မန္တလေးကကျဆုံးသွားတဲ့ သူရဲကောင်းနဲ့ ဒဏ်ရာရရှိသူတို့ကို အလှူငွေများထပ်မံလှူဒါန်းခဲ့တဲ့ခင်ဝင့်ဝါ

မန္တလေးကကျဆုံးသွားတဲ့ သူရဲကောင်းနဲ့ ဒဏ်ရာရရှိသူတို့ကို အလှူငွေများထပ်မံလှူဒါန်းခဲ့တဲ့ခင်ဝင့်ဝါ

မြန်မာနိုင်ငံက ဆန္ဒဖော်ထုတ်ပွဲကြီးဟာ အင်အားကောင်းလာသလိုလူငယ်တွေဟာ ရဲရဲဝင့်ဝင့် နောက်မဆုတ်ဘဲ ပြန်လည်ခုခံရင်း ဆန္ဒထုတ်ဖော်လျက်ရှိသလို ပြည်သူအချင်းချင်းကလည်း လိုအပ်တာတွေ ကူညီအားဖြည့်လျက်ရှိတာတွေ့ရပါတယ်။တိုက်ပွဲဝင်ရင်းကြွေလွင့်ခဲ့ရသူတွေလည်း တစတစများလာခဲ့တာလည်း စိတ်မကောင်းစွာတွေ့မြင်ရပါတယ်။

ကြွေလွင့်သွားတဲ့ သူရဲကောင်းတွေကိုလည်း ပြည်သူလူထုအပါအဝင် အနုပညာရှင်များစွာကလည်း ကျန်ရစ်သူမိသားစုတွေထံကို ကိုယ်တိုင်သွားရောက်ကာ အားပေးနှစ်သိမ့်ပေးနေကြသလို တတ်နိုင်သလောက်ကူညီမှုတွေပြုနေကြတာလည်းဖြစ်ပါတယ်။အခုလည်း ခင်ဝင့်ဝါက သူငယ်ချင်းတွေနဲ့စုပြီး မန္တလေးမှာကျည်ထိမှန်ပြီး ကျဆုံးသွားတဲ့သူရဲကောင်း ကိုမျိုးအောင် နဲ့ဒဏ်ရာရရှိသူ ကိုချစ်မိုးတို့အတွက် အလှူငွေများသွားရောက်လှူဒါန်းခဲ့ကြောင်း ပုံလေးတွေနဲ့အတူ ခုလိုရေးသားဝေမျှလာတာဖြစ်ပါတယ်။

“ကျွန်မ တို့ သူငယ်ချင်းမိတ်ဆွေများ ၊ စေတနာရှင်ပြည်သူများ နှင့် ပရိသတ်များ ရဲ့ စုပေါင်း လှူဒါန်းငွေများ ထဲ မှ မန္တလေးမြို့နေ ကျဆုံးသွားတဲ့ အာဇာနည် ကိုမျိုးအောင် နှင့် မန္တလေးမြို့နေ ကိုချစ်မိုး အတွက် ကျန်းမာရေးဂုဏ်ပြု ထောက်ပံ့ငွေ တို့အား ဆက်သွယ်ကူညီ ပေးအပ်ခဲ့ပါသည် ။

နောက်ရက်တွေမှာလည်း ရန်ကုန် နဲ့ နယ်အသီးသီးရှိ မလှူရသေးသောသူများထံ ဆက်သွယ်လှူဒါန်းသွားမှာ ဖြစ်ပါတယ်။သွားရေး လာရေး အခက်အခဲ နဲ့ ဆက်သွယ်ရေးအခက်အခဲများကြောင့် အနည်းငယ်ကြန့်ကြာနေရခြင်းကိုလည်း နားလည်ခွင့်လွှတ်ပေးပါရှင်။ပါဝင်လှူဒါန်းကြသူ အားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ “စာလေးပဲဖြစ်ရာပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Zawgyi

မႏၲေလးကက်ဆုံးသြားတဲ့ သူရဲေကာင္းနဲ႔ ဒဏ္ရာရရွိသူတို႔ကို အလႉေငြမ်ားထပ္မံလႉဒါန္းခဲ့တဲ့ခင္ဝင့္ဝါ

ျမန္မာႏိုင္ငံက ဆႏၵေဖာ္ထုတ္ပြဲႀကီးဟာ အင္အားေကာင္းလာသလိုလူငယ္ေတြဟာ ရဲရဲဝင့္ဝင့္ ေနာက္မဆုတ္ဘဲ ျပန္လည္ခုခံရင္း ဆႏၵထုတ္ေဖာ္လ်က္ရွိသလို ျပည္သူအခ်င္းခ်င္းကလည္း လိုအပ္တာေတြ ကူညီအားျဖည့္လ်က္ရွိတာေတြ႕ရပါတယ္။တိုက္ပြဲဝင္ရင္းေႂကြလြင့္ခဲ့ရသူေတြလည္း တစတစမ်ားလာခဲ့တာလည္း စိတ္မေကာင္းစြာေတြ႕ျမင္ရပါတယ္။

ေႂကြလြင့္သြားတဲ့ သူရဲေကာင္းေတြကိုလည္း ျပည္သူလူထုအပါအဝင္ အႏုပညာရွင္မ်ားစြာကလည္း က်န္ရစ္သူမိသားစုေတြထံကို ကိုယ္တိုင္သြားေရာက္ကာ အားေပးႏွစ္သိမ့္ေပးေနၾကသလို တတ္ႏိုင္သေလာက္ကူညီမႈေတြျပဳေနၾကတာလည္းျဖစ္ပါတယ္။အခုလည္း ခင္ဝင့္ဝါက သူငယ္ခ်င္းေတြနဲ႔စုၿပီး မႏၲေလးမွာက်ည္ထိမွန္ၿပီး က်ဆုံးသြားတဲ့သူရဲေကာင္း ကိုမ်ိဳးေအာင္ နဲ႔ဒဏ္ရာရရွိသူ ကိုခ်စ္မိုးတို႔အတြက္ အလႉေငြမ်ားသြားေရာက္လႉဒါန္းခဲ့ေၾကာင္း ပုံေလးေတြနဲ႔အတူ ခုလိုေရးသားေဝမွ်လာတာျဖစ္ပါတယ္။

“ကြၽန္မ တို႔ သူငယ္ခ်င္းမိတ္ေဆြမ်ား ၊ ေစတနာရွင္ျပည္သူမ်ား ႏွင့္ ပရိသတ္မ်ား ရဲ႕ စုေပါင္း လႉဒါန္းေငြမ်ား ထဲ မွ မႏၲေလးၿမိဳ႕ေန က်ဆုံးသြားတဲ့ အာဇာနည္ ကိုမ်ိဳးေအာင္ ႏွင့္ မႏၲေလးၿမိဳ႕ေန ကိုခ်စ္မိုး အတြက္ က်န္းမာေရးဂုဏ္ျပဳ ေထာက္ပံ့ေငြ တို႔အား ဆက္သြယ္ကူညီ ေပးအပ္ခဲ့ပါသည္ ။

ေနာက္ရက္ေတြမွာလည္း ရန္ကုန္ နဲ႔ နယ္အသီးသီးရွိ မလႉရေသးေသာသူမ်ားထံ ဆက္သြယ္လႉဒါန္းသြားမွာ ျဖစ္ပါတယ္။သြားေရး လာေရး အခက္အခဲ နဲ႔ ဆက္သြယ္ေရးအခက္အခဲမ်ားေၾကာင့္ အနည္းငယ္ၾကန႔္ၾကာေနရျခင္းကိုလည္း နားလည္ခြင့္လႊတ္ေပးပါရွင္။ပါဝင္လႉဒါန္းၾကသူ အားလုံးကိုလည္း ေက်းဇူးအထူးတင္ရွိပါတယ္ရွင္။ “စာေလးပဲျဖစ္ရာျပန္လည္ေဝမွ်ေပးလိုက္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *