မြန်မာ နိုင်ငံတွင် Twitter နှင့် Facebook နှင့် Instagram သုံးစွဲခွင့်မရစေရန် စစ်ကောင်စီ မရမက ကြိုးပမ်းနေ

မြန်မာ နိုင်ငံတွင် Twitter နှင့် Facebook နှင့် Instagram သုံးစွဲခွင့်မရစေရန် စစ်ကောင်စီ မရမက ကြိုးပမ်းနေ

မဂ်လာပါ ပရိတ်သတ်ကြီးရေ

မြန်မာနိုင်ငံတွင် Twitter နှင့် Facebook သုံးစွဲခွင့်မရစေရန် စစ်ကောင်စီ ကြိုးပမ်းနေ

Facebook နှင့် Twitter ကဲ့သို့ လူမှုကွန်ယက်များက ပြည်သူများ၏ဆန္ဒပြမှုကို အားပေးနေသည်ဟု ယူဆကာ အဆိုပါ app နှစ်ခု မပါဝင်ဘဲ အများပြည်သူကြည့်ရှုရန်အတွက်

လက်ခံနိုင်ဖွယ်ရှိသည်ဟုယူဆသော အွန်လိုင်း ဝန်ဆောင်မှုနှင့် နယ်ပယ်အမည်ပေါင်း ၁၂၀၀ ကျော်ကို

ခွင့်ပြုစာရင်း (whitelist) ဖြင့် အကြမ်းဖက်စစ်ကောင်စီက ယနေ့ထုတ်ပြန်လိုက်ကြောင်း Nikkei Asia သတင်းဌာနက ဖော်ပြထားသည်။

ပြည်တွင်းသီးသန့်အင်တာနက်ဝန်ဆောင်မှုဖြင့်သာ သုံးစွဲနိုင်မည့် ဝန်ဆောင်မှုပေါင်း ၇၅၀ ကျော်နှင့် အွန်လိုင်းနယ်ပယ်ပေါင်း ၄၅၀ တို့က ထိုစာရင်းတွင် ပါဝင်နေပြီး ဘဏ်လုပ်ငန်းများ၊

Grab နှင့် Foodpanda တို့ကဲ့သို့ အစားအသောက်ပို့ဆောင်ရေးလုပ်ငန်းများလည်း ပါရှိကြောင်းသိရသည်။

Instagram၊ YouTube၊ Netflix နှင့် Tinder စသည့် ဖျော်ဖြေရေးဆိုင်ရာ app များအပြင် The New York Times၊ CNN ၊

Barron’s သတင်းဌာနများကိုလည်း သုံးစွဲခွင့်ပြုထားကာ ယခုဖော်ပြနေသည့် Nikkei Asia သတင်းဌာနပင်လျှင် စာရင်း၌ ပါဝင်ခြင်းမရှိပေ။

လူထုချင်းဆက်သွယ်စည်းလုံးရေးအတွက် အဓိကထား သုံးစွဲနေသည့် လူမှုကွန်ရက်များဖြစ်သော Twitter နှင့် Facebook ကို ပိတ်ပင်ထားသော်လည်း WhatsApp၊

LinkedIn၊ Viber နှင့် Zoom တို့ကိုမူ လူအများ စီးပွားရေးဦးတည်ချက်ဖြင့် သုံးစွဲနေသည်ဟူသော အကြောင်းပြချက်ဖြင့် စာရင်းတွင် ထည့်သွင်းထားသည်။

ထို့အပြင် တရုတ်နိုင်ငံမှ WeChat၊ တောင်ကိုရီးယားမှ Kakao Talk၊ ဂျပန်မှ Line နှင့် ရုရှားမှ VK app တို့လည်း အဆိုပါခွင့်ပြုစာရင်းတွင်ပါဝင်သည်။

အဆိုပါ whitelist စာရင်းကို စစ်ကောင်စီလက်အောက်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှတစ်ဆင့် အင်တာနက်ပံ့ပိုးဝန်ဆောင်မှုပေးသူများ (ISPs) နှင့် လူထုဆက်သွယ်ရေးလုပ်ငန်းစုများကို ပေးပို့ခဲ့ပြီး “ပညာရေးသာမက အသေးစား၊

အလတ်စားစီးပွားရေးလုပ်ငန်းများပါ ပြန်လည်ချိတ်ဆက်မိစေရန် အင်တာနက်ဝန်ဆောင်မှုပေးနေသော

လုပ်ငန်းများအနေဖြင့် whitelist ပါ app များကို အမြန်ဆုံးသုံးစွဲနိုင်ရန် ဆောင်ရွက်ပေးရမည်” ဟူသော ညွှန်ကြားချက်ကိုပါ တစ်ပါတည်း ထုတ်ပြန်ခဲ့သည်။

ပညာရေးနှင့်သက်ဆိုင်သော အင်တာနက်ဝန်ဆောင်မှု ၁၀ မျိုးနှင့် Google ၊

Microsoft အပါအဝင် စီးပွားဆက်စပ် app ပေါင်း ၃၀၀ ကျော်ကို စစ်ကောင်စီက whitelist စာရင်းတွင် အတည်ပြုပေးထားသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးစဉ်မှစကာ အင်တာနက်ဖြတ်တောက်ရန် စစ်ကောင်စီက

နှစ်ကြိမ်တိုင်တိုင်ကြိုးပမ်းခဲ့သော်လည်း နေ့စဉ်လူမှုစီးပွားနှင့် စားသုံးသူများ၏ ဖြုန်းအားကိုသာ အကြီးအကျယ် ထိခိုက်သွားစေခဲ့သည်။

လတ်တလော စီးပွားရေး စစ်တမ်းများအရ ပြည်တွင်းရှိ ကုမ္ပဏီများအနက် သုံးပုံတစ်ပုံမှာ လုပ်ငန်းလည်ပတ်မှုနှုန်းကို ၇၅% အထိလျှော့ချလိုက်ရကြောင်း သိရသည်။

“အရာရာတိုင်းက ပိုခက်ခဲလာပြီး လူတွေက သူတို့ရဲ့ တိုးတက်မှုကို ရှာဖွေဖို့ လိုအပ်တဲ့ website စာမျက်နှာတွေကို ဝင်ကြည့်လို့ မရတော့ပါဘူး။

အင်တာနက်ကို လွတ်လပ်စွာသုံးစွဲကြည့်ရှုခွင့် မရတော့တဲ့အတွက် တခြားသောနိုင်ငံတွေနဲ့ယှဉ်ရင်

မြန်မာပြည်သူတွေအနေနဲ့ နယ်ပယ်တိုင်းမှာ နောက်ကျကျန်ခဲ့တော့မှာဖြစ်ပါတယ်” ဟု မြန်မာ့ဆက်သွယ်ရေးနယ်ပယ်မှ

ပညာရှင်တစ်ဦးက ဆိုထားသည့်အတွက် ဆုတ်ယုတ်လာသည့် နိုင်ငံ့စီးပွားရေးကို အဖတ်ဆယ်နိုင်ရန်

စစ်ကောင်စီက မည်မျှကြိုးပမ်းစေကာမူ ယခုထုတ်ပြန်သည့် whitelist စာရင်းက ကယ်တင်နိုင်မည်မဟုတ်ကြောင်း ခန့်မှန်းထားကြသည်။

လေ့လာစောင့်ကြည့်သူများကို မျက်စိကျစေသည့် နောက်တစ်ချက်မှာ အဆိုပါစာရင်း၌ပါဝင်သည့် ဂိမ်းများဖြစ်သည်။

Facebook နှင့် Twitter ကို စာရင်းမှ ပယ်ထားသော်လည်း လူငယ်ကြိုက် အွန်လိုင်းဂိမ်းများဖြစ်သည့် Candy Crush၊

Mobole Legends: Bang Bang၊ PUBG Mobile အပါအဝင် ဂိမ်းပေါင်း ၄၀ ကျော်ကို ထည့်သွင်းထားသည်။

“စစ်ကောင်စီက လူငယ်တွေကို နိုင်ငံရေးမှာ မပါဝင်စေချင်ဘူး” ဟုလည်း ရန်ကုန်မြို့နေ အသက် ၂၀ ကျော်လူငယ်တစ်ဦးက Nikkei သတင်းဌာနကို ပြောကြားလာသည်။

အခုလိုဝင်ရောက်ဖတ်ရှု့ပေးကြတဲ့ ပရိတ်သတ်တစ်ယောက်ခြင်းစီတိုင်းကျန်းမာပျော်ရွှင်သောနေ့ရက်များပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Zawgyi

ျမန္မာ ႏိုင္ငံတြင္ Twitter ႏွင့္ Facebook နှင့္ Instagram သုံးစြဲခြင့္မရေစရန္ စစ္ေကာင္စီ မရမက ႀကိဳးပမ္းေန

မဂ္လာပါ ပရိတ္သတ္ႀကီးေရ

ျမန္မာႏိုင္ငံတြင္ Twitter ႏွင့္ Facebook သုံးစြဲခြင့္မရေစရန္ စစ္ေကာင္စီ ႀကိဳးပမ္းေန

Facebook ႏွင့္ Twitter ကဲ့သို႔ လူမႈကြန္ယက္မ်ားက ျပည္သူမ်ား၏ဆႏၵျပမႈကို အားေပးေနသည္ဟု ယူဆကာ အဆိုပါ app ႏွစ္ခု မပါဝင္ဘဲ အမ်ားျပည္သူၾကည့္ရႈရန္အတြက္

လက္ခံႏိုင္ဖြယ္ရွိသည္ဟုယူဆေသာ အြန္လိုင္း ဝန္ေဆာင္မႈႏွင့္ နယ္ပယ္အမည္ေပါင္း ၁၂၀၀ ေက်ာ္ကို

ခြင့္ျပဳစာရင္း (whitelist) ျဖင့္ အၾကမ္းဖက္စစ္ေကာင္စီက ယေန႔ထုတ္ျပန္လိုက္ေၾကာင္း Nikkei Asia သတင္းဌာနက ေဖာ္ျပထားသည္။

ျပည္တြင္းသီးသန႔္အင္တာနက္ဝန္ေဆာင္မႈျဖင့္သာ သုံးစြဲႏိုင္မည့္ ဝန္ေဆာင္မႈေပါင္း ၇၅၀ ေက်ာ္ႏွင့္ အြန္လိုင္းနယ္ပယ္ေပါင္း ၄၅၀ တို႔က ထိုစာရင္းတြင္ ပါဝင္ေနၿပီး ဘဏ္လုပ္ငန္းမ်ား၊

Grab ႏွင့္ Foodpanda တို႔ကဲ့သို႔ အစားအေသာက္ပို႔ေဆာင္ေရးလုပ္ငန္းမ်ားလည္း ပါရွိေၾကာင္းသိရသည္။

Instagram၊ YouTube၊ Netflix ႏွင့္ Tinder စသည့္ ေဖ်ာ္ေျဖေရးဆိုင္ရာ app မ်ားအျပင္ The New York Times၊ CNN ၊

Barron’s သတင္းဌာနမ်ားကိုလည္း သုံးစြဲခြင့္ျပဳထားကာ ယခုေဖာ္ျပေနသည့္ Nikkei Asia သတင္းဌာနပင္လွ်င္ စာရင္း၌ ပါဝင္ျခင္းမရွိေပ။

လူထုခ်င္းဆက္သြယ္စည္းလုံးေရးအတြက္ အဓိကထား သုံးစြဲေနသည့္ လူမႈကြန္ရက္မ်ားျဖစ္ေသာ Twitter ႏွင့္ Facebook ကို ပိတ္ပင္ထားေသာ္လည္း WhatsApp၊

LinkedIn၊ Viber ႏွင့္ Zoom တို႔ကိုမူ လူအမ်ား စီးပြားေရးဦးတည္ခ်က္ျဖင့္ သုံးစြဲေနသည္ဟူေသာ အေၾကာင္းျပခ်က္ျဖင့္ စာရင္းတြင္ ထည့္သြင္းထားသည္။

ထို႔အျပင္ တ႐ုတ္ႏိုင္ငံမွ WeChat၊ ေတာင္ကိုရီးယားမွ Kakao Talk၊ ဂ်ပန္မွ Line ႏွင့္ ႐ုရွားမွ VK app တို႔လည္း အဆိုပါခြင့္ျပဳစာရင္းတြင္ပါဝင္သည္။

အဆိုပါ whitelist စာရင္းကို စစ္ေကာင္စီလက္ေအာက္ရွိ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာနမွတစ္ဆင့္ အင္တာနက္ပံ့ပိုးဝန္ေဆာင္မႈေပးသူမ်ား (ISPs) ႏွင့္ လူထုဆက္သြယ္ေရးလုပ္ငန္းစုမ်ားကို ေပးပို႔ခဲ့ၿပီး “ပညာေရးသာမက အေသးစား၊

အလတ္စားစီးပြားေရးလုပ္ငန္းမ်ားပါ ျပန္လည္ခ်ိတ္ဆက္မိေစရန္ အင္တာနက္ဝန္ေဆာင္မႈေပးေနေသာ

လုပ္ငန္းမ်ားအေနျဖင့္ whitelist ပါ app မ်ားကို အျမန္ဆုံးသုံးစြဲႏိုင္ရန္ ေဆာင္႐ြက္ေပးရမည္” ဟူေသာ ၫႊန္ၾကားခ်က္ကိုပါ တစ္ပါတည္း ထုတ္ျပန္ခဲ့သည္။

ပညာေရးႏွင့္သက္ဆိုင္ေသာ အင္တာနက္ဝန္ေဆာင္မႈ ၁၀ မ်ိဳးႏွင့္ Google ၊

Microsoft အပါအဝင္ စီးပြားဆက္စပ္ app ေပါင္း ၃၀၀ ေက်ာ္ကို စစ္ေကာင္စီက whitelist စာရင္းတြင္ အတည္ျပဳေပးထားသည္။

ေဖေဖာဝါရီ ၁ ရက္ေန႔ အာဏာသိမ္းၿပီးစဥ္မွစကာ အင္တာနက္ျဖတ္ေတာက္ရန္ စစ္ေကာင္စီက

ႏွစ္ႀကိမ္တိုင္တိုင္ႀကိဳးပမ္းခဲ့ေသာ္လည္း ေန႔စဥ္လူမႈစီးပြားႏွင့္ စားသုံးသူမ်ား၏ ျဖဳန္းအားကိုသာ အႀကီးအက်ယ္ ထိခိုက္သြားေစခဲ့သည္။

လတ္တေလာ စီးပြားေရး စစ္တမ္းမ်ားအရ ျပည္တြင္းရွိ ကုမၸဏီမ်ားအနက္ သုံးပုံတစ္ပုံမွာ လုပ္ငန္းလည္ပတ္မႈႏႈန္းကို ၇၅% အထိေလွ်ာ့ခ်လိုက္ရေၾကာင္း သိရသည္။

“အရာရာတိုင္းက ပိုခက္ခဲလာၿပီး လူေတြက သူတို႔ရဲ႕ တိုးတက္မႈကို ရွာေဖြဖို႔ လိုအပ္တဲ့ website စာမ်က္ႏွာေတြကို ဝင္ၾကည့္လို႔ မရေတာ့ပါဘူး။

အင္တာနက္ကို လြတ္လပ္စြာသုံးစြဲၾကည့္ရႈခြင့္ မရေတာ့တဲ့အတြက္ တျခားေသာႏိုင္ငံေတြနဲ႔ယွဥ္ရင္

ျမန္မာျပည္သူေတြအေနနဲ႔ နယ္ပယ္တိုင္းမွာ ေနာက္က်က်န္ခဲ့ေတာ့မွာျဖစ္ပါတယ္” ဟု ျမန္မာ့ဆက္သြယ္ေရးနယ္ပယ္မွ

ပညာရွင္တစ္ဦးက ဆိုထားသည့္အတြက္ ဆုတ္ယုတ္လာသည့္ ႏိုင္ငံ့စီးပြားေရးကို အဖတ္ဆယ္ႏိုင္ရန္

စစ္ေကာင္စီက မည္မွ်ႀကိဳးပမ္းေစကာမူ ယခုထုတ္ျပန္သည့္ whitelist စာရင္းက ကယ္တင္ႏိုင္မည္မဟုတ္ေၾကာင္း ခန႔္မွန္းထားၾကသည္။

ေလ့လာေစာင့္ၾကည့္သူမ်ားကို မ်က္စိက်ေစသည့္ ေနာက္တစ္ခ်က္မွာ အဆိုပါစာရင္း၌ပါဝင္သည့္ ဂိမ္းမ်ားျဖစ္သည္။

Facebook ႏွင့္ Twitter ကို စာရင္းမွ ပယ္ထားေသာ္လည္း လူငယ္ႀကိဳက္ အြန္လိုင္းဂိမ္းမ်ားျဖစ္သည့္ Candy Crush၊

Mobole Legends: Bang Bang၊ PUBG Mobile အပါအဝင္ ဂိမ္းေပါင္း ၄၀ ေက်ာ္ကို ထည့္သြင္းထားသည္။

“စစ္ေကာင္စီက လူငယ္ေတြကို ႏိုင္ငံေရးမွာ မပါဝင္ေစခ်င္ဘူး” ဟုလည္း ရန္ကုန္ၿမိဳ႕ေန အသက္ ၂၀ ေက်ာ္လူငယ္တစ္ဦးက Nikkei သတင္းဌာနကို ေျပာၾကားလာသည္။

အခုလိုဝင္ေရာက္ဖတ္ရႈ႕ေပးၾကတဲ့ ပရိတ္သတ္တစ္ေယာက္ျခင္းစီတိုင္းက်န္းမာေပ်ာ္႐ႊင္ေသာေန႔ရက္မ်ားပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *