မနေ့က ညနေပိုင်းမှာ မန္တလေးမြို့တွင် ရွှေဆိုင်ကို အနုကြမ်းဝင်စီးတာကြောင့် အသက်ပါဆုံးရှုံးသွားရတဲ့ သားအမိနှစ်ယောက်ရဲ့ဖြစ်စဉ်
မန္တလေး( ၃၂x၈၂) မှာ အနုကြမ်းစီး ခံရပြီး သေဆုံးသွားခဲ့ရတဲ့ အောင်ချမ်းသာရွှေဆိုင်ပိုင်ရှင် ကိုမျိူးမြင့်ကျော်၊
မေလ ၂၄၊၂၀၂၁။
ဖြစ်စဉ် ……
ညနေ ၆နာရီဝန်းကျင် လူနစ်ယောက်ဆိုင်ကယ်တစ်စီးနဲ့ ရောက်လာပီ လေးထပ်တိုက်ထဲတယောက်ဝင်သွားတယ် ကျန်တယောက်က လမ်းတောင်ဘက်ကနေ ဆိုင်ကယ်နဲ့ အသင့်စောင့်နေပါတယ်
မကြာခင် လူအော်သံကြားရပီ အဲအိမ်ထဲက လူတယောက်ပြေးထွက်လာပီ အသင့်စောင့်နေတဲ့ဆိုင်ကယ်နဲ့လူနဲ့ ထွက်ပြေးသွားတယ်လို့ ပတ်ဝန်းကျင် မျက်မြင်တေကပြောပါတယ်
ဘယ်လိုအကြောင်းအရာဖစ်နေမလားဆိုတာ ပတ်ဝန်းကျင်ကလူတေ အခင်းဖစ်အိမ်ထဲဝင်မကြည့်ရဲတာကြောင့် နီးစိပ်ရာ အရန်မီးသတ်စခန်းကို လာအကြောင်းကြားပါတယ်
အရန်မီးသတ်စခန်းမှ တဆင့် နယ်မြေခံရဲစခန်းအကြောင်းကြားပီ ည၈:၁၅နာရီအချိန်တွင် ရပ်ကွက်လူကြီး ပတ်ဝန်ကျင်အသိသက်သေများနှင့် ရဲတပ်ဖွဲ့များ အိမ်အတွင်း ဝင်ရှာဖွေရာ မြေညီထပ်တွင် အန်တီတယောက် ကောင်လေးတယောက် သေဆုံးနေတာ တွေ့ခဲ့ရတယ်လို့ သတင်း ပေးပို့ ပါသည်
Zawgyi
မန္တလေး( ၃၂x၈၂) မှာ အနုကြမ်းစီး ခံရပြီး သေဆုံးသွားခဲ့ရတဲ့ အောင်ချမ်းသာရွှေဆိုင်ပိုင်ရှင် ကိုမျိုးမြင့်ကျော်၊
မေလ ၂၄၊၂၀၂၁။
ဖြစ်စဉ် ……