သူတင်လိုက်တဲ့ ဓာတ်ပုံလေးတစ်ပုံကြောင့် အပြစ်ပြောနေတဲ့လူတစ်ချို့အား ထိထိမိမိပြန်လည်တုန့်ပြန်လိုက်တဲ့ ဘုန်းမင်းနေလ

သူတင်လိုက်တဲ့ ဓာတ်ပုံလေးတစ်ပုံကြောင့် အပြစ်ပြောနေတဲ့လူတစ်ချို့အား ထိထိမိမိပြန်လည်တုန့်ပြန်လိုက်တဲ့ ဘုန်းမင်းနေလ

ပရိတ်သတ်ကြီးရေ…နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကျော် ဘုန်းမင်းနေလဟာဆိုရင် မိခင်ဖြစ်သူခင်ဇာခြည်ကျော်ရဲ့အနုပညာအမွေတွေကို ဆက်ခံထားတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်နော်..။ဘုန်းမင်းက အကယ်ဒမီရွှေကြိုမှာ ပါဝင်ရင်း ချောမောခန့်ညားတဲ့ရုပ်ရည်ရှိတာကြောင့် ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားသူတစ်ယောက်ပဲဖြစ်ပါတယ်။အနုပညာဘက်မှာပင်ပါရမီရှိရုံသာမက ပညာရေးဘက်မှာလည်း မိခင်ဂုဏ်ယူရလောက်အောင် ထူးချွန်သူတစ်ဦး ဖြစ်ပါတယ်။ မိခင်ဖြစ်သူကိုလိုလေသေးမရှိအောင် ဂရုစိုက်တတ်သူ သားလိမ္မာလေး ဖြစ်တာကြောင့် အားလုံးရဲ့ ချီးကျူးမှုတွေကို ရရှိထားတာဖြစ်ပါ တယ်။

ဒီရက်ပိုင်းမှာတော့ ဘုန်းမင်းတစ်ယောက် စိတ်မကောင်းစရာကိစ္စတစ်ခုနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ မနေ့ကသူ့ရဲ့ လူမှုကွန်ယက်တွင် ၂၀၁၉ ခုနှစ်က ပုံအဟောင်းကို ” ဒီလိုလေး မရယ်ရတာ ကြာပြီ ” ဆိုတဲ့ Caption ဖြင့်တင်မိလိုက်တာကြောင့် ပရိသတ်များမှ လူတွေ စိတ်သောကရောက်နေချိန်မှာ အခုလို ဓာတ်ပုံတွေ တင်တဲ့အတွက်ဘုန်းမင်းကို ဝေဖန်နေကြတာ ဖြစ်ပါတယ်။ ဘုန်းမင်းကလည်း သူ့ရဲ့စိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့ ခံစားချက်တွေကိုပရိသတ်တွေ အား အခုလို ပြန်လည်ရေးသားပြောပြထားတာ ဖြစ်ပါတယ်။

” တော်လှန်ရေးအစပိုင်းကာလမှာ ကျွန်တော်တို့ ရွေးကောက်တင်မြှေက်ထားတဲ့ အစိုးရကို ဖြုတ်ချခဲ့တဲ့ စစ်အစိုးရအား လက်မခံခဲ့ဘဲ လူထုလှုပ်ရှားမှုများတွင် ပါဝင်ခဲ့ပါတယ်။ Social Punishment ကိုကြောက်လို့ တော်လှန်ရေးမှာပါဝင်ခဲ့တာ မဟုတ်ပါဘူး။ ဘယ်လိုပါဝင်ခဲ့လည်းဆိုတာကိုလည်း သူ့ရဲ့ လူမှုကွန်ယက်တွင် ဝင်ကြည့်နိုင်ပါတယ်။စိတ်မကောင်းစွာနဲ့ပဲ ရှေ့တန်းမှာ ဘယ်လိုပါဝင်ခဲ့တယ်ဆိုတာတွေကိုတော့ ဓာတ်ပုံရိုက်ပြီး Facebook ပေါ်မှာ တင်ဖို့အချိန်မရှိခဲ့ပါဘူး။ ပုဒ်မ ၅၀၅(က) ဖြင့်တရားစွဲဆိုခံထားရတဲ့ စာရင်းမှာ သူ မပါဝင်ခဲ့တဲ့အတွက် ဘယ်တော့မှဝမ်းသာသွားမှာလည်း မဟုတ်ပါဘူး။ အာဏာသိမ်းခံပြီး ၁၈ ရက်မြောက်နေ့မှာ သူ့ရဲ့အဘွားဟာ ကိုဗစ်ရောဂါဖြင့်ဆုံးပါးသွားခဲ့တာကြောင့် ဒီကာလတွေဟာ သူ့အတွက် အရမ်းကိုခက်ခဲခဲ့ ပါတယ်။

အဘွားဆုံးပြီး နောက်ပိုင်းမှာလည်း စစ်အာဏရှင်တွေကို လမ်းပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်ခဲ့တာကြောင့် သူ့ရဲ့မိခင်မှ ရက်အတော်ကြာ စကားမပြောဘဲ နေတာကိုခံခဲ့ရသေးတာ ဖြစ်ပါတယ်။ အခြေအနေအရပ်ရပ်ကြောင့် လတ်တလောမှာ Speak Out မလုပ်ဘဲတိတ်ဆိတ်ငြိမ်သက်ခဲ့တာ ဖြစ်ပါတယ်။ သူတင်ခဲ့တဲ့ ၂၀၁၉ က ပုံအဟောင်းမှာလည်း လတ်တလောအခြေအနေတွေကြောင့် အခုလိုမပြုံးနိုင်တော့တဲ့အဓိပ္ပာယ်ဖြင့် တင်ခဲ့ကြောင်းကို ရှင်းပြထားတာ ဖြစ်ပါတယ်။ ငါထောင်ထဲသွားရင် မင်းတို့ကငါ့မိသားစုကိုထမင်းကျွေးထားမှာလား? ဒီမပြီးဆုံးသေးတဲ့တော်လှန်ရေးမှာ ငါလည်း တတ်နိုင်သလောက်လုပ်ခဲ့တာပဲ။ ဒီမိုကရေစီရဖို့ ငါတို့အခွင့်အရေးတွေရဖို့ ငါတို့ကြွေးကြော်ခဲ့ကြတယ်။ အခုကျတော့မင်းတို့က ငါ့အခွင့်အရေးတွေကို ဆုံးရှုံးအောင်လုပ် တယ် ဒီလိုလူမျိုးတွေက အာဏာရှင်ထက်ပိုဆိုးတယ်။

ငါတို့ကိုသေစေချင်နေတာပဲ ကျွန်တော်ပြောတဲ့ အရာတွေကို အားလုံးလည်း လက်ခံကြမယ် ထင်ပါတယ်။ စိတ်ခံစားချက်တွေ ပြင်းထန်နေတဲ့အတွက် စာရေးတာမှားသွားခဲ့ရင် တောင်းပန်ပါတယ်။ ပျော်နေတာမဟုတ်တဲ့အတွက် အဲ့လိုအထင်ခံရတာအဆိုးဆုံးပဲ။ ကိုယ့်လိပ်ပြာတော့ကိုယ်လုံပါတယ် ဒါပေမဲ့ ပြီခဲ့တဲ့ နှစ်ကပုံလေးတင်မိတာ ကို ဝင်ပြောနေတဲ့လူတွေ က tiktok မှာ tiktoker တွေ ဆော့နေတာကြတော့မျက်စိပိတ်နားပိတ်နဲ့ ပြောပါဘာတွေများထက်လုပ်ပေးရဦးမှာလဲ ထောင်ထဲဝင်ပေးမှကျေနပ်မှာလား။ ထပ်ပြောပါရစေ ဓာတ်ပုံက ၂၀၁၉ စင်္ကာပူမှာတုန်းကပုံ အခုအရမ်းခက်ခဲနေလို့ အဲ့လိုမရယ်နိုင်တာကြာပြီလို့တင်မိတာအဲ့လောက်အပြစ်ကြီးသွားလား တစ်ကယ်စိတ်ဓာတ်ကျတယ် အခုပြောနေတဲ့လူတွေကရော အရေးတော်ပုံမှ ာဘာတွေများကျွန်တော့်ထက်ပိုလုပ်ပေးနေလိုလည်းပြောပါ ?တစ်ခါတစ်လေလူတွေကလွန်လွန်းတယ်။

အခုကိစ္စမှာမရှင်းဘဲ ငြိမ်နေလိုက်ရင်ပြီသွားမယ်ဆိုတာသိတယ် ဒါပေမဲ့ သူတို့ရဲ့ logic ကြီးကမပြင်ရင်ပြီးမှာမ ဟုတ်ဘူး အဖမ်းမခံရတဲ့အနုပညာရှင်တွေကိုဘာလုပ်လုပ်အပစ်လိုက်တင်နေဦးမှာပဲ…။Speak out လုပ်တာချင်းတူတူတောင် ဝရမ်းမှာနာမည်မပါရင်မရှိတဲ့အပြစ် လိုက်ရှာနေတာ #gg #logic ကျေးဇူးတင်စရာလည်းမလိုပါဘူး ဖင်တော့လှန်မပြပါနဲ့ ” ဆိုပြီး ဖြေရှင်းထားတာ ဖြစ်ပါတယ်။ ပရိသတ်များကလည်းအပြစ်ရှာကြံပြီး ပြောနေကြသူတွေအကြောင်းကို မစဉ်းစားဘဲ ကိုယ်လုပ်စရာရှိတာတွေကိုသာ လုပ်ဆောင်သင့်ကြောင်း အားပေးစကားများ မှတ်ချက်ပေးရေးသားထားကြတာ ဖြစ်ပါတယ်။ ဘုန်းမင်းတစ်ယောက် ခံစားနေရတဲ့အရာတွေ အမြန်ဆုံးအဆင်ပြေသွားပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်နော်

Zawgyi

အျပစ္ေျပာေနတဲ့ပရိတ္သတ္အား ေတာ္လွန္ေရးမွာ သူ႔လိုဘာမ်ားလုပ္ေပးႏိူင္ၿပီလည္းဟု ထိထိမိမိျပန္လည္တုန႔္ျပန္လိုက္တဲ့ ဘုန္းမင္းေနလ

သူတင္လိုက္တဲ့ ဓာတ္ပုံေလးတစ္ပုံေၾကာင့္ အျပစ္ေျပာေနတဲ့လူတစ္ခ်ိဳ႕အား ထိထိမိမိျပန္လည္တုန႔္ျပန္လိုက္တဲ့ ဘုန္းမင္းေနလ

ပရိတ္သတ္ႀကီးေရ…ႏႈတ္ခမ္းနီမေလးေတြရဲ႕အသည္းေက်ာ္ ဘုန္းမင္းေနလဟာဆိုရင္ မိခင္ျဖစ္သူခင္ဇာျခည္ေက်ာ္ရဲ႕အႏုပညာအေမြေတြကို ဆက္ခံထားတဲ့သူတစ္ေယာက္ပဲျဖစ္ပါတယ္ေနာ္..။ဘုန္းမင္းက အကယ္ဒမီေ႐ႊႀကိဳမွာ ပါဝင္ရင္း ေခ်ာေမာခန႔္ညားတဲ့႐ုပ္ရည္ရွိတာေၾကာင့္ ပရိတ္သတ္ေတြရဲ႕ခ်စ္ခင္အားေပးမႈကို အျပည့္အဝရရွိထားသူတစ္ေယာက္ပဲျဖစ္ပါတယ္။အႏုပညာဘက္မွာပင္ပါရမီရွိ႐ုံသာမက ပညာေရးဘက္မွာလည္း မိခင္ဂုဏ္ယူရေလာက္ေအာင္ ထူးခြၽန္သူတစ္ဦး ျဖစ္ပါတယ္။ မိခင္ျဖစ္သူကိုလိုေလေသးမရွိေအာင္ ဂ႐ုစိုက္တတ္သူ သားလိမၼာေလး ျဖစ္တာေၾကာင့္ အားလုံးရဲ႕ ခ်ီးက်ဴးမႈေတြကို ရရွိထားတာျဖစ္ပါ တယ္။

ဒီရက္ပိုင္းမွာေတာ့ ဘုန္းမင္းတစ္ေယာက္ စိတ္မေကာင္းစရာကိစၥတစ္ခုနဲ႔ ႀကဳံေတြ႕ေနရတာ ျဖစ္ပါတယ္။ မေန႔ကသူ႔ရဲ႕ လူမႈကြန္ယက္တြင္ ၂၀၁၉ ခုႏွစ္က ပုံအေဟာင္းကို ” ဒီလိုေလး မရယ္ရတာ ၾကာၿပီ ” ဆိုတဲ့ Caption ျဖင့္တင္မိလိုက္တာေၾကာင့္ ပရိသတ္မ်ားမွ လူေတြ စိတ္ေသာကေရာက္ေနခ်ိန္မွာ အခုလို ဓာတ္ပုံေတြ တင္တဲ့အတြက္ဘုန္းမင္းကို ေဝဖန္ေနၾကတာ ျဖစ္ပါတယ္။ ဘုန္းမင္းကလည္း သူ႔ရဲ႕စိတ္ထဲမွာ ျဖစ္ေပၚေနတဲ့ ခံစားခ်က္ေတြကိုပရိသတ္ေတြ အား အခုလို ျပန္လည္ေရးသားေျပာျပထားတာ ျဖစ္ပါတယ္။

” ေတာ္လွန္ေရးအစပိုင္းကာလမွာ ကြၽန္ေတာ္တို႔ ေ႐ြးေကာက္တင္ေျမႇက္ထားတဲ့ အစိုးရကို ျဖဳတ္ခ်ခဲ့တဲ့ စစ္အစိုးရအား လက္မခံခဲ့ဘဲ လူထုလႈပ္ရွားမႈမ်ားတြင္ ပါဝင္ခဲ့ပါတယ္။ Social Punishment ကိုေၾကာက္လို႔ ေတာ္လွန္ေရးမွာပါဝင္ခဲ့တာ မဟုတ္ပါဘူး။ ဘယ္လိုပါဝင္ခဲ့လည္းဆိုတာကိုလည္း သူ႔ရဲ႕ လူမႈကြန္ယက္တြင္ ဝင္ၾကည့္ႏိုင္ပါတယ္။စိတ္မေကာင္းစြာနဲ႔ပဲ ေရွ႕တန္းမွာ ဘယ္လိုပါဝင္ခဲ့တယ္ဆိုတာေတြကိုေတာ့ ဓာတ္ပုံ႐ိုက္ၿပီး Facebook ေပၚမွာ တင္ဖို႔အခ်ိန္မရွိခဲ့ပါဘူး။ ပုဒ္မ ၅၀၅(က) ျဖင့္တရားစြဲဆိုခံထားရတဲ့ စာရင္းမွာ သူ မပါဝင္ခဲ့တဲ့အတြက္ ဘယ္ေတာ့မွဝမ္းသာသြားမွာလည္း မဟုတ္ပါဘူး။ အာဏာသိမ္းခံၿပီး ၁၈ ရက္ေျမာက္ေန႔မွာ သူ႔ရဲ႕အဘြားဟာ ကိုဗစ္ေရာဂါျဖင့္ဆုံးပါးသြားခဲ့တာေၾကာင့္ ဒီကာလေတြဟာ သူ႔အတြက္ အရမ္းကိုခက္ခဲခဲ့ ပါတယ္။

အဘြားဆုံးၿပီး ေနာက္ပိုင္းမွာလည္း စစ္အာဏရွင္ေတြကို လမ္းေပၚထြက္ၿပီး ဆႏၵထုတ္ေဖာ္ခဲ့တာေၾကာင့္ သူ႔ရဲ႕မိခင္မွ ရက္အေတာ္ၾကာ စကားမေျပာဘဲ ေနတာကိုခံခဲ့ရေသးတာ ျဖစ္ပါတယ္။ အေျခအေနအရပ္ရပ္ေၾကာင့္ လတ္တေလာမွာ Speak Out မလုပ္ဘဲတိတ္ဆိတ္ၿငိမ္သက္ခဲ့တာ ျဖစ္ပါတယ္။ သူတင္ခဲ့တဲ့ ၂၀၁၉ က ပုံအေဟာင္းမွာလည္း လတ္တေလာအေျခအေနေတြေၾကာင့္ အခုလိုမၿပဳံးႏိုင္ေတာ့တဲ့အဓိပၸာယ္ျဖင့္ တင္ခဲ့ေၾကာင္းကို ရွင္းျပထားတာ ျဖစ္ပါတယ္။ ငါေထာင္ထဲသြားရင္ မင္းတို႔ကငါ့မိသားစုကိုထမင္းေကြၽးထားမွာလား? ဒီမၿပီးဆုံးေသးတဲ့ေတာ္လွန္ေရးမွာ ငါလည္း တတ္ႏိုင္သေလာက္လုပ္ခဲ့တာပဲ။ ဒီမိုကေရစီရဖို႔ ငါတို႔အခြင့္အေရးေတြရဖို႔ ငါတို႔ေႂကြးေၾကာ္ခဲ့ၾကတယ္။ အခုက်ေတာ့မင္းတို႔က ငါ့အခြင့္အေရးေတြကို ဆုံးရႈံးေအာင္လုပ္ တယ္ ဒီလိုလူမ်ိဳးေတြက အာဏာရွင္ထက္ပိုဆိုးတယ္။

ငါတို႔ကိုေသေစခ်င္ေနတာပဲ ကြၽန္ေတာ္ေျပာတဲ့ အရာေတြကို အားလုံးလည္း လက္ခံၾကမယ္ ထင္ပါတယ္။ စိတ္ခံစားခ်က္ေတြ ျပင္းထန္ေနတဲ့အတြက္ စာေရးတာမွားသြားခဲ့ရင္ ေတာင္းပန္ပါတယ္။ ေပ်ာ္ေနတာမဟုတ္တဲ့အတြက္ အဲ့လိုအထင္ခံရတာအဆိုးဆုံးပဲ။ ကိုယ့္လိပ္ျပာေတာ့ကိုယ္လုံပါတယ္ ဒါေပမဲ့ ၿပီခဲ့တဲ့ ႏွစ္ကပုံေလးတင္မိတာ ကို ဝင္ေျပာေနတဲ့လူေတြ က tiktok မွာ tiktoker ေတြ ေဆာ့ေနတာၾကေတာ့မ်က္စိပိတ္နားပိတ္နဲ႔ ေျပာပါဘာေတြမ်ားထက္လုပ္ေပးရဦးမွာလဲ ေထာင္ထဲဝင္ေပးမွေက်နပ္မွာလား။ ထပ္ေျပာပါရေစ ဓာတ္ပုံက ၂၀၁၉ စကၤာပူမွာတုန္းကပုံ အခုအရမ္းခက္ခဲေနလို႔ အဲ့လိုမရယ္ႏိုင္တာၾကာၿပီလို႔တင္မိတာအဲ့ေလာက္အျပစ္ႀကီးသြားလား တစ္ကယ္စိတ္ဓာတ္က်တယ္ အခုေျပာေနတဲ့လူေတြကေရာ အေရးေတာ္ပုံမွ ာဘာေတြမ်ားကြၽန္ေတာ့္ထက္ပိုလုပ္ေပးေနလိုလည္းေျပာပါ ?တစ္ခါတစ္ေလလူေတြကလြန္လြန္းတယ္။

အခုကိစၥမွာမရွင္းဘဲ ၿငိမ္ေနလိုက္ရင္ၿပီသြားမယ္ဆိုတာသိတယ္ ဒါေပမဲ့ သူတို႔ရဲ႕ logic ႀကီးကမျပင္ရင္ၿပီးမွာမ ဟုတ္ဘူး အဖမ္းမခံရတဲ့အႏုပညာရွင္ေတြကိုဘာလုပ္လုပ္အပစ္လိုက္တင္ေနဦးမွာပဲ…။Speak out လုပ္တာခ်င္းတူတူေတာင္ ဝရမ္းမွာနာမည္မပါရင္မရွိတဲ့အျပစ္ လိုက္ရွာေနတာ #gg #logic ေက်းဇူးတင္စရာလည္းမလိုပါဘူး ဖင္ေတာ့လွန္မျပပါနဲ႔ ” ဆိုၿပီး ေျဖရွင္းထားတာ ျဖစ္ပါတယ္။ ပရိသတ္မ်ားကလည္းအျပစ္ရွာႀကံၿပီး ေျပာေနၾကသူေတြအေၾကာင္းကို မစဥ္းစားဘဲ ကိုယ္လုပ္စရာရွိတာေတြကိုသာ လုပ္ေဆာင္သင့္ေၾကာင္း အားေပးစကားမ်ား မွတ္ခ်က္ေပးေရးသားထားၾကတာ ျဖစ္ပါတယ္။ ဘုန္းမင္းတစ္ေယာက္ ခံစားေနရတဲ့အရာေတြ အျမန္ဆုံးအဆင္ေျပသြားပါေစလို႔ ဆုေတာင္းေပးလိုက္ရပါတယ္ေနာ္

Leave a Reply

Your email address will not be published. Required fields are marked *