လူမြင်ကွင်းကို လုံးဝထွက် မလာတဲ့ မိုးဟေကိုရဲ့ နောက်ကွယ်က အကြောင်း အရင်းအမှန်

လူမြင်ကွင်းကို လုံးဝထွက် မလာတဲ့ မိုးဟေကိုရဲ့ နောက်ကွယ်က အကြောင်း အရင်းအမှန်

မဂ်လာပါ ပရိတ်သတ်ကြီးရေ လူမြင်ကွင်းကိုလုံးဝထွက်မလာတဲ့ မိုးဟေကိုရဲ့ နောက်ကွယ်က အကြောင်းရင်းအမှန်

အားလုံးသိစေချင်လို့ တချို့ကလဲ အထင်မြင်လွဲနေကြတဲ့သူတွေရှိနေလို့

အမှန်တကယ်ဖြစ်နေတာလေးကို ကိုယ်ကိုယ်တိုင် မနေ့က ဆေးရုံရောက်သွားတော့မှ အန်တီ့ရဲ့ အခြေအနေကို တွေ့လိုက်ရမှဘဲ

ငါဆိုရင်ရော ဆိုတဲ့ အတွေးလေး ဝင်လာပြီး မိုးအတွက် အခုလိုလေး ကိုယ်ချင်းစာနားလည်ပြီး အားလုံးပဲ အမြင်လေးရှင်းစေချင်လို့ပါ

အန်တီက ဒီလို ကုတင်ပေါ်မှာဘဲ နေပြီး နိုင်ငံခြာစမှာ သွားသွားကုနေရတာတော့ ကြာပြီပေါ့နော်

ဒါပေမယ့် တကယ် အရေးပေါ် ခြေနေ လူစောင့်ကြည့်နေရတဲ့ အနေအထား စပြီးဖြစ်တာကတော့ january, 2021 ကထဲကပါ

ဒါ့ကြောင့် အဲ့ဒီလတွေ ရက်တွေကထဲက မိုးက အနုပညာ အလုပ်တွေဆိုရင်တောင် နယ်ကို ရက်ရှည်ခရီးထွက်ရမည့်

အလုပ်ဆိုရင် တောင်မလုပ်နိုင်တော့ဘဲ အန်တီ့အနားမှာဘဲ အမြဲ စောင့်ကြည့်နေရတယ်

ညဘက်ဆိုလဲ မိခင်ဖြစ်သူကနာကျင်ကိုက်ကဲနေတော့ ညီးတွားသံ ကြားရပြန်တော့လဲ မိုးလဲ ဘယ်အိပ်ပျော်မလဲ

နိုင်ငံခြား မှာ သွားကုနေကြကို ကိုဗစ် ဖြစ်တော့ ပြည်ပထွက်ခွင့်မရပြန်တော့ ထွက်မကုရပြန်ဘူး ထွက်လို့ ရပြန်တော့လဲ

အန်တီက နေရာ အရွေ့အပြောင်းလေးတောင် မခံနိုင်အောင်နာကျင်စွာ ခံစားနေရတော့ သွားလို့မရတော့ပြန်

မိုးအနေနဲ့ အပြင်ထွက်ပြန်ရင်လဲ ကိုဗစ်ရောဂါ သူ့ကိုကူးလာရင် အမေ့နားမှာ အမြဲနေရသူ ကိုယ်တိုင်ပြုစုနေရသူဆိုတော့

အမေ့ကို ပြန်ကူးမှာကြောက်နေရပြန်ရော ပြည်သူအတွက် ကွယ်ရာ မှာ အံကြိတ် မချိတင်ကဲ ဖြစ်နေရပေမယ့်လဲ

သူမရှိရင် သူ့မိခင်အတွက် အဆင်မပြေမှာစိုးလို့ သူ့ခမျာ ပရိသတ်တချို့ရဲ့ အထင်မြင်လွဲခြင်းကို ခံနေရတာပါ

အားလုံးကို နားလည်ခွင့်လွှတ်ပေးကြပါ နားလည်ခွင့်လွှတ်ပေးစေချင်ပါတယ် မိုးကိုယ်တိုင်ကလဲ ပြည်သူနဲ့ တသားတည်း ရှိပါကြောင်း အထင်မြင်မလွဲပါနဲ့လို့ တင်ပြအပ်ပါတယ်

အခုလိုဝင်ရောက်ဖတ်ရှု့ပေးကြတဲ့ ပရိတ်သတ်တစ်ယောက်ခြင်းစီတိုင်းကျန်းမာပျော်ရွှင်သောနေ့ရက်များပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Zawgyi


















Leave a Reply

Your email address will not be published. Required fields are marked *