲ့ကလေးတွေကို ဖွက်ထားပေးလို့ဆိုပြီးတော့ အိမ်ပိုင်ရှင် အမျိုးသမီး တစ်ဦး အနီးကပ် ဦးခေါင်းပွင့်တဲ့အထိ ရက်စက်စွာ ပစ်သတ်တာခံခဲ့ရတယ်။

အခြားကလေးငယ်တွေ အစ ရက်ရက်စက်စက် ပစ်သတ်ခြင်းကို ခံရတယ်။ ညဘက်တွေဆို ဥပဒေမဲ့စွာ ဖမ်းဆီးပြီး နောက်နေ့ မနက် အလောင်းပဲပြန်ရတယ်ဆိုတဲ့ ဖြစ်ရပ်မျိုးတွေ ကျမတို့ မြင်တွေ့ရတယ်။ အဲဒီလို အရာတွေနဲ့ သေဆုံးဖမ်းဆီးခံရသူတွေ သူတို့ မိသားစုတွေခံစားရတဲ့ ကြေကွဲမှုတွေက ကျမရဲ့ ရင်ကို ကြေကွဲစေတယ်။ အဲဒီအရာတွေက ကျမကို တော်လှန်ရေးလုပ်ဖို့ ဆုံးဖြတ်ပြီး ဆက်လုပ်နေရတဲ့ အရာတွေဖြစ်ပါတယ်။ ဒီထက်ဒီထက် ပိုတဲ့ မြင်ကွင်းတွေ အခုအချိန်အထိ တွေ့နေရတဲ့ မြင်ကွင်းတွေ ကျမတို့ မမြင်ရက်နိုင်အောင် အများကြီး မြင်တွေ့နေရတုန်းပါ။

မေး။ ။ လူငယ်တွေ၊ စစ်အာဏာရှင်စနစ်ကို ဖြုတ်ချချင်တဲ့ လူငယ်တွေ၊ သေဆုံးသွားသူတွေ မျက်ရည် မတိတ်သေးတဲ့ လူငယ်တွေ သူတို့အတွက် ဘာသတင်းစကားပါးချင်လဲ။

ဖြေ။ ။ ကျမလိုပဲ စစ်အာဏာရှင်ကို တိုက်ပွဲဝင်နေကြတဲ့ သူတွေအားလုံးကို မေတ္တာရပ်ခံချင်တာကတော့ ကိုယ်ပါဝင်နိုင်တဲ့နေရာ ကိုယ်တတ်နိုင်တဲ့အပိုင်းကနေ အဆုံးအထိ ပါဝင်ပေးကြပါ။ ဘယ်အပိုင်းက ဖြစ်ဖြစ် ပါဝင် တိုက်ပွဲဝင်နေသူအားလုံးကို လေးစားပါတယ်။ ကျမတို့အားလုံး ဘုံရန်သူကို မမေ့ဖို့နဲ့ ကိုယ့်ရဲ့ အဓိက ရည်ရွယ်ချက်ကို ဘယ်အကြောင်းအရာကမှ နှောင့်ယှက် ဖျက်ဆီးခွင့် မပေးဖို့ပါပဲ။

မေး။ ။ ဒီတော်လှန်ရေးမှာ ပြည်သူလူထုကို ဘာသတင်းစကားပါးချင်လဲ။

ဖြေ။ ။ တော်လှန်ရေးမှာ ပြည်သူလူထုကို သတင်းစကားပါးချင်တာထက် ကျမ အကုန်လုံးကို မေတ္တာရပ်ခံချင်တာက ဘုံရန်သူကို မမေ့ဖို့နဲ့ ကိုယ့်ရဲ့ အဓိက ရည်ရွယ်ချက်ကို မပျောက်ဖို့ပါပဲ။ တခြား သေးသေးမွှားမွှား အရာတွေကို အာရုံစိုက်မနေဘဲနဲ့ ကိုယ်တကယ်ရောက်ချင်တဲ့ ကိုယ့်ရဲ့ ရည်ရွယ်ချက်ကို မမေ့လျော့သွားဖို့ အဲဒီ Target တစ်ခုကို ဖြစ်မြောက်အောင်မြင်အောင် အဆုံးအထိ တိုက်ပွဲဝင်ကြဖို့ကိုပဲ အာရုံစိုက်စေချင်ပါတယ် ။

မေး။ ။ အသက်စွန့်သွားကြတဲ့ ပြည်သူတွေ၊လူငယ်တွေရဲ့ ကျန်ရစ်သူ မိသားစုတွေဆီကိုရော ဘာသတင်းစကားပြောချင်လဲ။

ဖြေ။ ။ သေဆုံးသွားရသူတွေ၊ အသက်ပေးသွားရသူတွေ ဖမ်းဆီးခံရသူတွေအားလုံး ကျမတို့ ဘယ်တော့မှ လက်မလျှော့ပါဘူး။ အဆုံးအထိ တိုက်ပွဲဝင်ကြပါမယ်။

မေး။ ။ တော်လှန်ရေးအတွက် အခက်အခဲဆုံးက ဘာဖြစ်မယ်ထင်ပါလဲ။

ဖြေ။ ။ တော်လှန်ရေးအတွက် အခက်ခဲဆုံးက ကျမတို့တွေအားလုံး စိတ်ဓာတ်ကြံ့ခိုင်ဖို့ပါပဲ။ ဘယ်တော့မှ မမေ့သွားကြဖို့၊ ဘုံရန်သူကို ဘယ်တော့မှ မမေ့သွားကြဖို့ ကျမတို့ စိတ်ဓာတ်တွေ ကြံ့ခိုင်ပြီးတော့ ပြင်းထန်နေဖို့လိုပါတယ်။ အဆုံးအထိ တိုက်ပွဲ ဝင်သွားဖို့ ဘယ်တော့မှ အလျော့မပေးဖို့ လိုအပ်ပါတယ်။ အဲဒီစိတ်ဓာတ်ကြံ့ခိုင်ဖို့ စိတ်ဓာတ်ခွန်အား ပြည့်ဖို့ အဓိက အရေးအကြီးဆုံးလိုအပ်ပါတယ်။

မေး။ ။ ဖြည့်စွက်ပြောချင်တာရှိရင်…။

ဖြေ။ ။ ကျမတို့အားလုံး အတူတူ ရှေ့ကိုပဲ ချီတက်ကြရပါမယ်။ နောက်ပြန်လှည့်လို့မရပါဘူး။ ရှေ့ဆက်ပြီးတော့ ချီတက်ပြီးတော့ အဆုံးအထိ အားလုံးအတူတူ တစ်ယောက်ကို တစ်ယောက် ဖေးမကူညီပြီးတော့ တိုက်ပွဲဝင်ကြပါ့မယ်။
နောက်ပြီးတော့ ကျမတို့ မတရားအနိုင်ကျင့် ဖမ်းဆီး သတ်ဖြတ်နေတဲ့ အကြမ်း ဖက် စစ်ကောင်စီကို တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုကြဖို့နဲ့ ကျမတို့ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရအဖွဲ့အစည်းဖြစ်တဲ့ NUG ကို တရားဝင်အစိုးရ ဖြစ်မြောက်အောင် အားလုံးက ဝိုင်းဝန်းကူညီပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။

ကိုယ်တတ်နိုင်တဲ့ အရာ ကိုယ်တတ်နိုင်တဲ့အပိုင်းကနေ ပါဝင်ပြီးတော့ ဒီအရာကို အောင်မြင်သွားအောင် အဆုံးအထိ ဖြစ်မြောက်အောင်လို့ ဝိုင်းဝန်းကူညီပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်။ ပါဝင်ကြိုးစားနေကြသူ တစ်ယောက်ချင်းဆီကိုလည်း ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲလေးစားကျေးဇူးတင်ပါတယ်။

Zawgyi

အသက္စြန႔္သြားရသူေတြ ဖမ္းဆီးခံရသူေတြအတြက္ ဘယ္ေတာ့မွလက္မေလွ်ာ့ပဲဆုံထိတိုက္ပြဲဝင္မယ္လို႔ေျပာလာတဲ့ ထားထားထက္

“ေသဆုံးသြားရသူေတြ၊ အသက္စြန႔္သြားရသူေတြ ဖမ္းဆီးခံရသူေတြအားလုံး က်မတို႔ ဘယ္ေတာ့မွ လက္မေလွ်ာ့ပါဘူး။ အဆုံးအထိ တိုက္ပြဲဝင္ၾကပါမယ္။ေနာက္ျပန္ လွည့္လို႔မရပါဘူး။ အားလုံးအတူတူ တစ္ေယာက္ကို တစ္ေယာက္ ေဖးမကူညီၿပီးေတာ့ တိုက္ပြဲဝင္ၾကပါ့မယ္”

အၾကမ္းဖက္ စစ္ေကာင္စီကို လက္နက္ကိုင္ေတာ္လွန္ေရးတြင္ ပါဝင္ေနသည့္ ေမာ္ဒယ္၊အလွမယ္ ထားထက္ထက္ႏွင့္ေတြ႕ဆုံျခင္း
ျမန္မာႏိုင္ငံ၏ နာမည္ေက်ာ္ေမာ္ဒယ္အလွမယ္တစ္ဦးျဖစ္ေသာ ထားထက္ထက္သည္ အၾကမ္း ဖက္ လူသတ္ ဖက္ဆစ္စစ္ေကာင္စီကို ေတာ္လွန္ရန္ လက္နက္ကိုင္ ေတာ္လွန္ေရးတြင္ ပါဝင္ၿပီျဖစ္ေၾကာင္း သူ၏ လူမႈကြန္ရက္တြင္ ေၾကညာခဲ့သည္။ ထားထက္ထက္ကို ရန္ကုန္ေခတ္သစ္သတင္းဌာနက ဆက္သြယ္ေမးျမန္းထားပါသည္။

ေမး။ ။ ကိုယ္တိုင္ ေတာ္လွန္ေရးအတြက္ လက္နက္ကိုင္မယ္ဆိုတာကို လူမႈကြန္ရက္ကေန ေၾကညာခဲ့တယ္။ တခ်ိန္က ေမာ္ဒယ္၊ အလွမယ္၊ အရမ္းေအာင္ျမင္ေက်ာ္ၾကားတဲ့ ေမာ္ဒယ္တစ္ဦး ဘဝကေန ဒီေလာက္ၾကမ္းတမ္းတဲ့ ေတာ္လွန္ေရးအတြက္ ဘယ္လို ခြန္အားေတြက ေမာင္းႏွင္ခဲ့လဲ။

ေျဖ။ ။ က်မတို႔အားလုံးက ၿငိမ္းခ်မ္းစြာ ဆႏၵျပခဲ့ၾကတယ္။ ေနာက္ပိုင္းမွာ ရက္ရက္စက္စက္ ၿဖိဳခြင္းခံခဲ့ရတယ္။ အဖမ္းဆီးခံရတယ္။ အသတ္ခံရတယ္။ မႏၲေလးမွာ အမ်ိဳးသမီးတစ္ေယာက္ သူ႔ကေလးအတြက္ မုန႔္ထြက္ဝယ္ခ်ိန္မွာ ဦးေခါင္းတည့္တည့္ကို ေသနတ္နဲ႔ အပစ္ခံရတယ္။ ေနာက္ၿပီးေတာ့ ဆႏၵျပတဲ့ကေလးေတြကို ဖြက္ထားေပးလို႔ဆိုၿပီးေတာ့ အိမ္ပိုင္ရွင္ အမ်ိဳးသမီး တစ္ဦး အနီးကပ္ ဦးေခါင္းပြင့္တဲ့အထိ ရက္စက္စြာ ပစ္သတ္တာခံခဲ့ရတယ္။

အျခားကေလးငယ္ေတြ အစ ရက္ရက္စက္စက္ ပစ္သတ္ျခင္းကို ခံရတယ္။ ညဘက္ေတြဆို ဥပေဒမဲ့စြာ ဖမ္းဆီးၿပီး ေနာက္ေန႔ မနက္ အေလာင္းပဲျပန္ရတယ္ဆိုတဲ့ ျဖစ္ရပ္မ်ိဳးေတြ က်မတို႔ ျမင္ေတြ႕ရတယ္။ အဲဒီလို အရာေတြနဲ႔ ေသဆုံးဖမ္းဆီးခံရသူေတြ သူတို႔ မိသားစုေတြခံစားရတဲ့ ေၾကကြဲမႈေတြက က်မရဲ႕ ရင္ကို ေၾကကြဲေစတယ္။ အဲဒီအရာေတြက က်မကို ေတာ္လွန္ေရးလုပ္ဖို႔ ဆုံးျဖတ္ၿပီး ဆက္လုပ္ေနရတဲ့ အရာေတြျဖစ္ပါတယ္။ ဒီထက္ဒီထက္ ပိုတဲ့ ျမင္ကြင္းေတြ အခုအခ်ိန္အထိ ေတြ႕ေနရတဲ့ ျမင္ကြင္းေတြ က်မတို႔ မျမင္ရက္ႏိုင္ေအာင္ အမ်ားႀကီး ျမင္ေတြ႕ေနရတုန္းပါ။

ေမး။ ။ လူငယ္ေတြ၊ စစ္အာဏာရွင္စနစ္ကို ျဖဳတ္ခ်ခ်င္တဲ့ လူငယ္ေတြ၊ ေသဆုံးသြားသူေတြ မ်က္ရည္ မတိတ္ေသးတဲ့ လူငယ္ေတြ သူတို႔အတြက္ ဘာသတင္းစကားပါးခ်င္လဲ။

ေျဖ။ ။ က်မလိုပဲ စစ္အာဏာရွင္ကို တိုက္ပြဲဝင္ေနၾကတဲ့ သူေတြအားလုံးကို ေမတၱာရပ္ခံခ်င္တာကေတာ့ ကိုယ္ပါဝင္ႏိုင္တဲ့ေနရာ ကိုယ္တတ္ႏိုင္တဲ့အပိုင္းကေန အဆုံးအထိ ပါဝင္ေပးၾကပါ။ ဘယ္အပိုင္းက ျဖစ္ျဖစ္ ပါဝင္ တိုက္ပြဲဝင္ေနသူအားလုံးကို ေလးစားပါတယ္။ က်မတို႔အားလုံး ဘုံရန္သူကို မေမ့ဖို႔နဲ႔ ကိုယ့္ရဲ႕ အဓိက ရည္႐ြယ္ခ်က္ကို ဘယ္အေၾကာင္းအရာကမွ ေႏွာင့္ယွက္ ဖ်က္ဆီးခြင့္ မေပးဖို႔ပါပဲ။

ေမး။ ။ ဒီေတာ္လွန္ေရးမွာ ျပည္သူလူထုကို ဘာသတင္းစကားပါးခ်င္လဲ။

ေျဖ။ ။ ေတာ္လွန္ေရးမွာ ျပည္သူလူထုကို သတင္းစကားပါးခ်င္တာထက္ က်မ အကုန္လုံးကို ေမတၱာရပ္ခံခ်င္တာက ဘုံရန္သူကို မေမ့ဖို႔နဲ႔ ကိုယ့္ရဲ႕ အဓိက ရည္႐ြယ္ခ်က္ကို မေပ်ာက္ဖို႔ပါပဲ။ တျခား ေသးေသးမႊားမႊား အရာေတြကို အာ႐ုံစိုက္မေနဘဲနဲ႔ ကိုယ္တကယ္ေရာက္ခ်င္တဲ့ ကိုယ့္ရဲ႕ ရည္႐ြယ္ခ်က္ကို မေမ့ေလ်ာ့သြားဖို႔ အဲဒီ Target တစ္ခုကို ျဖစ္ေျမာက္ေအာင္ျမင္ေအာင္ အဆုံးအထိ တိုက္ပြဲဝင္ၾကဖို႔ကိုပဲ အာ႐ုံစိုက္ေစခ်င္ပါတယ္ ။

ေမး။ ။ အသက္စြန႔္သြားၾကတဲ့ ျပည္သူေတြ၊လူငယ္ေတြရဲ႕ က်န္ရစ္သူ မိသားစုေတြဆီကိုေရာ ဘာသတင္းစကားေျပာခ်င္လဲ။

ေျဖ။ ။ ေသဆုံးသြားရသူေတြ၊ အသက္ေပးသြားရသူေတြ ဖမ္းဆီးခံရသူေတြအားလုံး က်မတို႔ ဘယ္ေတာ့မွ လက္မေလွ်ာ့ပါဘူး။ အဆုံးအထိ တိုက္ပြဲဝင္ၾကပါမယ္။

ေမး။ ။ ေတာ္လွန္ေရးအတြက္ အခက္အခဲဆုံးက ဘာျဖစ္မယ္ထင္ပါလဲ။

ေျဖ။ ။ ေတာ္လွန္ေရးအတြက္ အခက္ခဲဆုံးက က်မတို႔ေတြအားလုံး စိတ္ဓာတ္ႀကံ့ခိုင္ဖို႔ပါပဲ။ ဘယ္ေတာ့မွ မေမ့သြားၾကဖို႔၊ ဘုံရန္သူကို ဘယ္ေတာ့မွ မေမ့သြားၾကဖို႔ က်မတို႔ စိတ္ဓာတ္ေတြ ႀကံ့ခိုင္ၿပီးေတာ့ ျပင္းထန္ေနဖို႔လိုပါတယ္။ အဆုံးအထိ တိုက္ပြဲ ဝင္သြားဖို႔ ဘယ္ေတာ့မွ အေလ်ာ့မေပးဖို႔ လိုအပ္ပါတယ္။ အဲဒီစိတ္ဓာတ္ႀကံ့ခိုင္ဖို႔ စိတ္ဓာတ္ခြန္အား ျပည့္ဖို႔ အဓိက အေရးအႀကီးဆုံးလိုအပ္ပါတယ္။

ေမး။ ။ ျဖည့္စြက္ေျပာခ်င္တာရွိရင္…။

ေျဖ။ ။ က်မတို႔အားလုံး အတူတူ ေရွ႕ကိုပဲ ခ်ီတက္ၾကရပါမယ္။ ေနာက္ျပန္လွည့္လို႔မရပါဘူး။ ေရွ႕ဆက္ၿပီးေတာ့ ခ်ီတက္ၿပီးေတာ့ အဆုံးအထိ အားလုံးအတူတူ တစ္ေယာက္ကို တစ္ေယာက္ ေဖးမကူညီၿပီးေတာ့ တိုက္ပြဲဝင္ၾကပါ့မယ္။
ေနာက္ၿပီးေတာ့ က်မတို႔ မတရားအႏိုင္က်င့္ ဖမ္းဆီး သတ္ျဖတ္ေနတဲ့ အၾကမ္း ဖက္ စစ္ေကာင္စီကို တရားဝင္အစိုးရအျဖစ္ အသိအမွတ္မျပဳၾကဖို႔နဲ႔ က်မတို႔ ျပည္သူလူထုက ေ႐ြးခ်ယ္တင္ေျမႇာက္ထားတဲ့ အစိုးရအဖြဲ႕အစည္းျဖစ္တဲ့ NUG ကို တရားဝင္အစိုးရ ျဖစ္ေျမာက္ေအာင္ အားလုံးက ဝိုင္းဝန္းကူညီေပးၾကဖို႔ ေမတၱာရပ္ခံခ်င္ပါတယ္။

ကိုယ္တတ္ႏိုင္တဲ့ အရာ ကိုယ္တတ္ႏိုင္တဲ့အပိုင္းကေန ပါဝင္ၿပီးေတာ့ ဒီအရာကို ေအာင္ျမင္သြားေအာင္ အဆုံးအထိ ျဖစ္ေျမာက္ေအာင္လို႔ ဝိုင္းဝန္းကူညီေပးၾကဖို႔ ေမတၱာရပ္ခံလိုပါတယ္။ ပါဝင္ႀကိဳးစားေနၾကသူ တစ္ေယာက္ခ်င္းဆီကိုလည္း ရင္ထဲကေန လႈိက္လႈိက္လွဲလွဲေလးစားေက်းဇူးတင္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *