၅၀၅(က)ကြောင့် ဘေးကင်းရာ သို့ တိမ်းရှောင်နေရတဲ့ ေအေးမြတ်သူ

၅၀၅(က)ကြောင့် ဘေးကင်းရာ သို့ တိမ်းရှောင်နေရတဲ့ ေအေးမြတ်သူ

မြန်မာနို င်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှု ပ်ရှားမှုတွေမှာ ပြည်သူေ တွနဲ့အတူ မှန်ကန်တဲ့ ဘက်ကနေ ရပ်တည်ခဲ့ကြတဲ့ အနုပညာရှင်များ ထဲတွင် သရုပ်ဆောင် အေးမြတ်သူလည်း တစ်ယော က်အပါအ ဝင်ပဲ ဖြစ်ပါတယ်။ နေ့စဉ်လမ်းပေါ်ထွက်ကာ ရင်ထဲက ဆန္ဒအမှန်ေ တွကိုလည်း ထုတ်ဖော်ပြသခဲ့ပြီး လိုအပ်တဲ့နေ ရာတွေကိုလည်း တတ်နိုင်သလောက် လှူဒါန်းမှုတွေ ပါဝင်ေ ဆာင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

အခုလို ဓမ္မ ဘက်ကနေ ရပ်တ ည်ပေးခဲ့ တာကြောင့်အေးမြတ်သူအား ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆို အရေးယူထားတာ ဖြစ်ပါတယ်။ အရေးယူ ခံထားရတဲ့ အနုပညာရှ င်များကတော့ သူတို့ရဲ့ လုံခြုံမှု အတွက် ဘေးကင်းရာသို့ တိမ်းရှောင်နေကြရ တာဖြစ်ပါတယ်။ သို့သော်လည်း အမှန်တ ရားအတွက် ရောက်ရာနေရာကနေ တော်လှန်တိုက်ပွဲဝင်နေကြဆဲ ဖြစ်ပါတယ်။

ပရိသတ်များကလည်း သူတို့ချစ်ခင် အားပေးခဲ့ရတဲ့ အနုပညာရှင်တွေ အခုလိုတိမ်းရှော င်နေရတဲ့အတွက်စိ တ်မကောင်းဖြစ်နေရတာ ဖြစ်ပါတယ်။ မနေ့ညက အေးမြတ်သူရဲ့Instagram Story တွင် ပုံလေးတစ်ပုံ တင်ထား တာ ဖြစ်ပါတယ်။ ဒါကတော့ သူမရဲ့ မိသားစုဝ င်ပုံလေးကို တင် ထားကာ သတိရနေတဲ့အကြောင်း “ Missing….” ဆိုပြီးရေးသား ထားတာ ဖြစ်ပါတယ်။

မိသားစုကို အရိပ်တြ ကည့်ကြည့်နဲ့ အမြဲဂရုစိုက်တတ်တဲ့ မမြတ်လေးတစ်ယောက် သူမချစ်ရတဲ့သူတွေနဲ့ အခုလိုအချိန် အကြာကြီးခွဲခွာနေရတာ တော်တော်လေးကို စိတ်မကော င်းဖြစ်နေမှာ သေချာပါတယ်အ။ အခြေအနေ အရပ်ရပ်ကြောင့် မိသားစုတွေနဲ့ခွဲခွာပြီး တိမ်းရှောက်နေရ သူများအားလုံး အမြန်ဆုံး ပြန်လည်ဆုံဆည်းနိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက်ရပါတယ်။

Zawgyi

၅၀၅(က)ကြောင့် ဘေးကင်းရာ သို့ တိမ်းရှောင်နေရတဲ့ အေးမြတ်သူ





Leave a Reply

Your email address will not be published. Required fields are marked *