ပြည်သူတွေရှိနေသရွေ့ NLD ပါတီရှိနေမယ်ဆိုပြီး ယနေ့ရုံးချိန်းမှာ သတင်းစကားပါးလိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီကို ထူထောင်ထားတာဟာ ပြည်သူတွေအတွက်ဖြစ်လို့ ပြည်သူတွေရှိနေသရွေ့ ပါတီရှိနေမယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ မေလ ၂၄ ရက်မှာ သတင်းစကားပါးလိုက်ပါတယ်။
နေပြည်တော်မှာပြုလုပ်တဲ့ဒီနေ့ ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေတွေ တွေ့ဆုံချိန် အခုလို သတင်းစကားပါးလိုက်တာလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုတွေအတွက် လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောလိုက်တာပါ။
စစ်ကောင်စီက ခန့်အပ်တဲ့ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက ကော်မရှင်နဲ့ ပါတီပေါင်း ၆၀ ကျော်တွေ့ဆုံပွဲမှာ NLD ပါတီကို ဖျက်သိမ်းဖို့အထိ ပြောခဲ့အပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့သတင်းစကား ထွက်ပေါ်လာတာပါ။
Zawgyi
ျပည္သူေတြရွိေနသေ႐ြ႕ NLD ပါတီရွိေနမယ္ဆိုၿပီး ယေန႔႐ုံးခ်ိန္းမွာ သတင္းစကားပါးလိုက္တဲ့ ေဒၚေအာင္ဆန္းစုၾကည္
အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္(NLD)ပါတီကို ထူေထာင္ထားတာဟာ ျပည္သူေတြအတြက္ျဖစ္လို႔ ျပည္သူေတြရွိေနသေ႐ြ႕ ပါတီရွိေနမယ္ဆိုၿပီး ေဒၚေအာင္ဆန္းစုၾကည္က ဒီေန႔ ေမလ ၂၄ ရက္မွာ သတင္းစကားပါးလိုက္ပါတယ္။
ေနျပည္ေတာ္မွာျပဳလုပ္တဲ့ဒီေန႔ ႐ုံးခ်ိန္းမွာ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေရွ႕ေနေတြ ေတြ႕ဆုံခ်ိန္ အခုလို သတင္းစကားပါးလိုက္တာလို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕အမႈေတြအတြက္ လိုက္ပါေဆာင္႐ြက္ေပးေနတဲ့ ေရွ႕ေန ေဒၚမင္းမင္းစိုးက ေျပာလိုက္တာပါ။
စစ္ေကာင္စီက ခန႔္အပ္တဲ့ေ႐ြးေကာက္ပြဲ ေကာ္မရွင္ဥကၠ႒ ဦးသိန္းစိုးက ေကာ္မရွင္နဲ႔ ပါတီေပါင္း ၆၀ ေက်ာ္ေတြ႕ဆုံပြဲမွာ NLD ပါတီကို ဖ်က္သိမ္းဖို႔အထိ ေျပာခဲ့အၿပီးမွာ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕သတင္းစကား ထြက္ေပၚလာတာပါ။