ရှောင်တိမ်းနေရတာကြောင့် အတော်လေးကိုခက်ခဲပင်ပန်းနေပြီး ရှေ့ဆက်ဖို့ အားအင်တွေမရှိတော့တဲ့အကြောင်း ရင်ဖွင့်လာတဲ့ မထက်
Make Up Artist အဖြစ် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိထားသူကတော့ မထက်(Pop Seoul) ပဲ ဖြစ်ပါတယ်။ သူမကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ ပြည်သူတွေနဲ့အတူ ဓမ္မဘက်ကနေ ရပ်တည်ပေးခဲ့သူတစ်ဦး ဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုတွေမှာလည်း ကျရာအခန်းကဏ္ဍကနေ ပါဝင်ခဲ့တာကြောင့် ၅၀၅ (က) ဖြင့်တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ပြည်သူတွေဘက်ကနေ တစ်သွေးတည်း တစ်သားတည်း ရပ်တည်ပေးခဲ့တဲ့ မထက်အတွက် ဂုဏ်ယူနေကြတာ ဖြစ်ပါတယ်။
အခုလို တရားစွဲဆိုခံထားရတဲ့အတွက် ဘေးကင်းလုံခြုံရာသို့ တိမ်းရှောင်နေရတာ ဖြစ်ပြီး လူမှုကွန်ယက်တွင်အချိန်အတော်ကြာ ပျောက်ကွယ်နေတာ ဖြစ်ပါတယ်။ အားလုံးကလည်း သူမအတွက် စိုးရိမ်ပူပန်နေတာဖြစ်ပြီးမနေ့ညကတော့ မထက်ရဲ့ Instagram story တွင် လက်ရှိခံစားချက်တွေကို ရင်ဖွင့်ပြောပြလာတာ ဖြစ်ပါတယ်။ သူမကတော့ ရှောင်တိမ်းနေရတဲ့ အခြေအနေတွေကြောင့် အတော်လေးကိုခက်ခဲပင်ပန်းနေပြီး ရှေ့မဆက်ချင်တော့တဲ့အကြောင်း ရေးသားထားတာ ဖြစ်ပါတယ်
ပြည်သူချစ် အနုပညာရှင်နှင့် မိတ်ကပ်ဖန်တီးပညာရှင်အချို့ကတော့ ခက်ခဲကြမ်းတမ်းမယ်ဆိုတာ သိသိကြီးနဲ့ အမှန်တရားဘက်ကနေ ရပ်တည်ပေးခဲ့ကြသူတွေပါ။ ဒီလိုအဆင်မပြေမှုတွေနဲ့ ကြုံတွေ့နေရပေမယ့်လည်း ရောက်ရာနေရာကနေ တော်လှန်တိုက်ပွဲဝင်ပေးနေကြတာ လေးစားစရာကောင်းလွန်းလှပါတယ်။ ပြည်သူတွေ မျှော်လင့်နေကြတဲ့ ရောင်နီလာမယ့် နေ့ရက်တွေ အမြန်ဆုံး ရောက်ရှိနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။
Zawgyi
ေရွာင္တိမ္းေနရတာေၾကာင့္ အေတာ္ေလးကိုခက္ခဲပင္ပန္းေနၿပီး ေရွ႕ဆက္ဖို႔ အားအင္ေတြမရွိေတာ့တဲ့အေၾကာင္း ရင္ဖြင့္လာတဲ့ မထက္
Make Up Artist အျဖစ္ ပရိသတ္ေတြရဲ႕ ခ်စ္ခင္အားေပးမႈေတြကို ရရွိထားသူကေတာ့ မထက္(Pop Seoul) ပဲ ျဖစ္ပါတယ္။ သူမကေတာ့ လက္ရွိျဖစ္ေပၚေနတဲ့ အေျခအေနေတြမွာ ျပည္သူေတြနဲ႔အတူ ဓမၼဘက္ကေန ရပ္တည္ေပးခဲ့သူတစ္ဦး ျဖစ္ပါတယ္။ လူထုလႈပ္ရွားမႈေတြမွာလည္း က်ရာအခန္းက႑ကေန ပါဝင္ခဲ့တာေၾကာင့္ ၅၀၅ (က) ျဖင့္တရားစြဲဆိုခံထားရတာ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း ျပည္သူေတြဘက္ကေန တစ္ေသြးတည္း တစ္သားတည္း ရပ္တည္ေပးခဲ့တဲ့ မထက္အတြက္ ဂုဏ္ယူေနၾကတာ ျဖစ္ပါတယ္။
အခုလို တရားစြဲဆိုခံထားရတဲ့အတြက္ ေဘးကင္းလုံၿခဳံရာသို႔ တိမ္းေရွာင္ေနရတာ ျဖစ္ၿပီး လူမႈကြန္ယက္တြင္အခ်ိန္အေတာ္ၾကာ ေပ်ာက္ကြယ္ေနတာ ျဖစ္ပါတယ္။ အားလုံးကလည္း သူမအတြက္ စိုးရိမ္ပူပန္ေနတာျဖစ္ၿပီးမေန႔ညကေတာ့ မထက္ရဲ႕ Instagram story တြင္ လက္ရွိခံစားခ်က္ေတြကို ရင္ဖြင့္ေျပာျပလာတာ ျဖစ္ပါတယ္။ သူမကေတာ့ ေရွာင္တိမ္းေနရတဲ့ အေျခအေနေတြေၾကာင့္ အေတာ္ေလးကိုခက္ခဲပင္ပန္းေနၿပီး ေရွ႕မဆက္ခ်င္ေတာ့တဲ့အေၾကာင္း ေရးသားထားတာ ျဖစ္ပါတယ္။
ျပည္သူခ်စ္ အႏုပညာရွင္ႏွင့္ မိတ္ကပ္ဖန္တီးပညာရွင္အခ်ိဳ႕ကေတာ့ ခက္ခဲၾကမ္းတမ္းမယ္ဆိုတာ သိသိႀကီးနဲ႔ အမွန္တရားဘက္ကေန ရပ္တည္ေပးခဲ့ၾကသူေတြပါ။ ဒီလိုအဆင္မေျပမႈေတြနဲ႔ ႀကဳံေတြ႕ေနရေပမယ့္လည္း ေရာက္ရာေနရာကေန ေတာ္လွန္တိုက္ပြဲဝင္ေပးေနၾကတာ ေလးစားစရာေကာင္းလြန္းလွပါတယ္။ ျပည္သူေတြ ေမွ်ာ္လင့္ေနၾကတဲ့ ေရာင္နီလာမယ့္ ေန႔ရက္ေတြ အျမန္ဆုံး ေရာက္ရွိႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ရပါတယ္။