ကဆုန်လပြည့်နေ့မှာ ညောင် ရေသွန်းပြီး တိုင်းသူ ပြည် သားများ အားလုံးကို မေတ္တာပို့ ဆုတောင်းပေးနေတဲ့ ဘေဘီမောင်

ကဆုန်လပြည့်နေ့မှာ ညောင် ရေသွန်းပြီး တိုင်းသူ ပြည် သားများ အားလုံးကို မေတ္တာပို့ ဆုတောင်းပေးနေတဲ့ ဘေဘီမောင်

သရုပ်ဆောင် မင်းသမီး ဘေဘီမောင်ကတော့ ဗီဒီယိုဇာတ်ကားနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်ရိုက်ကူးထားကာ အောင်မြင်မှုတွေများ စွာ ကို ရရှိပိုင်ဆိုင်ထားတဲ့ သူပဲဖြစ်ပါတယ်။ပရိသတ်တွေ အခိုင်အမာနဲ့ အနုပညာလမ်း ကြောင်းပေါ် လျှောက်လှမ်းနေတဲ့ သူမက ပွင့်ပွင့် လင်း လင်း ပြောဆိုနေထိုင်တတ်သလို လက်ရှိအခြေအနေတွေမှာဆိုရင်လည်း ပြည်သူတွေနဲ့ တစ်သွေးတည်း တစ်သားတည်း ရပ်တည်နေ တာလည်း ဖြစ်ပါတယ်။

ဘေဘီမောင်က အခုလိုကာလမှာ အဆင်မပြေကြတဲ့ သူတွေကို တတ်နိုင်သလောက် လိုက်လံလှူ ဒါန်းမှုတွေ ပြုလုပ်နေတာကိုလည်း တွေ့ရ ပါတယ်။ဒီရက်ပိုင်းအတွင်းမှာပဲ အေးချမ်းတဲ့ဘုရားရိပ်ကို ခိုလှုံကာ တရားစခန်းဝင်ရောက်ရင်း ကောင်းမှုကုသိုလ်တွေ ပြုလုပ်နေတာ ပဲဖြစ် ပါ တယ်။မကြာသေးခင် အချိန်ကတော့ သူမရဲ့ လူမှုကွန်ယက် စာမျက်နှာထက်တွင် ယနေ့ ကဆုန်လပြည့်နေ့မှာ ညောင်ရေသွန်းရင်း မြန် မာပြည်သူပြည်သားတွေ အားလုံးကို မေတ္တာပို့ ဆုဆောင်းပေးနေတာ ကို ဖော်ပြပေးလာတာ ဖြစ်ပါတယ်။

“မင်္ဂလာနံနက်ခင်းပါ ယနေ့ ကဆုန်လပြည့် ဗုဒ္ဓ နေ့က စပြီး တိုင်းသူပြည်သားအားလုံး ယနေ့လပြည့်ညမှာသာတဲ့..လမင်းကြီးလို ပြည့်ဝကြ ပါစေ အေးချမ်းကြပါစေ အပြစ်ကင်းကြပါစေ.. လိုအင်ဆန္ဒမှန်သမျှ ပြည့်ဝကြပါစေ..မြန်မာတစ်ပြည်လုံး ငြိမ်းချမ်း သာယာရှိကြပါစေလို့ မေတ် တာပို့ ဆုတောင်း ပေးပါတယ်….”ဆိုပြီး အေးချမ်းလှတဲ့ ပုံရိပ်တွေနဲ့ အတူ ပရိသတ်တွေ အတွက် မျှဝေပေးလာတာ ဖြစ်ပါတယ်။ သူမကို ချစ်တဲ့ သူတွေကလည်း အမြဲကျက်သရေရှိအေးချမ်းပြီး အရမ်းချစ်ဖို့ကောင်းနေတာပဲလို့ ပြောထားကြတာလည်း တွေ့ရပါတယ်။

Zawgyi





Leave a Reply

Your email address will not be published. Required fields are marked *