မတူညီတဲ့အချက်တွေရှိကြပေမယ့် တူညီတဲ့အမှန်တရား တစ်ခုရှိရာရည်ရွယ်ချက်ဆီလျှောက်လှမ်းခဲ့ကြတဲ့ ပြည်သူချစ်မင်းသမီးနှစ်ဦး

မတူညီတဲ့အချက်တွေရှိကြပေမယ့် တူညီတဲ့အမှန်တရား တစ်ခုရှိရာရည်ရွယ်ချက်ဆီသို့ရဲရဲဝံ့ဝံံ့လျှောက်လှမ်းခဲ့ကြတဲ့ ပြည်သူချစ်မင်းသမီးနှစ်ဦး

ပရိတ်သတ်ကြီးရေ….ပြည်သူချစ်မင်းသမီးချောနှစ်ယောက်ဖြစ်တဲ့ အိန္ဒြာကျော်ဇင်နဲ့သက်မွန်မြင့်ဟာဆိုရင် လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေ တဲ့ နွေဦး တော် လှန်ရေးတိုက်ပွဲကြီးမှာပြည်သူလူထုနဲ့အတူတက်ကြွစွာပါဝင်ခဲ့ကြတာပဲဖြစ်ပါတယ်နော်။သူမတို့နှစ်ယောက်စလုံးမှာမတူ ညီ တဲ့ အချက်တွေရှိကြပါတယ်။

သူမတို့နှစ်ယောက်က ချမ်းသာတယ် လှပတယ် ဘဝမှာလိုလေသေးမရှိပြည့်စုံကြတယ်တဲ့အပြင်ပရိတ်သတ် အားပေးမှုကိုအခိုင်အမာရရှိထားကြတဲ့ အောင်မြင်တဲ့ထိပ်တန်းမင်းသမီးတွေပဲဖြစ်ပါတယ်။သူမတို့လာရင်ကင်မရာမီးရောင်တွေတဖျက်ဖျက်နဲ့တက်ကြွတဲ့ခြေလှမ်းတွေနဲ့အတူ လျှောက်လှမ်းခဲ့ကြတဲ့ထိပ်တန်းမင်းသမီး(၂)လက်ပဲဖြစ်ပါ တယ်.။သူမတို့နှစ်ယောက်မှာ သာယာပျော်ရွှင်စရကောင်းတဲ့မိသားစုလေးတွေရှိတယ်။

သူတို့ဆီမှာ သိပ်ချစ်စရာကောင်းပြီး တီတီတာတာ ပြော တတ်ကြတဲ့ သားလေးတွေ သမီးလေးတွေရှိတယ်။ဒါတွေကိုတောင်မမှု့ပဲပြည်သူလူထုနဲ့အတူလမ်းပေါ်ထွက်ပြီး အမှန်တရားအတွက် တိုက်ပွဲဝင်ခဲ့ကြတယ်။အဲ့ဒီလိုတိုက်ပွဲဝင်ခဲ့လို့သူမတို့နှစ်ယောက်ဟာ ၅၀၅(က)နဲ့ဝရမ်းထုတ်ခံခဲ့ရပါတယ်။

အခုအချိန်မှာတော့ တစ်ယောက်ကသံတိုင်ကြားထဲကိုရောက်ရှိနေခဲ့ပြီး တစ်ယောက်ကတော့ ကျန်းမာရေးမကောင်းပဲတရားခံတစ်ယောက် လို ထွက်ပြေးတိမ်းရှောင်နေရတာပဲဖြစ်ပါတယ်နော်။အဲ့ဒီလိုအခက်အခဲမျိုးစုံနဲ့ထွက်ပြေးတိမ်းရှောင်နေရတဲ့အထဲမှာလည်း ပိုင်ဖြိုးသု၊ဖွေး ဖွေး ၊ခင်ဝင့်ဝါ၊အေးမြတ်သူတို့အပြင် တခြားသောအနုပညာရှင်င်များစွာလည်းပါဝင်ခဲ့ကြပါသေးတယ်နော်..။အရေးတော်ပုံကြီးအမြန် ဆုံးအောင်မြင်ပြီး ချစ်တဲ့မိသားစု ချစ်တဲ့ပရိတ်သတ်တွေနဲ့အန္တရယ်ကင်းစွာပြန်လည်ဆုံတွေ့နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်..။

Zawgyi

မတူညီတဲ့အချက်တွေရှိကြပေမယ့် တူညီတဲ့အမှန်တရား တစ်ခုရှိရာရည်ရွယ်ချက်ဆီသို့ရဲရဲဝံ့ဝံ့လျှောက်လှမ်းခဲ့ကြတဲ့ ပြည်သူချစ်မင်းသမီးနှစ်ဦး





Leave a Reply

Your email address will not be published. Required fields are marked *