သား အတွက် စိတ်မကောင်း ဖြစ်နေ ရတဲ့ သရုပ်ဆောင် မင်းမော်ကွန်း

သား အတွက် စိတ်မကောင်း ဖြစ်နေ ရတဲ့ သရုပ်ဆောင် မင်းမော်ကွန်း

မဂ်လာပါ ပရိတ်သတ်ကြီးရေ

သားလေးအတွက် ရင်ထဲက စကားတွေ စကားပြောလာတဲ့ မင်းမော်ကွန်း

ပြည်သူချစ် မင်းသားမင်းမော်ကွန်း ကတော့ လက်ရှိ အချိန်မှာ စကစ ရဲ့ ဖမ်း ဝရမ်း ထုတ် ခံ ထားရလို့ ရှောင်တိမ်း နေရတာပဲ ဖြစ်ပါတယ်။

ပြည်သူနဲ့ အ တူ တ သားတည်း ရပ် တည် ခဲ့ လို့ မိသားစုနဲ့ တကွဲတပြားစီ နေနေ ရ ပေ မယ့် စိတ်ပျက်အားငယ် ခြင်းမ ရှိ ဘဲ

အဆုံးထိ တိုက်ပွဲ ဝင်သွားမယ် ဆို ပြီး မကြာ ခန ပရိတ်သတ် တွေ

အားလုံး သိအောင် အသိပေးပြောပြ နေတာ ကို လည်း အားလုံးသိပြီး ဖြစ် မှာပါ။

ကျောပိုး အိတ်လေး ထုတ်ပြီးသူ့ဆီလာချင်တဲ့ သားလေးကိုမခေါ်နိုင်သေးလို့ ခွင့်လွှတ်ဖို့ပြောတဲ့ မင်းမော်ကွန်း”

သားဖြစ်သူက သူ့ဆီလာချင်လို့ ကျောပိုးအိတ်လေးထည့် နေတဲ့ သားကို မင်းမော်ကွန်းက အခုလိုပြန်ပြောခဲ့တာက

“အဖေဆီသွားချင်လို့ သူ့ဟာ သူပစ္စည်းတွေ ထည့်ထားတယ်တဲ့လေ။

ခဏစောင့်ပါဦးသားရယ် အဖေ ကိုယ်တိုင်တောင်အခုထိ ဟိုပြေးဒီလွှားနဲ့ အတည် တကျ မရှိသေးတာ။

ကျောပိုးအိတ် တစ်လုံးနဲ့ ကျောတစ်ခင်းစာ နေရာက လွဲပြီးတနင့်တပိုးမျှော်လင့် ချက် တွေကလွဲပြီး

တစ်စစီလိုက်ပြန်ကောက်နေရတဲ့ယုံကြည်ချက်တချို့တလေကလွဲပြီး

အရင်းအနှီးကြီးလွန်းတဲ့လိပ်ပြာသန့်သန့်တစ်စုံကလွဲပြီး

ချစ်ခြင်းမေတ္တာနဲ့သတိရခြင်းတွေကလွဲပြီးအခုချိန်ထိလမ်းပျောက်နေရုံကလွဲပြီး

အဖေ့ဆီမှာဘာမှမရှိလို့ငါ့သားအတွက်ဘာတစ်ခုမှမတတ်နိုင်သေးတာအဖေ့ကိုခွင့်လွှတ်ပါ” လို့ ပဲဖြစ်ပါတယ်။

ဒီစာလေးကိုဖတ်ရတော့ ပြည်သူတွေအနေနဲ့ သားအစ်ဖနှစ်ယောက်ရဲ့ ချစ်ခြင်း မေတ္တာ အပေါ် စိတ်မကောင်းကြီးစွာ ဖြစ်ခဲ့ကြရပါတယ်။

စာကို ဖတ်ရှု့ ပေးတဲ့ ပရိတ်သတ် ကြီး တို့လည်း ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာ ပြီး လိုအင် ဆန္ဒ များလည်း အမြန်ဆုံး ပြည့်ကျ ပါစေ လို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

Zawgyi



















Leave a Reply

Your email address will not be published. Required fields are marked *