လစာမဲ့ခွင့်ယူပီးဆန္ဒပြမယ့်သူတေတွေ မိသားစု ပိုင်ခြံထဲမှာ လာနေလို့ရတယ်ဆိုတဲ့ နေထူးနိုင်….
သရုပ်ဆောင်နေထူးနိုင်င်ကတော့ အလုပ်မသွားဘဲ လစာမဲ့ခွင့်ယူပြီး ဆန္ဒပြမယ့်သူတွေရှိရင်မိသားစု ပိုင်ရုပ်ရှင်ရိုက်တဲ့ ခြံထဲမှာ လာနေလို့ရတယ်လို့ သူ့ရဲ့
လူမှုကွန်ရက်စာမျက်နှာကနေ ဖေဖော်ဝါရီလ၇ ရက်နေ့က ရေးသားလာခဲ့ပါတယ်။လာနေတဲ့သူတွေကိုရေ၊မီး အပြည့် အစုံ ဖြစ်အောင်လည်း စီစဉ်ပေးမယ်လို့လည်း ဆိုထားပါတယ်။
တစ်ခြားမြို့နယ်ကနေ ရေနံချောင်းမြို့မှာ တာဝန်ထမ်းဆောင်ရင်း Civil Disobedience Movementအလုပ်မသွားဘဲ လစာမဲ့ခွင့်ယူပြီး ဆန္ဒပြမယ့်သူတွေရှိရင်
ကျွန်တော်တို့မိသားစုပိုင်တဲ့ ရုပ်ရှင်ရိုက်တဲ့ခြံ ထဲမှာ လာနေလို့ရပါတယ်။ ခြံက ၁၂ ဧက ကျယ်ပြီး ဇာတ်ကားရိုက်ရန်ဆောက်ထားသော အိမ်တွေ ရှိပါတယ်။
မဆန့်ရင်လည်း ခြံဝန်းထဲမှာ ယာယီအဆောက်အဦးလေးတွေဆောက်ပြီး နေနိုင်ပါတယ်။ ရေ၊ မီး အစုံဖြစ်အောင်လည်း စီစဉ်ပေးပါမယ်။
စိတ်ပူစရာလုံးဝမလိုပါဘူး လို့ လူမှုကွန်ရက်စာမျက် နှာကနေရေးသားထားတာပါ။နေထူးနိုင်ကတော့ Civil Disobedience Movement လှုပ်ရှားမှုမှာ တတ်နိုင်တဲ့
ဘက်ကနေပါဝင်ကူ ညီနေတာတွေ့ရပါတယ်။ပရိသတ်တွေ ကလည်း နေထူးနိုင်ရဲ့စိတ်ဓာတ်ကိုလေးစားချီးကျူး နေတဲ့ အကြောင်း မှတ်ချက်ပေးထားကြတာတွေ့ရပါတယ်။
Zawgyi
လစာမဲ့ခြင့္ယူပီးဆႏၵျပမယ့္သူေတေတြ မိသားစု ပိုင္ၿခံထဲမွာ လာေနလို႔ရတယ္ဆိုတဲ့ ေနထူးႏိုင္….
သ႐ုပ္ေဆာင္ေနထူးႏိုင္င္ကေတာ့ အလုပ္မသြားဘဲ လစာမဲ့ခြင့္ယူၿပီး ဆႏၵျပမယ့္သူေတြရွိရင္မိသားစု ပိုင္႐ုပ္ရွင္႐ိုက္တဲ့ ၿခံထဲမွာ လာေနလို႔ရတယ္လို႔ သူ႔ရဲ႕
လူမႈကြန္ရက္စာမ်က္ႏွာကေန ေဖေဖာ္ဝါရီလ၇ ရက္ေန႔က ေရးသားလာခဲ့ပါတယ္။လာေနတဲ့သူေတြကိုေရ၊မီး အျပည့္ အစုံ ျဖစ္ေအာင္လည္း စီစဥ္ေပးမယ္လို႔လည္း ဆိုထားပါတယ္။
တစ္ျခားၿမိဳ႕နယ္ကေန ေရနံေခ်ာင္းၿမိဳ႕မွာ တာဝန္ထမ္းေဆာင္ရင္း Civil Disobedience Movementအလုပ္မသြားဘဲ လစာမဲ့ခြင့္ယူၿပီး ဆႏၵျပမယ့္သူေတြရွိရင္
ကြၽန္ေတာ္တို႔မိသားစုပိုင္တဲ့ ႐ုပ္ရွင္႐ိုက္တဲ့ၿခံ ထဲမွာ လာေနလို႔ရပါတယ္။ ၿခံက ၁၂ ဧက က်ယ္ၿပီး ဇာတ္ကား႐ိုက္ရန္ေဆာက္ထားေသာ အိမ္ေတြ ရွိပါတယ္။
မဆန႔္ရင္လည္း ၿခံဝန္းထဲမွာ ယာယီအေဆာက္အဦးေလးေတြေဆာက္ၿပီး ေနႏိုင္ပါတယ္။ ေရ၊ မီး အစုံျဖစ္ေအာင္လည္း စီစဥ္ေပးပါမယ္။
စိတ္ပူစရာလုံးဝမလိုပါဘူး လို႔ လူမႈကြန္ရက္စာမ်က္ ႏွာကေနေရးသားထားတာပါ။ေနထူးႏိုင္ကေတာ့ Civil Disobedience Movement လႈပ္ရွားမႈမွာ တတ္ႏိုင္တဲ့
ဘက္ကေနပါဝင္ကူ ညီေနတာေတြ႕ရပါတယ္။ပရိသတ္ေတြ ကလည္း ေနထူးႏိုင္ရဲ႕စိတ္ဓာတ္ကိုေလးစားခ်ီးက်ဴး ေနတဲ့ အေၾကာင္း မွတ္ခ်က္ေပးထားၾကတာေတြ႕ရပါတယ္။