ကြံ့ခိုင်ရေးပါတီဥက္ကဌဦးသန်းဌေး၏ ညီမဖြစ်သူ CDM လုပ်ဆောင်မှုကြောင့်တာဝန်မှ ရပ်ဆိုင်းခံရသော (ရုပ်သံဖိုင်)

ကြံ့ခိုင်ရေးပါတီဥက္ကဌဦးသန်းဌေး၏ ညီမဖြစ်သူ CDM လုပ်ဆောင်မှုကြောင့်တာဝန်မှ ရပ်ဆိုင်းခံရသော (ရုပ်သံဖိုင်)

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေး၏ ညီမအရင်းဖြစ်သူဆရာမ ဒေါ်အမာကြူကို CDM လုပ်ဆောင်မှုကြောင့် စစ်ကောင်စီလက်အောက်ရှိပညာရေးဝန်ကြီးဌာနကတာဝန်မှ ယာယီရပ်ဆိုင်းလိုက်ကြောင်း

သတင်းရရှိသည်။ မြန်အောင်မြို့၊ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြကျောင်းဆရာမဒေါ်အမာကြူမှာ ဖေဖော်ဝါရီ ၁ ရက်နေ့စစ်အာဏာသိမ်းမှု နောက်ပိုင်း အ ကြ မ်း မဖ က်လူထုအာဏာဖီဆန်ရေး

CDM လှုပ်ရှားမှုတွင်ပါဝင်ခဲ့ခြင်းဖြစ်ပြီးအလုပ်ပြန်ဝင်ရန် ပညာရေးဌာနက အကြောင်းကြားသော်လည်းကျောင်းပြန်တက်ခြင်းမပြုဘဲ CDM ဆက်လက် ပြုလုပ်သည့်အတွက်ရာထူးမှယာယီရပ်ဆိုင်းခံရခြင်းဖြစ်ကြောင်း သိရသည်။

အထက်တန်းပြ ဆရာမဒေါ်အမာကြူသည် လုံလောက်သောအကြောင်းပြချက်မရှိပဲတာဝန်ချိန်ပျ က်ကွက်ဟုဆိုကာနိုင်ငံဝန်ထမ်း နည်းဥပဒေများ၊ နည်းဥပဒေ (၁၆၁)၊ နည်းဥပဒေခွဲနည်းဥပဒေခွဲ (ဃ)၊ နည်းဥပဒေ (၁၇၀)

နည်းဥပဒေ (က) အရတာဝန်မှယာယီရပ်ဆိုင်းလိုက်ကြောင်း ပညာရေးဌာန၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကြံ့ခိုင်ရေးပါတီဥက္ကဌ ဦးသန်းဌေးတို့ မိသားစုမှာမြန်အောင်မြို့နယ်၊ မကျီးကွင်းကျေးရွာဇာတိများဖြစ်ပြီး

ဦးသန်းဌေးမှာလည်း ၂ဝ၁ဝ ရွေးကောက်ပွဲတွင် မြန်အောင်မြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင်အနိုင်ရရှိကာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

Zawgyi

ႀကံ့ခိုင္ေရးပါတီဥကၠဌဦးသန္းေဌး၏ ညီမျဖစ္သူ CDM လုပ္ေဆာင္မႈေၾကာင့္တာဝန္မွ ရပ္ဆိုင္းခံရ​ေသာ (ရုပ္သံဖုိင္​)

ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠဌ ဦးသန္းေဌး၏ ညီမအရင္းျဖစ္သူဆရာမ ေဒၚအမာၾကဴကို CDM လုပ္ေဆာင္မႈေၾကာင့္ စစ္ေကာင္စီလက္ေအာက္ရွိပညာေရးဝန္ႀကီးဌာနကတာဝန္မွ ယာယီရပ္ဆိုင္းလိုက္ေၾကာင္း

သတင္းရရွိသည္။ ျမန္ေအာင္ၿမိဳ႕၊ အမွတ္ ၁ အေျခခံပညာအထက္တန္းေက်ာင္းမွ အထက္တန္းျပေက်ာင္းဆရာမေဒၚအမာၾကဴမွာ ေဖေဖာ္ဝါရီ ၁ ရက္ေန႔စစ္အာဏာသိမ္းမႈ ေနာက္ပိုင္း အ ၾက မ္း မဖ က္လူထုအာဏာဖီဆန္ေရး

CDM လႈပ္ရွားမႈတြင္ပါဝင္ခဲ့ျခင္းျဖစ္ၿပီးအလုပ္ျပန္ဝင္ရန္ ပညာေရးဌာနက အေၾကာင္းၾကားေသာ္လည္းေက်ာင္းျပန္တက္ျခင္းမျပဳဘဲ CDM ဆက္လက္ ျပဳလုပ္သည့္အတြက္ရာထူးမွယာယီရပ္ဆိုင္းခံရျခင္းျဖစ္ေၾကာင္း သိရသည္။

အထက္တန္းျပ ဆရာမေဒၚအမာၾကဴသည္ လုံေလာက္ေသာအေၾကာင္းျပခ်က္မရွိပဲတာဝန္ခ်ိန္ပ် က္ကြက္ဟုဆိုကာနိုင္ငံဝန္ထမ္း နည္းဥပေဒမ်ား၊ နည္းဥပေဒ (၁၆၁)၊ နည္းဥပေဒခြဲနည္းဥပေဒခြဲ (ဃ)၊ နည္းဥပေဒ (၁၇၀)

နည္းဥပေဒ (က) အရတာဝန္မွယာယီရပ္ဆိုင္းလိုက္ေၾကာင္း ပညာေရးဌာန၏ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။ ႀကံ့ခိုင္ေရးပါတီဥကၠဌ ဦးသန္းေဌးတို႔ မိသားစုမွာျမန္ေအာင္ၿမိဳ႕နယ္၊ မက်ီးကြင္းေက်း႐ြာဇာတိမ်ားျဖစ္ၿပီး

ဦးသန္းေဌးမွာလည္း ၂ဝ၁ဝ ေ႐ြးေကာက္ပြဲတြင္ ျမန္ေအာင္ၿမိဳ႕နယ္၊ ျပည္သူ႔လႊတ္ေတာ္ မဲဆႏၵနယ္တြင္အနိုင္ရရွိကာ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သူ ျဖစ္သည္။

Leave a Reply

Your email address will not be published. Required fields are marked *